သင့်ရဲ့ အပေါင်းအသင်းထဲမှာ လောလောလတ်လတ် အသည်းကွဲနေတဲ့သူရှိရင် ပစ်မထားဘဲ အားပေးလိုက်ပါနော်။ သူ့အတွက် သူငယ်ချင်းကောင်းအဖြစ် ရှိပေးချင်တယ်၊ အသည်းကွဲနေတာကို ကုစားပေးချင်တယ်ဆိုရင် ဒီလိုနည်းလမ်းတွေ အသုံးပြုလို့ ရပါတယ်။
(၁) အကသင်တန်းတွေ အတူတက်မယ်
စိတ်ညစ်နေတဲ့ သူငယ်ချင်းကို အားပေးဖို့အတွက် Zumba, Yoga အတူတူ လုပ်ပေးပါ။ ဒီလို သင်တန်းတွေမှာ သူ့ကိုအဖော်လုပ်ပေးပြီးပျော်ရွှင်တဲ့ ခံစားချက်ဖန်တီးပေးနိုင်ပါတယ်။
(၂) အိမ်မွေးတိရစ္ဆာန် ရောင်းတဲ့ဆိုင် သွားပါ
နှစ်ယောက်သား တိရစ္ဆာန်ချစ်တတ်တယ် ဆိုရင်တော့ ဒီလိုဆိုင်မျိုးတွေ သွားပေးခြင်းအားဖြင့် စိတ်သောကတွေ ခဏတော့ ကင်းဝေးစေမှာပါ။
(၃) ဟာသရုပ်ရှင်တွေ သွားကြည့်မယ်
ရုပ်ရှင်ရုံသွားရမှာ ပျင်းတဲ့ သူငယ်ချင်းကို ဟာသကားတွေ ပြပေးလိုက်ပါ။ သူ အဲဒီ အခိုက်အတန့့်မှာတော့ ဝမ်းနည်းမှုတွေ ပျောက်သွားမှာပါ။
(၄) ခရီးတိုလေးတွေ ထွက်မယ်
စိတ်ညစ်တာကို ဖြေဖျောက်ဖို့အတွက် အများစုက ခရီးထွက်ကြပါတယ်။ သူငယ်ချင်းတွေ အတူ ခရီးစုထွက်ပြီး ပျော်စရာအချိန်တွေ ဖန်တီးကြည့်ပါနော်။
(၅) အတူ စုအိပ်ပါ
သူငယ်ချင်းတွေ အတူစုအိပ်မယ်၊ အသည်းကွဲတာကို ရင်ဖွင့်ကြမယ်ဆိုရင်တော့ အနည်းငယ် စိတ်သက်သာရာရမှာ အမှန်ပါ။
(၆) အလှပြင်မယ်
မိန်းကလေးတွေ အသည်းကွဲတဲ့အခါ ပိုလှအောင်ပြင်ဆင်ဖို့ အကြံပေးပါ။ ရှော့ပင်းထွက်မယ်၊ အလှအတူပြင်ကြမယ်ဆိုရင် သင့်သူငယ်ချင်းကို စိတ်ဓာတ်တွေ ပြန်တက်ကြွလာစေ ပါလိမ့်မယ်။
(၇) အားပေးပါ
မထိုက်တန်တဲ့ သူကထားခဲ့လို့ ဝမ်းနည်းနေတဲ့ သူငယ်ချင်းကို အားပေးပါ။ သူငယ်ချင်းရဲ့ ကောင်းကွက်တွေ အားသာချက်တွေကို ထောက်ပြပေးပါ။
ကဲ ဒီလိုနည်းလမ်းတွေနဲ့ အသည်းကွဲနေတဲ့ သူငယ်ချင်းကို အခုပဲ အားပေးလိုက်ရအောင်။
Ref ; hellogiggles.com