• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

တက်တူးထိုးမယ်ဆိုရင် သိထားသင့်တဲ့ အချက် ၆ ချက်

by ဟယ်လ်သင်
9 August 2018
in Trend
A A
တက်တူးထိုးမယ်ဆိုရင် ကိုယ်ထိုးချင်တဲ့ ပုံအနေအထားပေါ်မူတည်ပြီး သင့်တော်မယ့် Tattoo Artist မျိုးကိုသာ ရွေးချယ်သင့်ပါတယ်

တက်တူးထိုးမယ်ဆိုရင် ကိုယ်ထိုးချင်တဲ့ ပုံအနေအထားပေါ်မူတည်ပြီး သင့်တော်မယ့် Tattoo Artist မျိုးကိုသာ ရွေးချယ်သင့်ပါတယ်

12.3k
VIEWS
Share on FacebookShare on Twitter

တက်တူးထိုးတာဟာ လူငယ်တွေကြားမှာ ရေပန်းစားပြီး တက်တူးဆိုတာမျိုးဟာ အရေပြားပေါ်မှာ သေရာပါ ထင်ကျန်မယ့် အမှတ်အသားဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တက်တူး မထိုးခင် သိထားသင့်တဲ့ အချက်တွေကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ပထမဦးဆုံး တက်တူး စထိုးမယ့်သူတွေအနေနဲ့ ကြီးကြီးမားမား အရွယ်အစားရှိတဲ့ တက်တူး ပုံအစား ခပ်သေးသေးလောက်နဲ့ပဲ စတင်သင့်ပါတယ်။ ကိုယ်ထိုးချင်တဲ့ တက်တူးပုံကို အနည်းဆုံး ၆ လ ခန့်အထိ အချိန်ယူပြီး စဉ်းစားသင့်ပါတယ်။ စဉ်းစားပြီးချိန်ထိ ကြိုက်နှစ်သက်တာ သေချာတယ် ဆိုမှ စတင်ထိုးသင့်ပါတယ်။

RelatedPosts

သာလိကာ သမ္မတ

သာလိကာ သမ္မတ

14 June 2025
271
စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

9 June 2025
5.5k
အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

အီလွန်မတ်စ်ပိုင် တက်စ်လာက ယာဉ်တိုက်မှု အချက်အလက်တွေ လူသိရှင်ကြား မထုတ်ဖို့ တောင်းဆို

8 June 2025
1.8k

(၂) ကိုယ်ထိုးချင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနေရာကိုလည်း သေချာစွာ ရွေးချယ်စဉ်းစားသင့်ပါတယ်။ သင်ဟာ တက်တူးလည်း ထိုးချင်၊ အသားနာမှာလည်း ကြောက်တတ်သူဆိုရင်တော့ ပထမဦးဆုံး ထိုးမယ့် တက်တူးကို နံရိုးတဝိုက်၊ ဒူးခေါင်းအနောက်ဘက်နဲ့ တံတောင်ဆစ်နေရာတွေကို ရှောင်ကြဉ်ပြီး ထိုးသင့်ပါတယ်။

(၃) တက်တူးထိုးတော့မယ်ဆိုရင် နောက်ထပ် အရေးကြီးတာတခုကတော့ ထိုးမယ့် Tattoo Artist ပဲဖြစ်ပါတယ်။ တက်တူးဆိုတာမျိုးဟာ သေရာပါမယ့် အမှတ်အသားတခု ဖြစ်တာကြောင့် ဈေးပေါလွန်းတဲ့ နေရာမျိုးတွေမှာ မထိုးသင့်သလို နာမည်ကြီးတယ် ဆိုသူတိုင်းနဲ့လည်း မထိုးသင့်ပါဘူး။ ကိုယ်ထိုးချင်တဲ့ ပုံအနေအထားပေါ်မူတည်ပြီး သင့်တော်မယ့် Tattoo Artist မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။

(၄) ပထမဦးဆုံး တက်တူးထိုးတဲ့အခါ အနည်းနဲ့အများ ဆိုသလိုတော့ စိတ်လှုပ်ရှားတတ်ကြ တာကြောင့် သူငယ်ချင်း ဒါမှမဟုတ် ချစ်သူရည်းစားကို ခေါ်သွားခြင်းက စိတ်လှုပ်ရှားမှုကို သက်သာရာ ရစေမှာ ဖြစ်ပါတယ်။

(၅) တက်တူးထိုးရာမှာ ရရှိတဲ့ နာကျင်မှုအတွက် သက်သာလိုသက်သာငြားဆိုပြီး အရက်၊ဘီယာစတဲ့ အယ်လ်ကိုဟောတွေ သောက်သုံးခြင်းကို ခန္ဓာကိုယ်ကို ရေဓာတ် ခမ်းခြောက်စေတာကြောင့် မပြုလုပ်သင့်ပါဘူး။ တက်တူးထိုးမယ့်နေ့မှာ သက်သောင့်သက်သာ ရှိမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်သွားသင့်ပြီး တက်တူး မထိုးခင် အစာတခုခု စားပြီး ဗိုက်ဖြည့်ထားဖို့လည်း မမေ့သင့်ပါဘူး။

