Trend

Joker နဲ့ Harley Quinn ဆိုတာ ဘယ်သူတွေလဲ

DC ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ Suicide Squad ဇာတ်ကားကို ၂၀၁၆ ခုနှစ်မှာ ရုံတင်ပြီးနောက် မြန်မာလူငယ် ချစ်သူစုံတွဲအများစုဟာ ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဗီလိန်တွေဖြစ်တဲ့ Joker နဲ့ Harley Quinn အဖြစ် နှိုင်းယှဉ်ပြောဆိုကြတာ ရေပန်းစားနေပါတယ်။ ဒါကြောင့် ဒီတခါမှာ Joker နဲ့ Harley Quinn ဆိုတာ ဘယ်လိုလူတွေ ဖြစ်တယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

Joker ကို စတင်မိတ်ဆက်ပေးချင်ပါတယ်။ Joker ဆိုတာ Suicide Squad ဇာတ်ကားထဲကလို ချစ်သူကို အရမ်းချစ်ပြီး အလိုလိုက်နေတဲ့ ကောင်လေးမဟုတ်ဆိုတာ အရင်ဆုံးသိထားဖို့လိုပါတယ်။ DC comic ရဲ့ စိတ်ကူးယဉ် ဇာတ်ကောင် တဦးဖြစ်တဲ့ Jokerဟာ ၁၉၄၀ခုနှစ် ဧပြီလ ၂၅ရက်နေ့မှာ ထုတ်ဝေတဲ့ Batman စာအုပ်မှာ ပထမဆုံးပါဝင်လာခဲ့ပါတယ်။

ဒီ ၁၉၄၀ ခုနှစ်မှာ ထုတ်ဝေတဲ့စာအုပ်အရ Joker မှာ Super Man လိုမျိုး အထူးစွမ်းအားတွေ မရှိပါဘူး။ သူဟာ ဓာတုဗေဒအင်ဂျင်နီယာတဦးဖြစ်သလို ဖောက်ခွဲရေးပစ္စည်းတွေ အမြဲ တီထွင်နေတတ်ပြီး လူတွေကို အဆိပ်တိုက် သတ်တာတို့ သေကြောင်းကြံတာတို့ကိုပဲ အမြဲလုပ်ဖို့ ကြံစည်နေတဲ့ စိတ်ဝေဒနာရှင်တဦးဖြစ်ပါတယ်။

သူဟာ သေစေနိုင်တဲ့ လက်နက်ထုတ်လုပ်ခြင်း၊ ဖဲကဒ်မှာ ဘလိတ်ဓား ထည့်ပစ်ခြင်း၊ ပန်းပင်များကို အဆိပ်ထိုးခြင်း စတာတွေကို လုပ်ရတာလည်း ဝါသနာပါပါသေးတယ်။ ဒါ့အပြင်သူဟာ Gothem City က အခြား ဗီလိန်တွေဖြစ်တဲ့ ပင်ဂွင်း၊Two Faces စတဲ့သူတွေနဲ့ ပေါင်းပြီး Batmanတို့ရဲ့ Justice League နဲ့ အပြိုင် Injustice Leagueဆိုပြီး ဖွဲ့စည်းထားပါသေးတယ်။

၁၉၉၀ ခုနှစ်များက စတင်ပြီး Romantic ဆန်တဲ့ ဇာတ်ကောင်အတွဲဖြစ်ဖို့ Gothem City ရဲ့ Arkham Asylum က စိတ်ရောဂါကုဆရာဝန်တဦးဖြစ်တဲ့ Harley Quinn ကို စတင် မိတ်ဆက်ခဲ့ပါတယ်။ သူမရဲ့ နာမည်အရင်းက Harleen Frances Quinzel ဖြစ်ပြီး သူမကို Joker ရဲ့ ဆရာဝန်တယောက် အဖြစ် စတင်မိတ်ဆက်ခဲ့ပါတယ်။

