မြန်မာနိုင်ငံမှာ လူသိများလှတဲ့ အင်္ဂလန်နိုင်ငံရဲ့ မင်းသား ၂ဦးအပြင် အခြား ရုပ်ရည်ချောမောလှပတဲ့ ကမ္ဘာအနှံ့အပြားက တော်ဝင်မင်းသားတွေကို ဖော်ပြပေးချင်ပါတယ်။ ဒီမင်းသားတွေဟာ ရုပ်ရည်ချောမောရုံတင်မကဘဲ ချမ်းသာကြွယ်ဝကာ အောင်မြင်မှုတွေကို ရရှိထားသူတွေလည်း ဖြစ်ပါတယ်။
(၁) Prince Carl Philip (ဆွီဒင်)
Prince Carl Philip မင်းသားကတော့ ဆွီဒင်ဘုရင် King Carl XVI Gustaf and Queen Silvia တို့ရဲ့ သားသမီး သုံးဦးအနက်မှ တဦးတည်း သောသားဖြစ်ပါတယ် ။ အသက် ၃၉ အရွယ်ရှိပြီဖြစ်တဲ့ မင်းသားဟာ Varmland မြို့ရဲ့မြို့စားတဦးလည်း ဖြစ်ပါတယ်။
ဒီမင်းသားဟာ ဆွီဒင်တက္ကသိုလ်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ စိုက်ပျိုးရေးပညာကို သင်ယူခဲ့ပြီး ဘောလုံးကန်ခြင်း၊ ရေကူးခြင်းတွေကိုလည်း အထူးနှစ်ခြိုက်တယ်လို့ သိရပါတယ်။
(၂) Prince Amedeo (ဘယ်လ်ဂျီယံ)
ဘယ်လ်ဂျီယံနိုင်ငံရဲ့ မင်းသားတဦးဖြစ်တဲ့ Prince Amedeo ဟာ အသက် ၃၂ နှစ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ ကိုလံဘီယာ တက္ကသိုလ် မှ MBA ဘွဲ့ကို ရရှိထားပြီး လက်ရှိမှာ သူ့ဖခင်ရှယ်ယာပါဝင်တဲ့ ဘဏ်တခုမှာ အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။သူဟာ ၂၀၀၄ ခုနှစ်မှာ စစ်တက္ကသိုလ်ကို တက်ရောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ စစ်မှုထမ်းဆောင်ခဲ့ပါသေးတယ်။
(၃) Sheikh Hamdan bin Mohammed Al Maktoum (ဒူဘိုင်း)
သူကတော့ ဒူဘိုင်းဘုရင်နဲ့ မိဖုရားခေါင်ကြီးတို့ရဲ့ သားသမီး ၁၂ ဦးအနက် ဒုတိယသားဖြစ်ပါတယ်။ သူဟာ ဒူဘိုင်းရဲ့ နန်းလျာတဦးဖြစ်ပြီး လူမှုအကျိုးပြု အဖွဲ့အစည်းတော်တော်များများရဲ့ ဥက္ကဌလည်းဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ လေထီးခုန်သမားတဦးဖြစ်ပြီး ပြိုင်ကားမောင်းခြင်းကို နှစ်သက်သူတဦးလည်း ဖြစ်ပါသေးတယ်။ သူဟာ ဒူဘိုင်းနိုင်ငံရဲ့ အလွမ်းအဆွေး စာရေးဆရာတယောက်လည်း ဖြစ်ပါတယ်။ သူဟာအခုဆိုရင် အသက် ၃၅နှစ်ရှိပြီဖြစ်ပါတယ်။
(၄) Prince Azim (ဘရူနိုင်း)
ဒီမင်းသားဟာ ဘရူနိုင်းနိုင်ငံရဲ့ လေးယောက်မြောက်နန်းလျာဖြစ်ပြီး ဘရူနိုင်းတော်ဝင်မိသားစုထဲက နာမည်အကြီးဆုံး မင်းသားဖြစ်ပါတယ်။ သူဟာ ယခုအခါမှာ အသက် ၃၆နှစ်ရှိပြီဖြစ်ပါတယ်။
ဒီမင်းသားဟာ မိုက်ကယ်ဂျက်ဆင်၊ စကားလက်ဂျိုဟန်ဆန် စတဲ့ ကမ္ဘာကျော်တွေနဲ့ ပါတီတွေ ကျင်းပဖူးပြီး မကြာမကြာ ရုတ်ရုတ်သဲသဲတွေလုပ်တတ်တာကြောင့် ပါပါရာဇီတွေ တကောက်ကောက်လိုက်ခြင်းကို ခံရတဲ့ တော်ဝင်မင်းသားတဦး လည်း ဖြစ်ပါတယ်။
(၅) Leruo Molotlegi ( တော်ဝင်ဘတ်ဖိုကန်နိုင်ငံ)
အခုနောက်ဆုံးပြောပြမယ့်သူကတော့ တော်ဝင်ဘတ်ဖိုကန်နိုင်ငံရဲ့ ဘုရင်ဖြစ်ပါတယ်။ ဒီဘုရင်ဟာ အသက် ၅၀ ရှိနေပြီ ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်က စတင်ကာ ထီးနန်ကို ဆက်ဆံခဲ့သူလည်းဖြစ်ပါတယ်။သူဟာ တောင်အာဖရိကနိုင်ငံ ဟီတွန်ကောလိပ်မှာ ဗိသုကာနဲ့ ဖွံ့ဖြိုးနေဆဲ နိုင်ငံထူထောင်ရေးဘာသာရပ်နဲ့ ကျောင်းပြီးထားသူလည်းဖြစ်ပါတယ်။
Ref;ranker.com