Trend

ကမ္ဘာကြီးကို ပိုမို တိုးတက်အောင် ပြောင်းလဲခဲ့တဲ့ ပုဂ္ဂိုလ်များ

Want create site? Find Free WordPress Themes and plugins.

ဒီတခါမှာတော့ ကမ္ဘာကြီးကို ပိုမိုကောင်းမွန် တိုးတက်အောင် ပြောင်းလဲခဲ့တဲ့သူတွေအကြောင်း ပြောပြပေးချင်ပါတယ်။ ဒီလိုလူတွေ ရှိခဲ့လို့ ယနေ့ကမ္ဘာမှာ ပိုမိုလွယ်ကူတဲ့ ဘဝတွေကို စာရေးသူတို့ အားလုံး ရနေကြတယ်ဆိုရင် မမှားပါဘူး။

(၁) Bill Gates

 

 

Bill Gates ဟာ သူ့ရဲ့ပထမဆုံး Computer Program ကို အထက်တန်းကျောင်းသားဘဝမှာ စတင် ဖန်တီးခဲ့ပါတယ်။ ၁၉၇၇ ခုနှစ်မှာ Microsoft ကုမ္ပဏီကို ပူးတွဲတည်ထောင်သူဖြစ်ခဲ့ပြီး ၁၉၉၃ ခုနှစ်က စလို့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တဦး ဖြစ်လာခဲ့ပါတယ်။

သူနဲ့ သူရဲ့ ဇနီးဖြစ်သူတို့ဟာ Bill and Melinda Gates ဆိုတဲ့ ဖောင်ဒေးရှင်းကို ၂၀၀၀ ပြည့်နှစ်မှာ တည်ထောင်ခဲ့ပြီး ဒါဖောင်ဒေးရှင်းဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးအလှူဒါနပြုလုပ်တဲ့ ဖောင်ဒေးရှင်း ဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ ရှိတဲ့ ပိုလီယိုတွေကို ကုသပေးဖို့ ရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

(၂) Martin Luther King Jr.

 

 

Martin Luther King Jr.ဟာ နှစ်ခြင်းခရစ်ယာန် ဘုန်းတော်ကြီးဖြစ်ပြီး သူဟာ အမေရိကန် တောင်ပိုင်းမှာရှိတဲ့ လူမည်းနှိပ်ကွပ်မှု ဆန့်ကျင်ရေးကို စတင်ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ Ganhdi ကို လေးစားအားကြသူဖြစ်ပြီး ငြိမ်းချမ်းရေး လိုလားသူ တဦးလည်း ဖြစ်ပါတယ်။

သူဟာ ၁၉၆၄ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိခဲ့ပြီး သူရဲ့ လုပ်ဆောင်ချက်တွေကြောင့် အခုချိန်မှာဆိုရင် အမေရိကန်နိုင်ငံမှာ လူမည်းတွေဟာ မဲပေးနိုင်လာတဲ့အပြင် လူမည်း သမ္မတတွေတောင် ရှိလာပါပြီ။

(၃) Albert Einstein

 

 

Albert Einstein ကတော့ ကမ္ဘာ့အထူးချွန်ဆုံး သိပ္ပံပညာရှင်တဦးဖြစ်ပါတယ်။ သူနာမည်ဟာ ပါရမီရှင်တွေအတွက် သင်္ကေတတခုသဖွယ် သတ်မှတ်ထားတဲ့အရာ ဖြစ်နေပါပြီ။

အိုင်စတိုင်းဟာ သူ့ရဲ့ ရီလေတစ်ဗတီသီအိုရီကို ၁၉၁၉ ခုနှစ်မှာ မိတ်ဆက်ပြီးတဲ့နောက်မှာ တကမ္ဘာလုံးက သိပ္ပံပညာရှင် တွေကြားမှာ စံပြုရလောက်တဲ့ ပညာရှင်တဦး ဖြစ်လာခဲ့ပါတယ်။ ဒီသီအိုရီအတွက် ရူပဗေဒ နိုဘယ်ဆုကို ၁၉၂၁ ခုနှစ်မှာ ရရှိခဲ့ပါတယ်။

သူ့ရဲ့ သီအိုရီတွေကြောင့် အမေရိကန်နိုင်ငံရဲ့ နျူကလိယားဗုံး တည်ဆောက်မှုအတွက် အကူအညီ ဖြစ်ခဲ့ပေမယ့် သူဟာ နောက်ပိုင်းမှာ နျူကလိယားဆန့်ကျင်ရေးမှာ ပါဝင်ခဲ့ပါတယ်။

(၄) Mahatma Gandhi

 

 

Mahatma Gandi ဟာ ရှေ့နေတဦး ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် အနုနည်းနဲ့ တိုက်ပွဲဝင်သူ တဦးအဖြစ် နာမည်ကျော်ကြားပါတယ်။

သူရဲ့ရိုးရှင်းတဲ့ ဘဝနေထိုင်ပုံ၊ အလိုလောဘနည်းပုံတွေကြောင့် လူအများရဲ့ လေးစားအတုယူမှုကို ခံရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ သူဟာ အိန္ဒိယနိုင်ငံကို အင်္ဂလိပ် ကိုလိုနီလက်အောက်က လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပြီး အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ နောက်မှာ သူဟာ အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ပြယုဂ် ဖြစ်ခဲ့ပါတယ်။

(၅) Christopher Columbus

 

 

Christopher Columbus ဟာ ကမ္ဘာပေါ်မှာရှိတဲ့ စူးစမ်းရှာဖွေ ဖော်ထုတ်သူတွေထဲက တဦး ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့အရှေ့ခြမ်း၊ အခု အာရှတိုက်လို့ အများကခေါ်ကြတဲ့ နေရာကို ရှာဖွေမယ် ဆိုပြီး Atlantic သမုဒ္ဒရာကို ဖြတ်သန်းမယ့် ရွက်လွှင့်မှုကို စတင်ခဲ့ပါတယ်။

၁၄၉၂ ခုနှစ်ကစတင်ခဲ့တဲ့ အာရှတိုက်ရှာဖွေရေးမှာ အာရှတိုက်ကို ရောက်မလာခဲ့ဘဲ သူဟာ အင်ဒီယန်းတွေ နေထိုင်တဲ့ ယခု အမေရိကားလို့ ခေါ်ကြတဲ့ နေရာကို တွေ့ရှိခဲ့ပါတယ်။

Ref; topyap.com

Did you find apk for android? You can find new Free Android Games and apps.
Loading