ချမ်းသာတဲ့ မိသားစုက မွေးဖွားလာသူတွေဟာ ပိုပြီး ချမ်းသာဖို့ လွယ်ကူပါတယ်။ စာရေးသူတို့လို့ သာမန် လူတန်းစား ဘဝကနေ ကြိုးစားပြီး သန်းကြွယ်သူဌေးဖြစ်သွားတဲ့ လူတွေ ရှိပေမယ့် ချမ်းသာသွားတဲ့အချိန်မှာ အရွယ်က သိပ်မရှိတော့ပါဘူး။
ဒီတခါမှာတော့ ငယ်ရွယ်လှပနေဆဲ အရွယ်မှာ သန်းကြွယ်သူဌေး ဖြစ်နေကြတဲ့ အမျိုးသမီးတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Tamara Ecclestone Rutland
Armani ရဲ့ မော်ဒယ်ဟောင်းမိခင်နဲ့ Formula-One ပြိုင်ကားအဖွဲ့ရဲ့ အဓိကပိုင်ရှင်အဖွဲ့ဝင် ဖခင်တို့ရဲ့ သမီး တဦးဖြစ်တဲ့ သူမဟာ အောင်မြင်တဲ့ မော်ဒယ်တဦး ဖြစ်ပါတယ်။ သူမနဲ့ သူမရဲ့ ညီမတို့ဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄ ဘီလီယံကို ဖခင်ဖြစ်သူထံမှ အမွေရဦးမှာလည်း ဖြစ်ပါတယ်။
(၂) Adriana Lima
အသက် ၃၆ နှစ်အရွယ် Adriana Lima ဟာ ဘရာဇီးနိုင်ငံသူ မော်ဒယ်တဦး ဖြစ်ပါတယ်။ သူမဟာ Victoria Secret မှ မော်ဒယ်တဦးဖြစ်တဲ့ သူမကို “အဖိုးမဖြတ်နိုင်တဲ့ Victoria Secret ရဲ့ နတ်သမီး”တင်စား ခေါ်ဝေါ်ကြပါတယ်။ သူမဟာ ကမ္ဘာ့ဈေးအကြီးဆုံး မော်ဒယ်တွေထဲက တယောက်ဖြစ်ပြီး သူမရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁၀ ဒဿမ ၅ မီလီယံ ရှိပါတယ်။
(၃) Chrissy Teigan
ထိုင်းနဲ့ နော်ဝေး ကပြားတဦးဖြစ်တဲ့ သူမဟာ ဆယ်ကျော်သက်အရွယ်ထဲက မော်ဒယ် အလုပ်ကို လုပ်ကိုင်ခဲ့ပြီး အဆိုတော် Jhon Legend ရဲ့ သီချင်းတပုဒ်မှာ သရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့ပါတယ်။ နှစ်အနည်းငယ် အကြာမှာ လက်ထပ်ခဲ့ပြီး သူမရဲ့ ပိုင်ဆိုင်မှုကတော့ ယခုဆိုရင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၀ မီလီယံ ရှိပါတယ်။
(၄) Lee Seo Hyun
အသက် ၄၄ နှစ်အရွယ် သူမဟာ တောင်ကိုးရီးယားမှာ အချမ်းသာဆုံးဖြစ်တဲ့ Samsung ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်သူ Lee Kun Hee ရဲ့ သမီး ဖြစ်ပါတယ်။ သူမဟာ မိဘပိုင်ကုမ္ပဏီမှာ အရေးကြီးတဲ့နေရာမှာ လုပ်ကိုင်နေပြီး Samsung ရဲ့ အဖွဲ့ဝင် ကုမ္ပဏီတခုဖြစ်တဲ့ Samsung C&T’s Group ရဲ့ ပိုင်ရှင်လည်းဖြစ်ပါတယ်။ သူမဟာ သူမနာမည်နဲ့ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၁ ဒဿမ ၉ ဘီလီယံ ရှိပြီး အမွေတွေလည်း ရဖို့ရှိပါတယ်။
(၅) Gisele Bundchen
သူမကတော့ ကမ္ဘာ့ဈေးအကြီးဆုံး မော်ဒယ်တွေထဲက တဦးဖြစ်ပြီး အသက် ၃၇ နှစ် ရှိပါပြီ။ ဘရာဇီးနိုင်ငံသူဖြစ်တဲ့ သူမရဲ့ ခန့်မှန်း ပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၃၀၀ မီလီယံ ဖြစ်ပါတယ်။
(၆) Kendall Jenner
အသက် ၂၂ နှစ် အရွယ် Kendall ဟာ သူတို့ မိသားစုရဲ့ ရုပ်သံရှိုးဖြစ်တဲ့ “Keeping Up With The Kardashian” ကနေ စပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ ယခု လက်ရှိမှာတော့ ကမ္ဘာ့ဈေးအကြီးဆုံးမော်ဒယ်တဦးအဖြစ် သတ်မှတ်ထားပြီး သူမရဲ့ ပိုင်ဆိုင်မှုကတော့ အမေရိကန်ဒေါ်လာ ၁၈ ဘီလီယံ ရှိပါတယ်။
(၇) Alexandra Andresan
သူမကတော့ နော်ဝေးဘုရင့်အမွေခံ မင်းသမီးတဦး ဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာ ရှိသေးတဲ့ သူမဟာ မိသားစုပိုင် လုပ်ငန်းတွေရဲ့ ၄၂ ရာခိုင်နှုန်း ခံစားခွင့်ရှိပြီး လက်ရှိမှာ သူမရဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ ၁ ဒဿမ ၄ ဘီလီယံ ရှိပါတယ်။
Ref;constative.com