Trend

အိမ်သာတွေမှာ ရှောင်ကြဉ်ရမယ့် စည်းကမ်းများ

Want create site? Find Free WordPress Themes and plugins.

တခါတလေ အများသုံးအိမ်သာတွေမှာ သူများကျန်ခဲ့တဲ့ အညစ်အကြေးတွေ မြင်ရတာ စိတ်ပျက်စရာ ကောင်းတဲ့ ကိစ္စပါ။ ဒါကြောင့် ဒီတခါမှာ အများပိုင်အိမ်သာတွေမှာရော ကိုယ်အိမ်က အိမ်သာမှာရော ရှောင်ကြဉ်ရမယ့် စည်းကမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အခုပြောပြမယ့် ပစ္စည်းတွေကို အိမ်သာထဲထည့်ပြီး ရေဆွဲချတာမျိုး လုံးဝ မလုပ်သင့်ပါဘူး။

(၁) ကလေးသေးခံ

အပြင်တွေသွားရင်း ကလေးက အပေါ့သွားလိုက်လို့ပဲဖြစ်ဖြစ်၊ မစင်ပါထားလိုက်လို့ပဲ ဖြစ်ဖြစ် ကလေးသေးခံကို မဖြစ်မနေ လွှင့်ပစ်ရတော့မယ်ဆိုရင် အများသုံးအိမ်သာ ရှာပြီး လွှင့်ပစ်တာမျိုးကို ရှောင်ပါ။ အိမ်ကနေထွက်မယ်ဆိုတဲ့ အချိန်ကတည်းက အမှိုက်အိတ်အပိုတွေ ဆောင်လာခဲ့ သင့်ပါတယ်။ ဘယ်သူကမှ သင့်ကလေးရဲ့ ရွံစရာတွေကို မြင်ချင်မှာ မဟုတ်ပါဘူး။

(၂) ကြောင်မစင်ခံ အမှုန့်

ကြောင်မစင်ကလည်း အညစ်အကြေးတွေပါပဲ။ အိမ်သာထဲမျောချလို့ မရဘူးလားလို့ မေးစရာ ရှိပါတယ်။ မရပါဘူး။ ကြောင်မစင်ခံအမှုန့်တွေ ရောနှောပါဝင်နေတဲ့ ကြောင်မစင်တွေကို အိမ်သာကတဆင့် ရေဆွဲတာ အကြိမ်ရေများလာခဲ့ရင် ပိုက်တွေ ပျက်နိုင်ပါတယ်။ ပြီးတော့ ကြောင်မစင်ခံ အမှုန့်ထဲမှာ ပါဝင်တဲ့ ဘတ်တီးရီးယားတွေဟာ ပင်လယ်ထဲ၊ မြစ်ထဲကို မစင်ပိုက်နဲ့ အတူ မျောသွားပြီး ရေနေသတ္တဝါတွေကို သေစေနိုင်ပါတယ်။

(၃) ကွန်ဒုံး

ရေထဲမျောချလိုက် လွယ်လွယ်လေးပဲ ပါသွားတယ်လို့ မထင်ပါနဲ့။ ကွန်ဒုံးကို အိမ်သာထဲ ထည့်ပြီး ရေဆွဲချတဲ့အခါမှာ ကွန်ဒုံးဟာ လေဖူဖောင်းလို့ ဖြစ်နိုင်တာမလို့ မိလ္လာပိုက်ကို ပိတ်ဆို့နိုင်ပါတယ်။

(၄) မျက်ကပ်မှန်

မျက်ကပ်မှန်ဟာ ပလက်စတစ်နဲ့ပြုလုပ်ထားတဲ့ အရမ်းသေးငယ်တဲ့ ပစ္စည်းတခုပါ။ ဒါပေမယ့် ပလက်စတစ်တို့ရဲ့ ထုံးစံ အတိုင်း မပျက်စီးတတ်ပါဘူး။ နိုင်ငံတကာမှာ ပြုလုပ်ခဲ့တဲ့ သုသေသနတွေ အရ မျက်ကပ်မှန်ကို အိမ်သာထဲထည့်ပြီး ရေဆွဲချတာကြောင့် ပိတ်ဆို့ရတဲ့ မိလ္လာပိုက်တွေ မနည်းဘူးလို့ သိရပါတယ်။

ဒါကြောင့် မျက်ကပ်မှန်ကို လွှင့်ပစ်မယ်ဆိုရင် ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို လွှင့်ပစ်တဲ့ Recycle အမှိုက်ပုံးထဲ လွှင့်ပစ်ဖို့ အကြံပေးချင်ပါတယ်။

 

(၅) ဆေးလိပ် အစီခံ

ဆေးလိပ်အစီခံဟာ ကြည့်ရင်တော့ ရေဆွဲချဖို့ လွယ်ကူတဲ့ ပုံပေါက်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ဆေးလိပ်အစီခံမှာ ဓာတုပစ္စည်းတွေ အများကြီးပါဝင်ပြီး ဒါတွေဟာ ရေထဲမှာ ပျော်ဝင်ဖို့ ခက်ခဲပါတယ်။ ထပ်ခါထပ်ခါ စွန့်ပစ်နေမယ်ဆိုရင် အိမ်သာ ပိုက်ပိတ်ခြင်း စတဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

(၆) အိမ်မွေးတိရိစ္ဆာန်

ဟုတ်ပါတယ်။ အိမ်မွေးတိရိစ္ဆာန်တွေပါ။ ဥပမာ အလှမွေးငါး၊ အလှမွေးကြွက်၊ ကန္တာရကြွက် စတာတွေကို သေသွားတဲ့ အချိန်မှာ အိမ်သာထဲ ထည့်ပြီး ရေမဆွဲချသင့်ပါဘူး။ ဒါတွေဟာ မိလ္လာပိုက်မှာ ဆိုးဆိုးဝါးဝါး ပိတ်ဆို့မှုတွေ ဖြစ်နိုင်ပါတယ်။

နောက်သတိထားရမယ့် အရာတွေကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ပီကေ၊ ဆံပင်၊ ဆေးဝါး စတာတွေကိုလည်း အိမ်သာထဲ ထည့်မပစ်မိဖို့ ဂရုစိုက်ရပါမယ်။

Ref;mnn.com

Did you find apk for android? You can find new Free Android Games and apps.
Loading