Trend

အလုပ်သမားတွေ ဝင်ငွေလစာအမြင့်မားဆုံးရရှိကြတဲ့ နိုင်ငံ (၅) နိုင်ငံ

အလုပ်လုပ်နေသူတိုင်း လိုချင်တောင့်တကြတဲ့ ဝင်ငွေလစာကောင်းကောင်းရဖို့ကို ဆန္ဒရှိကြပါတယ်။ အခုဖော်ပြထားတဲ့ နိုင်ငံတွေကတော့ အလုပ်သမားတွေ လုပ်ခလစာအကောင်းဆုံးရရှိကြတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။

(၁) ဆွစ်ဇာလန်

ကမ္ဘာပေါ်မှာ အလုပ်သမားတွေ လုပ်ခလစာ အကောင်းဆုံးရရှိတဲ့ နိုင်ငံကတော့ ဆွစ်ဇာလန်နိုင်ငံပဲ ဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံဟာ စီးပွားရေးကောင်းမွန်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း ပေါများတဲ့အပြင် နိုင်ငံသားတွေ ကိုလည်း လုံခြုံစိတ်ချမှုအပြည့်ပေးနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံမှာ အလုပ်သမားတယောက်ရဲ့ ပျမ်းမျှလစာ ဟာ အမေရိကန်ဒေါ်လာ ၇၄၀၀ ခန့်ရှိပါတယ်။

(၂) လူဇင်ဘတ်

ကမ္ဘာပေါ်မှာ စီးပွားရေးအကောင်းမွန်ဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ လူဇင်ဘတ်နိုင်ငံဟာ ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ လူဇင်ဘတ်မှာ အလုပ်သမားတယောက်ရဲ့ ပျမ်းမျှလစာဟာ အမေရိကန်ဒေါ်လာ ၅၅၈၃ ခန့်ပဲ ဖြစ်ပါတယ်။

(၃) နော်ဝေ

သဘာဝသယံဇာတတမျိုးဖြစ်တဲ့ Petroleum ပေါကြွယ်ဝတဲ့ နော်ဝေနိုင်ငံဟာ ဥရောပတခွင်မှာတော့ နေချင်စရာ ကောင်းလှတဲ့ ငြိမ်းချမ်းလှပတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ နော်ဝေနိုင်ငံမှာ အလုပ်သမားတယောက်ရဲ့ ပျမ်းမျှလစာကတော့ အမေရိကန်ဒေါ်လာ ၅၄၁၈ ဝန်းကျင်ပဲ ဖြစ်ပါတယ်။

(၄) ဒိန်းမတ်

ဒိန်းမတ်နိုင်ငံဟာ ဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ငံဖြစ်တာကြောင့် ကုမ္ပဏီတိုင်းလိုလိုဟာ လုပ်ခလစာကောင်းကြပါတယ်။ ဒိန်းမတ်နိုင်ငံမှာ အလုပ်သမားတယောက်ရဲ့ လုပ်ခလစာဟာ အမေရိကန်ဒေါ်လာ ၅၃၁၀ ခန့်ပဲ ဖြစ်ပါတယ်။

(၅) အမေရိကန်

ဖွံ့ဖြိုးပြီးနိုင်ငံတနိုင်ငံဖြစ်တဲ့အပြင် ပါဝါအရှိဆုံးနိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံဟာဆိုရင်လည်း အလုပ်သမားတွေ လစာကောင်းကြတဲ့ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့အလုပ်သမားတယောက် လုပ်ခလစာဟာ အမေရိကန်ဒေါ်လာ ၄၈၉၃ ဒေါ်လာခန့်ဖြစ်ပါတယ်။

Ref.www.careeraddict.com

Loading