Trend

ကိုရီးယားလူမျိုးတွေဆီက သင်ယူသင့်တဲ့ အချက်များ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက ရုပ်သံလိုင်းတွေမှာ ပြသမှုအများဆုံးက ကိုးရီးယားဇာတ်ကားတွဲ တွေဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံဟာ ဖျော်ဖြေရေးနည်းလမ်းပေါင်းစုံနဲ့ ကမ္ဘာကို လွှမ်းမိုးထားတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ K-pop အဖွဲ့တွေက အရှေ့တိုင်း မှာ သာမက အနောက်တိုင်းက လူငယ်တွေကိုပါ လွှမ်းမိုးထားနိုင်တဲ့ အဖွဲ့တွေဖြစ်ပါတယ်။

ဒါကြောင့် ကိုရီးယားလူမျိုးတွေဆီက သင်ယူသင့်တဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

(၁) အလုပ်ကြိုးစားခြင်း

ကိုရီးယားနိုင်ငံကလူတွေဟာ အလုပ်အရမ်းကြိုးစားကြပါတယ်။ ပညာရေးကိုလည်း အလုပ်တခုလို့ သတ်မှတ်ပြီး ကြိုးစားကြတဲ့အတွက် ကိုရီးယားနိုင်ငံလူဦးရေရဲ့ ၉၈ ရာခိုင်နှုန်းဟာ အလယ်တန်းပြီးထားကြပြီး ၆၃ ရာခိုင်နှုန်းကတော့ ကောလိပ်ပြီးဆုံးထားတယ်လို့သိရပါတယ်။

ကိုရီးယားနိုင်ငံ မဟာဗျူဟာနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက၂၀၁၂ ခုနှစ်မှာ ထုတ်ပြန်တဲ့ စာရင်းအရ ကိုရီးယားနိုင်ငံသား တွေဟာ တပတ်ကို ၄၅နာရီအလုပ်လုပ်တယ်လို့ သိရပါတယ်။

(၂) အလှကုန်ပစ္စည်းအသစ်ဖန်တီးခြင်း

ကိုးရီးယားနိုင်ငံက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းတွေကို တကမ္ဘာလုံးက စွဲစွဲမြဲမြဲ အသုံးပြုလေ့ရှိကြပါတယ်။ တောင်ကိုးရီးယားနိုင်ငံဟာ သူတို့နိုင်ငံက အလှကုန်ပစ္စည်းတွေ ပိုမိုရောင်းချနိုင်ရေးအတွက် အလှကုန်ပစ္စည်း အသစ်တွေကို ထုတ်လုပ်ဖို့ အမြဲကြိုးစားနေတဲ့ နိုင်ငံလည်းဖြစ်ပါတယ်။

(၃) ဘိုးဘေးတွေကို လေးစားခြင်း

ကိုရီးယားလူမျိုးတွေဟာ သေဆုံးသွားပြီဖြစ်တဲ့ ဘိုးဘေးတွေကို အလွန်လေးစားအားကိုးကြပြီး ဒီဘိုးဘေးတွေဟာ သူတို့ကို ကံကောင်းခြင်းတွေယူဆောင်လာပေးကြတယ်လို့ ယုံကြည်ကြပါတယ်။

Gosa ဆိုတဲ့ အခမ်းအနားဟာ ကွန်ဖြူးရှပ်ဝါဒကို ကျင့်သုံးသူတွေ ပြုလုပ်တဲ့ အခမ်းအနားဖြစ်ပြီး ဒီအခမ်းအနားမှာ အသစ်စတင်မယ့် စီးပွားရေးလုပ်ငန်းတွေအတွက် ငြိမ်းချမ်းမှုနဲ့ အောင်မြင်မှုတွေ ပေးဖို့ ဘိုးဘေးတွေကို ဆုတောင်းပွဲ ပြုလုပ်တာဖြစ်ပါတယ်။

(၄)နေရာတိုင်းမှာ ကူညီချင်စိတ်ရှိကြပါတယ်။

“စာရွက်အလွတ်လေးတရွက်ကိုတောင် အဖွ့ဲအစည်းနဲ့ပေါင်းပြီး မရင် ပိုပေါ့တယ်” ဆိုတဲ့ ကိုရီးယားစကားပုံ ရှိပါတယ်။ ဒီစကားပုံဟာ မြန်မာစကားပုံဖြစ်တဲ့ “ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်” ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ကိုရီးယားတွေဟာ အုပ်စုဖွဲ့ လုပ်ကိုင်တဲ့အခါမှာလည်း အရမ်းကို ညီညွတ်ကြပါတယ်။

(၅) ရိုးသားမှု

ကိုရီးယားနိုင်ငံကို ကမ္ဘာက သဘောကျကြတဲ့ အကြောင်းရင်းမှာ ကိုရီးယားလူမျိုးတွေရဲ့ ရိုးသားမှုလည်း ပါဝင်ပါတယ်။ စားသောက်ဆိုင်တွေမှာ တယောက်တည်းထိုင်သောက်ပြီး အိမ်သာကို ထသွားတာတို့၊ မိမိပိုင်ပစ္စည်းတွေကို ချထားတာတို့ လုပ်ခဲ့ရင်တောင် ဘယ်သူကမှ ခိုးယူဖို့၊ လုပြေးဖို့ စိတ်ကူးမရှိကြပါဘူး။

အမျိုးသမီးတယောက် ဆိုဂျူးမူးပြီးပြန်လာရင်တောင်မှ စတာ နောက်တာနဲ့ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုမျိုးကို ပြုလုပ်ခြင်း မရှိကြဘူးလို့ သိရပါတယ်

Ref; reachtoteachrecruiting.com

Did you find apk for android? You can find new Free Android Games and apps.
Loading