တနင်္လာနေ့တွေဟာ ရုံးလုပ်ငန်းတွေကို စလုပ်ရမယ့် တပတ်တာရဲ့ပထမဦးဆုံးနေ့ဖြစ်သလို ပိတ်ရက်မှာအပြည့်အဝ အနားယူပြီး လုပ်ငန်းခွင်ဆီ ပြန်လည်ခြေဦးလှည့်ရမယ့်နေ့ ဖြစ်တာကြောင့် အများအားဖြင့် တနင်္လာနေ့ကို ဘယ်ဝန်ထမ်းမှ မနှစ်သက်ကြဘူး။
ဒီလိုမျိုး ငြီးငွေ့စရာကောင်းတဲ့ တနလာၤနေ့တွေမှာ လုပ်ငန်းခွင်မှာ တက်တက်ကြွကြွဖြစ်စေဖို့ ပြုလုပ်သင့်တဲ့ နည်းလမ်း ကောင်းလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) တနင်္လာနေ့မရောက်ခင် တနင်္ဂနွေလိုညကတည်းကနေ မနက်ဖြန်အတွက် ကြိုတင်အစီအစဉ်တွေ ချထားခြင်းဟာ နောက်တရက်အတွက် အတော့်ကို အထောက်အကူဖြစ်စေမှာပါ။ ကြိုတင်အစီအစဉ်တွေ ဆွဲထားခြင်းအားဖြင့် စိတ်လေးလံထိုင်းမှိုင်းပြီး အလုပ်လုပ်ရမှာ စိတ်မပါဖြစ်နေတာတွေအတွက် စိတ်ကိုလျှော့ချပြီး သက်သောင့်သက်သာနဲ့ အလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။
(၂) တနင်္လာန့ရဲ့ မနက်ခင်းတွေမှာ ကိုယ်အရမ်းကြိုက်နှစ်သက်တဲ့ မနက်စာတခုခုကို စားသုံးပြီးမှ လုပ်ငန်းခွင်ဝင်ခြင်းဟာ မကြည်မလင်ဖြစ်နေတဲ့ စိတ်ကိုလျော့ပါးသက်သာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ မနက်စာဟာ တနေ့တာမှာ အရေးကြီးဆုံးဖြစ်တာကြောင့်လည်း တနလာၤနေ့လို ပျင်းရိစရာ နေ့ရက်မျိုးမှာ ခန္ဓာကိုယ်အတွက် အထောက်အကူဖြစ်စေဖို့ မစားမဖြစ် စားသင့်ပါတယ်။
(၃) ကော်ဖီသောက်သုံးခြင်းဟာ သုတေသနလေ့လာချက်တွေအရရော ဆေးပညာရှုထောင့်အရရောပါ ခန္ဓာကိုယ်ကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ အကျိုးရှိစေပါတယ်။ မလန်းမဆန်းဖြစ်နေတဲ့ တနလာၤနေ့လို နေ့ရက်မျိုးမှာတော့ သင့်မနက်ခင်းကို ကော်ဖီတခွက်နဲ့ အစပြုသင့်ပါတယ်။
(၄) တနင်္ဂနွေညတွေမှာ အိပ်ချိန်ကို ၉ နာရီခန့်အထိသတ်မှတ်ထားပြီး အိပ်ရာစောစောဝင်ကာ အိပ်ရေးဝဝအိပ်စက် လိုက်ခြင်းဟာ စိတ်ကြည်ကြည်လင်လင်နဲ့ နိုးထစေနိုင်တာကြောင့် တနင်္ဂနွေညတွေမှာ Night Out ထွက်တာမျိုးနဲ့ အပေါင်းအသင်းတွေနဲ့ ညဉ့်နက်တဲ့အချိန်ဖြုန်းတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။
(၅) တနင်္လာနေ့လိုနေ့ရက်မျိုးမှာ စိတ်ဖိစီးပြီး မကြည်မလင်ဖြစ်နေတာဟာ လုပ်ငန်းခွင်မှာရော သင်ကိုယ်တိုင်အတွက်ပါ အကျိုးမရှိဖြစ်စေတာကြောင့် သုန်သုန်မှုန်မှုန်ဖြစ်နေမယ့်အစား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရယ်ရယ်မောမောနေခြင်းဟာ စိတ်ကြည်လင်ပြီး သက်သောင့်သက်သာဖြစ်စေမှာပဲ ဖြစ်ပါတယ်။
Ref. www.careeraddict.com