အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ဦးမြောက် သမ္မတတဦးဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်သူ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ လူသိနည်းတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။
(၁) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အရက်သေစာနဲ့ ဆေးလိပ်သောက်သုံးခြင်းကို ရှောင်ကြဉ်သူ တဦးဖြစ်ပြီး သူရဲ့အစ်ကိုဖြစ်သူဟာ အရက်ကြောင့် သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။
(၂) အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဆိုရင်တော့ လက်ရှိမှာ အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး အမေရိကန် ရဲ့သမိုင်းတလျှောက် သမ္မတတွေထဲမှာ အသက်အကြီးဆုံးနဲ့ အချမ်းသာဆုံး သမ္မတတဦးပဲဖြစ်ပါတယ်။
(၃) သမ္မတဒေါ်နယ်ထရန့်ရဲ့ ဇနီးဖြစ်သူ Melania ဟာ သူ့ရဲ့ Hair Stylist တဦးလည်းဖြစ်သလို ဆံပင်ညှပ်ဆရာလည်း ဖြစ်ပါတယ်။
(၄) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ လက်ဆွဲနှုတ်ဆက်ရတာကို မနှစ်သက်သူတဦးဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက် တာဟာ အမေရိကန်တွေရဲ့ ယဉ်ကျေးမှုတွေထဲမှာ မနှစ်မြို့ဆုံးအရာတခုဖြစ်တယ်လို့ ဆိုပါတယ်။
(၅) ၁၉၈၈ ခုနှစ်မှာ သမ္မတ ဒေါ်နယ်ထရန့် ဝယ်ယူခဲ့တဲ့ နယူးယောက်ရဲ့ အခမ်းနားဆုံး အဆောက်အဦတခုဟာ ဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေတော်တော်များများမှာ ပါဝင်ခဲ့ပြီး အထင်ရှားဆုံးရုပ်ရှင်တခုကတော့ Home Alone 2 ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူပိုင်ဆိုင်တဲ့ Trump Tower ဟာဆိုရင်လည်း နာမည်ကြီးရုပ်ရှင် တခုဖြစ်တဲ့ The Dark Knight Rises မှာ ပါဝင်ခဲ့ပါသေးတယ်။
(၆) သမ္မတ ဒေါ်နယ်ထရန့်ဟာ တပတ်မှာ ၈၅ နာရီခန့် အလုပ်လုပ်သူတဦးဖြစ်ပြီး သူဟာ တရက်မှာ လေးနာရီခန့်သာ အိပ်စက်ပါတယ်။
(၇) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ စာရေးသားရတာ ဝါသနာပါသူတဦးဖြစ်ပြီး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ သူတဦးလည်း ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ ပထမဆုံးစာအုပ်ကတော့ ၁၉၈၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ The Art Of The Deal ဆိုတဲ့ စာအုပ်ပဲ ဖြစ်ပါတယ်။
(၈) အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အသင့်စားအစားအစာ ( fast food) တွေကို နှစ်သက်သူတဦးဖြစ်ပြီး CNN ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ သူဟာ Burger King နဲ့ McDonald’s ကအစားအစာတွေ ကို နှစ်ခြိုက်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
(၉) သမ္မတ ဒေါ်နယ်ထရန့်ဟာ အရက်သောက်သုံးခြင်းကို မနှစ်သက်ပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ သူ့ရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ်တခုနဲ့ Vodka ထုတ်လုပ်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်မှာတော့ အကြောင်းကြောင်းကြောင့် ရပ်နားခဲ့ပါတယ်။
(၁၀) သမ္မတဒေါ်နယ်ထရန့်ရဲ့ နာမည် အပြည့်အစုံဟာ Donald John Trump ပဲ ဖြစ်ပါတယ်။
Ref. www.usnews.com
https://ssl.gstatic.com/ui/v1/icons/mail/images/cleardot.gif