Trend

သူငယ်ချင်းက သင့်အပေါ် မနာလိုဖြစ်နေမှန်း သိစေမယ့် အချက် ၆ ချက်

Want create site? Find Free WordPress Themes and plugins.

လူတွေရဲ့ ဘဝတလျှောက်မှာ စစ်မှန်တဲ့ အပေါင်းအသင်းတွေ ကြုံတွေ့ရသလို ကိုယ့်အပေါ် မနာလို ဝန်တိုတဲ့ အယောင်ဆောင် သူငယ်ချင်းမျိုးနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်က သတိ မမူမိလိုက်လို့ သူ့အပေါ် သူငယ်ချင်း အရင်းလို ဆက်ဆံနေပေမယ့် သူကတော့ ကိုယ့်ကို သူ့ထက် မသာစေချင်တာမျိုး ရှိနေမယ်ဆိုရင် ဝေးဝေးရှောင်သင့်ပါပြီ။

ဒါကြောင့် သင့်အပေါ် မကောင်းမယ့် သူငယ်ချင်းဆိုတာ ဘယ်လို လက္ခဏာရှိမှန်း သိနိုင်စေမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရမ်း ပြိုင်ဆိုင်တယ်

သူငယ်ချင်းလို့သာ ဆိုနေပေမယ့် သူက သင့်ကိုပြိုင်ဘက်တယောက် အနေနဲ့သာ သတ်မှတ်ပါမယ်။ ကျောင်းစာကိစ္စ၊ အလှအပ စသည်ဖြင့် နေရာတကာ သင့်ကို လိုက်ပြိုင်နေမှာပါ။ နေရာတကာ လိုက်ပြိုင်ပြီး သူ့ဘက်က သာချင်တာမျိုး ကြုံတွေ့နေရပြီဆိုရင် သူဟာ သင့်အပေါ် စစ်မှန်တဲ့ သူငယ်ချင်း မဟုတ်ပါဘူး။

(၂) ဟန်ဆောင် ပျော်ပေးတယ်

သင့်မှာ ပျော်စရာ ကိစ္စရှိလို့ သူ့ကို သွားပြောမယ်ဆိုရင် သူကလှိုက်လှိုက်လှဲလှဲနဲ့ သင့်အတွက် ပျော်ပေးမှာ မဟုတ်ပါဘူး။ စိတ်မပါသလိုလိုနဲ့ ဟန်ဆောင်ပြီးသာ ပျော်ရွှင်ကြောင်းပြနေပေမယ့် သူ့မျက်နှာကတော့ ပြောင်းလဲနေပါမယ်။

(၃) နေရာတိုင်းမှာ ဝေဖန်တယ်

သင်လုပ်လိုက်တဲ့ အရာတခုအပေါ် အမြဲအဆိုးမြင်စိတ်နဲ့ ပြောလေ့ရှိပြီး သူ့စိတ်နဲ့ ထပ်တူမကျတဲ့ အရာတွေဆို သင့်လုပ်လိုက်သမျှ အရာတွေအပေါ် ကန့်လန့်တိုက်နေပါလိမ့်မယ်။

(၄) သင်ပိုင်သမျှ သူပိုင်ချင်တယ်

သူငယ်ချင်းတွေ အုပ်စုထဲ သင့်ကိုဝိုင်းပြီး ချစ်နေတာမျိုး၊ သူအလေးထားတဲ့ သူငယ်ချင်းက သင့်ကို ပိုဂရုစိုက်တဲ့အခါ သူက စိတ်ကောက်တာမျိုးတွေ ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ပစ္စည်းတွေ အတူတူ မျှဝေသုံးစွဲခဲ့ပေမယ့် နောက်ပိုင်းမှာ သင်အကူအညီလိုလို့ တောင်းရင်တောင် ငြင်းပယ်ပါလိမ့်မယ်။

(၅) လူတွေရှေ့မှာ သင့်ကို နောက်မယ်

သင်မကြိုက်တဲ့အရာ (သို့မဟုတ်) အားနည်းချက်တခုကို လူတွေရှေ့ရောက်မှ သူက ဖွင့်ပြော ပါလိမ့်မယ်။ သင့်ကို စသလို နောက်သလိုနဲ့ပြောပြီး စိတ်ဆိုးရခက်ခက်ဖြစ်အောင်၊ အရှက်ကွဲအောင် လုပ်ပါမယ်။

(၆) မကောင်းတဲ့ အကြံဉာဏ် ပေးတယ်

သင်က တခုခု အကြံဉာဏ်တောင်းတဲ့အခါ လက်ရှိ အခြေအနေထက် ပိုဆိုးသွားစေမယ့် ဟာမျိုးကိုပဲ သူက ကွေ့ပတ်ပြီး ရွေးချယ်ပေးပါလိမ့်မယ်။ သင့်အတွက် အခွင့်အရေး ၂ ခုပေါ်လာတဲ့အခါမှာလည်း သိပ်မကောင်းတဲ့ဟာမျိုးကိုသာ ရွေးဖို့ သူက အကြံပြုမှာပါ။

ကဲ… ဒီလိုအချက်တွေနဲ့ တူတဲ့သူငယ်ချင်းမျိုးကိုသာ ပိုင်ဆိုင်ထားပြီဆိုရင် လက်ရှိ အခြေအနေထက် ပိုဆိုးသွားအောင် တွန်းပို့နိုင်တဲ့အတွက် ဒီလိုလူစားမျိုးတွေနဲ့ လက်တွဲဖြုတ်လိုက်သင့်ပါတယ်။

Ref ; herway.net

Did you find apk for android? You can find new Free Android Games and apps.
Loading