ကမ္ဘာမှာ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အနုပညာရှင်များ၊ ဆေးခြောက်သုံးတဲ့ Celebrity များကို ဖမ်းဆီးတဲ့ အမှုတွေဟာ ယနေ့တိုင် ခေတ်အဆက်ဆက်ပါပဲ။
ယနေ့ခေတ်မှာတော့ နိုင်ငံတချို့မှာ ဆေးခြောက်ကို တရားဝင် သောက်ခွင့် ရှိနေပြီ ဆိုပေမယ့် သောက်သုံးဖို့ သတ်မှတ်ထားတဲ့ ပမာဏထက် ကျော်လွန်နေရင်တော့ ဒဏ်ငွေ ရိုက်ပါတယ်။ သမိုင်းတလျှောက် မူးယစ်ဆေးတွေနဲ့ မိခဲ့တဲ့ ကမ္ဘာကျော် Celebrity တချို့ကို ဖော်ပြ လိုက်ပါတယ်။
(၁) Jhon Lennon
ကမ္ဘာကျော် The Beatle’s အဖွဲ့ရဲ့ ပင်တိုင်အဆိုတော် တဦးဖြစ်တဲ့ Jhon Lennon ရဲ့ လန်ဒန်မြို့က နေအိမ်ကို ၁၉၆၃ ခုနှစ်မှာ မူးယစ်ဆန့်ကျင်ရေး စုံထောက်တဦး ခေါင်းဆောင်တဲ့အဖွဲ့ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ အိမ်ထဲ ရောက်ချိန်မှာတော့ ဆေးခြောက် ၂၀၀ ဂရမ်၊ မော်ဖင်းဂရမ်ဝက်နဲ့ အတူ ဖမ်းမိခဲ့ပါတယ်။
(၂) Notorious B.I.G
၁၉၉၀ နှစ်များမှာ ကမ္ဘာ့ Hip Hop လောကကို သိမ်းပိုက်ထားတဲ့ အဆိုတော် Notorious B.I.G ဟာ နယူးဂျာစီမှာ ရှိတဲ့ သူ့နေအိမ်ရှေ့မှာ ကားကို ကောင်းကောင်း မရပ်ထားတာကြောင့် ရဲတွေက ကားရွေ့ပေးဖို့ သွားရောက်ပြောဆိုတဲ့အချိန် ဆေးခြောက်နံ့ရလို့ အိမ်ထဲဝင်စစ်ရင်း ဆေးခြောက် ၅၀ ဂရမ်နဲ့ မိခဲ့တာ ဖြစ်ပါတယ်။ အမှုကို တရားရုံးမှာ တရားစွဲဆိုထားပေမယ့် ၁၉၉၇ ခုနှစ်မှာ သူလုပ်ကြံခံခဲ့ရလို့ အမှုပိတ် သွားခဲ့ပါတယ်။
(၃) Lindsay lohan
“Mean Girls” ဇာတ်ကားနဲ့ ပရိသတ် သဘောကျမှုကို ရရှိခဲ့တဲ့ လင်ဆေးလိုဟန်ကတော့ မကောင်းမှုတခုခု လုပ်မယ်ဆိုရင် လူမှုကွန်ရက် အပေါ်ကို မတင်သင့်တာကို တကမ္ဘာလုံးကို သက်သေပြသွားတဲ့သူပါ။ သူမဟာ ဘိန်းထိုးဖို့ လက်မှာ ဆေးထိုးအပ်ကိုင်ထားတဲ့ ပုံကို နာရီ အနည်းငယ်ခန့် လူမှုကွန်ရက်မှာ တင်ပြီးတော့ ဖမ်းဆီးခံခဲ့ရပြီး ၁၄ နာရီ အချုပ်ကျခဲ့ပါတယ်။ အချုပ်ကျပြီးနောက် ဆေးစစ်ချိန်မှာလည်း ဆေးမအောင်တဲ့အတွက် ထောင်ကျခဲ့ပါတယ်။
(၄) Wiz Khalifa
“Black and Yellow” သီချင်းနဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဟစ်ဟော့အဆိုတော် Wiz Khalifa ကိုတော့ ဖျော်ဖြေရေးသွားနေတဲ့ ကားပေါ်မှာ ဆေးခြောက်နံ့ရတာကြောင့် ရဲတွေက ဖမ်းခဲ့တာပါ။ ဆေးခြောက် ကိုင်ဆောင်ခွင့် ပမာဏထက် အနည်းငယ် ပိုတွေ့ရှိတာကြောင့် ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၃သိန်း အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။
(၅) Justin Bieber
အသက်ငယ်ငယ်နဲ့ ကမ္ဘာကျော်လာတဲ့ Justin Bieber ဟာ သူငယ်ချင်းတွေနဲ့ ဆေးခြောက် သောက်နေတဲ့ပုံ ပေါ်ထွက်လာပြီးနောက် ရဲတွေနဲ့ ပြဿနာတွေ တက်ခဲ့ပါတယ်။ သူဟာ ကြီးကောင် ဝင်လာပြီးနောက်မှာ အိမ်နီးချင်းတွေကို နှောင့်ယှက်တာတွေ ဆေးသုံးတာတွေကြောင့် တရားရုံးကို မကြာခဏ ရောက်တဲ့အထိ ပြဿနာတွေ တက်ခဲ့ပါတယ်။
Ref;complex.com