သူမဟာ Joker နဲ့ တွဲပြီးတဲ့နောက် Joker နဲ့ မကောင်းမှုတွေလုပ်ရာမှာ ကြံရာပါ၊ ရည်းစားအဖြစ် ခေတ္တအဖြည့်ခံ၊ Joker အတွက် လိုသုံးတယောက်လိုဖြစ်ခဲ့ပါတယ်။ Harley Quinn က Joker ကို Mr.J,Puddin စတဲ့ ချစ်စနိုး နာမည်လေးတွေနဲ့ ခေါ်တတ်ပါတယ်။

Harley ဟာ ကလေးအရွယ်ထဲက ဖခင်ရဲ့ နှိပ်စက်မှုတွေ မိသားစု အဆင်မပြေတဲ့ ဒဏ်တွေကြောင့် Joker ကို သံယောဇဉ်တွယ်ခဲ့ပြီး စိတ်ရောဂါကုဆေးရုံကနေ ထွက်ပြေးနိုင်ဖို့ ကူညီခဲ့ပါတယ်။ Joker ဟာ အရူးထောင်ကနေ ထွက်ပြေးဖို့အတွက် Harley ရဲ့ ငယ်ငယ်က စိတ်ဒဏ်ရာတွေကို ပိုဆိုးအောင် လုပ်ခဲ့ပြီး သူ့ရဲ့ ဆိုးဖော်ဆိုးဖက် လက်ထောက်တဦးလို ဆက်ဆံခဲ့ပါတယ်။

အရင်ထဲက စိတ်ရောဂါတွေရှိတဲ့ Harley ဟာ နောက်ဆုံးမှာ စိတ်လွတ်သွားတဲ့အထိ ရူးသွပ်သွားပြီး လူရွှင်တော်ဝတ်စုံဝတ် အမျိုးသမီး ဗီလိန်တဦးဖြစ်လာခဲ့ပြီး Gothem City က တခြား အမျိုးသမီး ဗီလိန်တွေ ဖြစ်တဲ့ Poison Ivy နဲ့ အဖွဲ့ကျခဲ့ပါတယ်။

Joker ကတော့ သူ့ကို အမြဲနှိပ်စက်လေ့ရှိပြီး တခါမှာ ဒုံးပျံထဲထည့်သောခတ်ပြီးတောင်မှ လွှတ်တင်လိုက်ဖူးပါတယ်။ တခါမှာတော့ Harley ဟာ သူမရဲ့ရည်းစားဟောင်းနဲ့ စကားပြောနေတာကို Joker တွေ့ပြီး ပန်းစည်းထဲ ဗုံးတွေ ထည့်ပေးပြီး Harley ကို သေကြောင်းကြံခဲ့ပါသေးတယ်။

သူတို့ ၂ယောက်ရဲ့ Relationship က နည်းနည်းတော့ ပြောရခက်ပါတယ်။ Joker ဟာ Harley ကို အကြိမ်ကြိမ် သတ်ဖို့ကြိုးစားတာတွေ၊လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တာတွေ ရှိပေမယ့် Joker ကတော့ ဒါကို အချစ်လို့ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

တခါမှာလည်း Joker ဟာ တရုတ်ပြည်သားတွေသတ်ပြီး သူ့ကိုယ်သူဘုရင်လို့ သတ်မှတ်ကာ Batman ကို သတ်ဖို့ အကြိမ်ကြိမ်ကြိုးပမ်းခဲ့ပါတယ်။ Harley ဟာ ဒီဖြစ်ရပ်ကို ကူညီခဲ့ပြီးတဲ့နောက်မှာ သူဟာ Harley ကို ရိုက်ပုတ်ကန် ကျောက်ပြီး Harley ရဲ့ ခန္ဓာကိုယ်ကို ထိုင်ခုံအဖြစ် လုပ်ခဲ့ပါတယ်။ ဒါကိုတော့ Joker က Harley ဟာ သူ့ကို ကူညီတာကြောင့် ဂုဏ်ပြုပေးတာလို့ အဆိုပါ Comic Book မှာ ထည့်သွင်း ပြောကြားခဲ့ပါသေးတယ်။

Ref; screenrant.com , DCcomics.com

Loading