ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံ ၅ နိုင်ငံ
ငြိမ်းချမ်းရေးရဲ့ အဓိပ္ပာယ်ဟာ သတ်မှတ်ဖို့ ခက်ခဲသလို တိုင်းတာဖို့လည်း နက်နဲပါတယ်။ ယခုဖော်ပြတဲ့ နိုင်ငံတွေကတော့ နိုင်ငံတကာ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးစင်တာနဲ့ Global Peace Index တို့ရဲ့ စစ်တမ်းကောက်ယူချက်တွေမှာ ပါဝင်တဲ့ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတွေ စာရင်းပဲ ဖြစ်ပါတယ်။
(၁) Iceland
ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံတွေ စာရင်းမှာ နံပါတ်(၁) နေရာမှာ ရပ်တည်နေတဲ့ Iceland နိုင်ငံဟာ နိုင်ငံသားတွေကို လုံခြုံမှု အပြည့်အဝ ပေးနိုင်တဲ့အပြင် လူ့အခွင့်အရေး အပြည့်အဝ ရရှိတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါတယ်။ ပထဝီ အနေအထားအရ သေးငယ်ပြီး လူဦးရေ သိပ်သည်းမှုလည်း နည်းပါးတဲ့ ဒီနိုင်ငံကိုတော့ အေးအေးဆေးဆေး နေချင်သူတွေ သွားရောက် လည်ပတ်သင့်ပါတယ်။
(၂) Denmark
ဥရောပနိုင်ငံတွေထဲမှာ ဖွံ့ဖြိုးပြီး နိုင်ငံတနိုင်ငံလည်း ဖြစ်သလို စီးပွားရေးလည်း ကောင်းမွန်လှတဲ့ Denmark နိုင်ငံဟာဆိုရင် ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတွေထဲမှာ နံပါတ် (၂) နေရာမှာ ရပ်တည်နေပါတယ်။
(၃) New Zealand
New Zealand နိုင်ငံဟာ ၂၀၀၇ ခုနှစ်လောက်ကတည်းကစပြီး ကမ္ဘာ့အငြိမ်းချမ်းဆုံးနဲ့ အကောင်းဆုံး လည်ပတ် သွားလာစရာ နိုင်ငံတခုအဖြစ် စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။ လူဦးရေထူထပ်မှုလည်း နည်းပါးသလို ရာဇဝတ်မှုတွေလည်း ကင်းစင်တဲ့ New Zealand နိုင်ငံဟာ လည်ပတ်ဖို့ရော နေထိုင်ဖို့ပါ သင့်တော်တဲ့ နိုင်ငံတနိုင်လည်း ဖြစ်ပါတယ်။
(၄) Austria
ဥရောပရဲ့ အငြိမ်းချမ်းဆုံး နိုင်ငံတွေထဲမှာ ပါဝင်တဲ့ Austria နိုင်ငံဟာဆိုရင် နေထိုင်မှု စရိတ်လည်း သက်သာသလို နိုင်ငံရေးအရှုပ်အရှင်းလည်း ကင်းစင်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ပညာရေးကို အဓိက အသားပေးထားပြီး လူနေမှုအဆင့်အတန်း မြင့်မားတဲ့အတွက်ကြောင့် Austria နိုင်ငံဟာ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံစာရင်းမှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။
(၅) Switzerland
အကြမ်းဖက်မှု နည်းပါးပြီး ဥရောပတိုက်ရဲ့ ဗဟိုတည့်တည့်မှာ တည်ရှိနေတဲ့ Switzerland နိုင်ငံဟာ ပထဝီဝင် အနေအထားအရ သဘာဝနဲ့ တသားတည်း တည်ရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးနဲ့ ကောင်းမွန်တဲ့ သံတမန် ဆက်ဆံရေးကို ပိုင်ဆိုင်ထားတဲ့ အတုယူဖွယ် နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
Ref: www.wonderslist.com