Trend

စကြာဝဠာကြီးရဲ့ သင်မသိသေးတဲ့ အချက် ၆ ချက်

စာရေးသူတို့နေထိုင်တဲ့ ကမ္ဘာဂြိုလ်ပါဝင်တဲ့ နေအဖွဲ့အစည်း နဂါးငွေ့တန်းဂလက်ဆီတွေ အကြောင်းဟာ လေ့လာလို့ မကုန်နိုင်ပါဘူး။ ဒီထဲကမှ လူတိုင်းသိသင့်တဲ့ စကြာဝဠာရဲ့ အကြောင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကမ္ဘာနဲ့ လ

 

 

နှစ်တိုင်း လဟာ ကမ္ဘာနဲ့ ၃ ဒဿမ ၈ စင်တီမီတာ ဝေးသွားပါတယ်။ ဟုတ်ပါတယ်။ လဟာ ကမ္ဘာကို ပတ်နေတာပါ။ ဒါပေမယ့် လဟာ နှစ်တိုင်း၊ နှစ်တိုင်း ကမ္ဘာရဲ့ အဝေးကို ၃ ဒဿမ ၈ စင်တီမီတာစီ ရွေ့တဲ့ပုံစံနဲ့ ဖြည်းဖြည်းချင်း ပတ်နေပါတယ်။

(၂) ကြယ်အရေအတွက်

 

 

စကြဝဠာထဲမှာ ကြယ်အရေအတွက် ၁၀ ဘီလီယံ၊ ထရီလီယံ ရှိပါတယ်။ ဒါဟာ ခန့်မှန်းထားသလောက် အနည်းဆုံး ပမာဏပါ။ ဒီထက်အများကြီး ပိုနိုင်ပါသေးတယ်။ ပြီးတော့ စကြဝဠာထဲမှာ နေ့တိုင်း ကြယ်အသစ် ၂၇၅ မီလီယံ ထွက်ပေါ်ပါတယ်။

(၃) လက်ရှိနေထိုင်တဲ့ Galaxy

 

 

အခုလက်ရှိ လူသားတွေနေထိုင်နေတဲ့ Galaxy (ဂလက်ဆီ) ရဲ့ အလယ်ဗဟိုမှာရှိတဲ့ အမှုန့်တွေဟာ “ရက်စ်ဘယ်ရီသီး အနံ့ ရှိပြီး Rum အရသာရှိတယ်” လို့ သုသေသနတွေအရ သိရပါတယ်။

(၄) နေအဖွဲ့အစည်းထဲက အမြင့်ဆုံးတောင်

 

 

ကမ္ဘာပေါ်မှာတော့ ဧဝရတ်တောင်ကို အမြင့်ဆုံးလို့ သတ်မှတ်ထားပေမယ့် နေအဖွဲ့အစည်းတခုလုံးမှာ ဆိုရင်တော့ အမြင့်ဆုံးတောင်ဟာ Mars ဂြိုလ်ပေါ်မှာ ရှိပါတယ်။

(၅) ဂလက်စီ အရေအတွက်

 

 

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက် အရ ဒီစကြာဝဠာမှာ ဂလက်စီပေါင်း ၂ ထရီလီယံ ရှိတယ်လို့ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ထားပါတယ်။

(၆) တွင်းနက်များ

 

 

Galaxy အများစုမှာ “Black hole” လို့ခေါ်တဲ့ တွင်းနက်တွေဟာ အလယ်ဗဟိုမှာ ရှိတတ်ပြီး အဲဒီနေရာဟာ မပြောင်းသွားတတ်ဘူး သိရပါတယ်။

Ref; interestingengineering.com

Loading