Ref : www.buzzfeed.com

Your Thoughts …
Tags: တက်တူး
ဟယ်လ်သင်

ဟယ်လ်သင်

Similar Picks:

အဓိပ္ပာယ် မသိဘဲ မထိုးသင့်တဲ့ တက်တူးများ

အဓိပ္ပာယ် သေချာ မသိဘဲ မထိုးသင့်တဲ့ တက်တူးများ

by ဟယ်လ်သင်
8 April 2019
18.7k

Shamrock ပုံတက်တူးဟာ အိုင်းရစ် ရာဇဝတ်မှုဂိုဏ်းသား အဖွဲ့ဝင်တွေဟာ အဖွဲ့ဝင် သင်္ကေတအဖြစ် ထိုးလေ့ရှိကြတဲ့ တက်တူးတခုဖြစ်တာကြောင့် သတိပြု ဆင်ခြင်သင့်တဲ့ တက်တူးတခုလည်း ဖြစ်ပါတယ်။

သရုပ်ဆောင် မြတ်ကေသီအောင်  / ဝေဝေနှင်း / ဧရာဝတီ

ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေအကြောင်း ပြောပြတဲ့ မြတ်ကေသီအောင်

by ယုဖြူဟန်
23 October 2019
14.2k

“တက်တူး ကြိုက်တယ်။ ကျမ ဘဝမှာ အဖေနဲ့ အမေက နံပါတ် ၁ ပဲ။ အဖေနဲ့ အမေရဲ့မွေးနေ့ သက္ကရာဇ်ရယ်၊ ဆုံးတဲ့ ခုနှစ်တွေရယ် ထိုးထားတာပါ။ တက်တူးက ၇ ခုလောက် ရှိတယ်။

ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ ထူးထူးဆန်းဆန်း တက်တူးများ

ကမ္ဘာကျော် အနုပညာရှင်တွေရဲ့ ထူးထူးဆန်းဆန်း တက်တူးများ

by ရေဗန်
13 September 2018
11.4k

ကမ္ဘာကျော် အဆိုတော် Miley Cyrus ကတော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှာ Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးအပြီးမှာ ခြေဖဝါးမှာ "Rolling Stone" ဆိုတဲ့ စာသားကို တက်တူးထိုးခဲ့ပါတယ်။

ကလေးတွေ ဆွဲတဲ့ပုံကို တက်တူးထိုးထားတဲ့ မိဘများ

ကလေးတွေ ဆွဲတဲ့ပုံကို တက်တူးထိုးပြီး သူတို့ရဲ့ အချစ်ကို ပြသခဲ့တဲ့ မိဘများ

by ရေဗန်
17 December 2018
5k

ဒီကလေးကတော့ သူ့အဖေကို သူ့ရဲ့ လက်နဲ့ ရေးဆွဲထားတဲ့ Storm Trooper ပုံကို လက်ဆောင်ပေးတဲ့အခါ သူ့အဖေက ချက်ချင်းကို တက်တူးထိုးလိုက်ပါတယ်။

အဆိုတော် အောင်လ / သီဟတိုး / ဧရာဝတီ

“ချစ်သူနာမည် တက်တူး ထပ်ထိုးဖို့ရှိတယ်” ဆိုတဲ့ အဆိုတော် အောင်လ

by သီဟတိုး
27 September 2017
24.9k

သူကတော့ သိပ်မထိုးလောက်တော့ဘူး။ ကျနော်ကတော့ ထိုးမယ်၊ တကိုယ်လုံး ထပ်ထိုးဦးမယ်။ သူ့နာမည်လေး ထပ်ထိုးဖို့ ရှိသေးတယ်။

အဆိုတော် Justin Bieber နဲ့ စေ့စပ်လိုက်ပြီဖြစ်တဲ့ မော်ဒယ် Hailey

စေ့စပ်လိုက်ပေမယ့် ချစ်သူဟောင်းပုံ တက်တူးကို မဖျက်သေးတဲ့ Justin Bieber

by မစ်ကီ
12 July 2018
21.4k

Bieber ဟာ အဲဒီတက်တူးကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က ထိုးခဲ့တာဖြစ်ပါတယ်။

Next Post
မင်းသား Keanu Reeves

ကိုကာကိုလာ ကြော်ငြာအတွက် ခြေသလုံးမွှေးတွေ ရိတ်ပစ်ခဲ့ရတဲ့ မင်းသား Keanu Reeves

တေးရေး ဝေကြီး  / ချစ်ပိုး / ဧရာဝတီ

"လူနည်းနည်း သိလာရင် သီချင်းရေးရတာ အန္တရာယ်များပြီး တာဝန်ပိုရှိလာတယ်”

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.5k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • ကျားသေကို အသက်သွင်းနေသည့် တရုတ်အစိုးရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate