တကမ္ဘာလုံး အတိုင်းအတာနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ စစ်တမ်း ကောက်ယူချက်တွေ အရ လူတယောက်ဟာ ပျမ်းမျှအားဖြင့် တပတ်မှာ အယ်လ်ကိုဟော ၆ လီတာခန့်ကို သောက်သုံးတယ်လို့ သိရပြီး အခုဖော်ပြထားတဲ့ နိုင်ငံတွေကတော့ တမ္ဘာလုံးမှာ အရက်သောက်သုံးမှု အများဆုံးနိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) ရုရှား
ရုရှားနိုင်ငံသားတွေရဲ့ အရက်သာက်သုံးမှုနှုန်းဟာ ကမ္ဘာတဝှမ်းမှာဆိုရင် အမြင့်ဆုံး စာရင်းဝင် ဖြစ်ပြီး အရွယ်ရောက်ပြီးသူ အများစုဟာ ဗော်ကာ (Vodka) ကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးကြပါတယ်။ အရက်သောက်သုံးမှုကြောင့် သေဆုံးမှုနှုန်းကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၃၀ ဒဿမ ၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
(၂) ရိုမေးနီးယား
ရိုမေးနီးယားနိုင်ငံမှာတော့ အသက် ၁၅ နှစ်ကနေ ၁၉ နှစ်ကြား ဆယ်ကျော်သက် အရွယ်တွေဟာ အယ်လ်ကိုဟော သောက်သုံးမှု အများဆုံး ဖြစ်တာကြောင့် အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်တယ်လို့ စစ်တမ်းကောက်ယူသူတွေက သုံးသပ်ပြောဆိုထားကြပြီး ရိုမေးနီးယားနိုင်ငံဟာလည်း အရက်သောက်သုံးမှု အများဆုံးနိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။
(၃) ယူကရိန်း
ယူကရိန်းနိုင်ငံဟာ အရက်သောက်သုံးမှုကြောင့် သေဆုံးမှုနှုန်း ၃၄ ရာခိုင်နှုန်းအထိ ရှိတာကြောင့် အရက်သောက်သုံးမှုနှုန်း မြင့်မားသလို သေဆုံးမှုနှုန်းလည်း မြင့်မားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။
(၄) ဟန်ဂေရီ
၂၀၁၀ ခုနှစ်မှာ ကောက်ယူတဲ့ စစ်တမ်းကောက်ယူချက်တွေအရ ဟန်ဂေရီနိုင်ငံသားတွေဟာ အရက်အလွန်အကျွံ သောက်သုံးနိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒီနိုင်ငံသားတွေဟာ အရက်အလွန်အကျွံ သောက်သုံးနိုင်ကြသူတွေ ဖြစ်ပေမယ့် အရက်ကြောင့် သေဆုံးမှုနှုန်းကတော့ ၆ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
(၅) ဆလိုဗက်ကီးယား
ဆလိုဗက်ကီးယားနိုင်ငံရဲ့ အရက်ကြောင့်သေဆုံးမှုနှုန်းဟာ ၇ ရာခိုင်နှုန်းခန့်ရှိပြီး ဆလိုဗက်ကီးယားနိုင်ငံသား အများစုဟာ အရက်ကို ပွဲလမ်းသဘင်တွေမှာသာ အလွန်အကျွံ သောက်သုံးလေ့ ရှိကြပါတယ်။
Ref. www.marketwatch.com