Trend

မြောက်ကိုရီးယားမှာ ထူးထူးဆန်းဆန်း တားမြစ် ပိတ်ပင်ထားတဲ့အရာ (၇) ခု

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယားနိုင်ငံဟာ အာဏာရှင်နိုင်ငံ တနိုင်ငံ ဖြစ်တာနဲ့အညီ အစိုးရကနေ တရားဝင် တားမြစ်ပိတ်ပင်ထားတဲ့အရာတွေ များပြားလှပါတယ်။ ဒီထဲကမှ လူသိပ်မသိကြသေးတဲ့ ထူးထူးဆန်းဆန်း တားမြစ်ပိတ်ပင်ထားတဲ့ အရာတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

(၁) မြောက်ကိုရီးယားနိုင်ငံသားတွေကို Blue jean လို့ခေါ်တဲ့ မိုးပြာရောင် ဂျင်းဘောင်းဘီ ဝတ်ဆင်မှုကို မြောက်ကိုရီးယားအစိုးရက တားမြစ်ထားပါတယ်။ ဂျင်းဘောင်းဘီ မိုးပြာရောင် ဝတ်ဆင်ခြင်းဟာ နယ်ချဲ့ဝါဒီတွေသာ ဝတ်ဆင်တယ်လို့ ယူဆကြတာကြောင့် မြောက်ကိုရီးယားမှာ ဂျင်းဘောင်းဘီဆိုရင် အမည်းရောင်သာ ဝတ်ဆင်ခွင့်ရှိပါတယ်။

(၂) မြောက်ကိုရီးယားနိုင်ငံရဲ့ လူဦးရေ ၁၅ သန်းမှာ ဖုန်းအသုံးပြုနိုင်တဲ့ လူဦးရေဟာ ၁ သန်းလောက်ပဲ ရှိပါတယ်။ နိုင်ငံခြားဖုန်းခေါ်ဆိုမှုတွေနဲ့ အင်တာနက် အသုံးပြုခွင့်တွေကိုလည်း တရားဝင် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

(၃) မြောက်ကိုရီးယားမှာ ချမ်းသာတဲ့လူတိုင်း ကိုယ်ပိုင်ကား မစီးနိုင်ကြပါဘူး။ ချမ်းသာပြီး အာဏာရှိတဲ့ လူတန်းစားတွေသာ ကိုယ်ပိုင်ကား စီးခွင့်ရကြပြီး ကားတစီးရဲ့တန်ဖိုးဟာ ပျမ်းမျှအားဖြင့် အမေရိကန်ဒေါ်လာ ၄၀၀၀၀ ကျော်ခန့် ရှိပါတယ်။

(၄) မြောက်ကိုရီးယားဟာ ဘာသာမဲ့ နိုင်ငံတနိုင်ငံ ဖြစ်တာကြောင့် ဘာသာရေး အခမ်းအနားတွေနဲ့ ပွဲလမ်းသဘင်ဆိုလို့ တခုမှမရှိပါဘူး။ ခရစ်စမတ် အခါသမယမှာတောင် ခရစ်စမတ်သစ်ပင် အလှဆင်တာမျိုးကို အစိုးရက တားမြစ်ပိတ်ပင်ထားပါတယ်။

(၅) မြောက်ကိုရီးယားနိုင်ငံသူ၊ နိုင်ငံသားတွေဟာ ဆံပင်ညှပ်မယ်ဆိုရင်တောင် အစိုးရက တရားဝင် သတ်မှတ်ပေးထားတဲ့ အမျိုးသားတွေအတွက်ဆံပင်ပုံစံ (၂၁) မျိုးနဲ့ အမျိုးသမီးတွေ အတွက် ဆံပင်ပုံစံ (၁၈) မျိုးကိုသာ ညှပ်ခွင့် ရှိပါတယ်။

(၆) မြောက်ကိုရီးယားမှာ ကိုကာကိုလာအချိုရည်နဲ့ McDonald’s တို့လို နာမည်ကြီး အစားအစာတွေကို ပိတ်ပင်တားဖြစ်ထားပြီး အဆာပြေ အစားအစာတွေအနေနဲ့ ရိုးရာ အစားအစာတွေကိုသာ စားခွင့် ရှိပါတယ်။

(၇) မြောက်ကိုရီးယားမှာ ကွန်ဒုံးအသုံးပြုခြင်း အပါအဝင် သန္ဓေတားနည်းအားလုံးကို တရားဝင် ပြင်းပြင်းထန်ထန်ကိုပဲ ပိတ်ပင်ထားပါတယ်။ ကွန်ဒုံးနဲ့ သန္ဓေတားဆေးတွေကို မှောင်ခို ဈေးကွက်လိုနေရာမျိုးမှာ ရောင်းချတာမျိုးတွေတော့ ရှိပေမယ့် ပစ္စည်း ပြတ်လပ်နေတာမျိုးတွေသာ များပါတယ်။

Ref : brightside.me

Did you find apk for android? You can find new Free Android Games and apps.
Loading