ပါကစ္စတန်နိုင်ငံဟာ မကြာသေးခင်က Transgenders (ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြောင်းလဲ ဝတ်ဆင်သူများ) ကို ကြိုဆိုတဲ့ အနေနဲ့ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားရေးကျောင်း ဖွင့်လှစ်ခဲ့ပါတယ်။
ဒီကျောင်းဟာ ပန်ဂျပ်ပြည်နယ်မှာ ရှိပြီး ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံးသော Transgender ကျောင်း ဖြစ်ပါတယ်။ တကယ်လို့ ဒီကျောင်းအပေါ် လူတွေရဲ့ တုံ့ပြန်ချက်တွေက အပြုသဘောဆောင်မယ် ဆိုရင်တော့ သိပ်မကြာခင်မှာ နောက်ထပ် ၂ကျောင်း ထပ်ဖွင့်ဦးမယ်လို့ ကျောင်းတည်ထောင်သူက ဆိုပါတယ်။
ဒီကျောင်းနဲ့ပတ်သက်တဲ့ အချက်အလက်ကို ဖော်ပြပေးချင်ပါတယ်။
– ဒီကျောင်းကို ၂၀၁၈ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာလို့လည်း သိရပါတယ်။
– ဒီကျောင်းမှာ သင်ယူနိုင်တဲ့ ပညာရပ်တွေကတော့ ကွန်ပျုတာ၊ ဖုန်းပြုပြင်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ အချက်အပြုတ်နဲ့ ဖက်ရှင်ပညာတွေ ဖြစ်ပါတယ်။
– ဒီကျောင်းကို အသက် ၁၂ နှစ်အရွယ်မှ စပြီး တက်ရောက်နိုင်မှာဖြစ်ပြီးတော့ ပညာအရည်ချင်းကို အထွေအထူးသတ်မှတ်ထားခြင်း မရှိပေမယ့် စာရေးနိုင်ဖတ်နိုင်တော့ ဖြစ်ရမယ်လို့ ဆိုပါတယ်။
– ဒီကျောင်းဟာ အစ္စလာမ်နိုင်ငံတွေမှာ ပထမဆုံးဖွင့်နိုင်ခဲ့တဲ့ ကျောင်းဖြစ်တယ်လို့ ကျောင်းတည်ဆောက်သူက အင်္ဂလိပ်လို ရေးသားထုတ်ဝေတဲ့ ပါကစ္စတန်သတင်းစာမှာ ပြောဆိုထားပါတယ်။
Ref; healthyspaces.com