Trend

ကလေးငယ်တွေဆီကနေ ပြန်လည်သင်ယူနိုင်မယ့် ဘဝသင်ခန်းစာ ၅ ခု

Want create site? Find Free WordPress Themes and plugins.

ပျော်ရွှင်စရာ ၊ ဝမ်းနည်းစရာ ၊ အံ့အားသင့်စရာတွေနဲ့ ပြည့်နှက်နေတဲ့ လူနေမှုဘဝထဲမှာ အရာအားလုံးဟာ တလှည့်စီ ဖြစ်ပျက်နေပါတယ်။ ကလေးဘဝဆိုတာကတော့ အပြစ်ကင်းစင်သလို ဟန်ဆောင်မှုတွေလည်းမရှိတာကြောင့် ရှုပ်ထွေး လှတဲ့ လူနေမှုဘဝမှာ ကလေးငယ်တွေဆီက ပြန်လည်သင်ယူနိုင်မယ့် ဘဝသင်ခန်းစာတွေကို ပြန်လည်မျှဝေပေး လိုက်ရပါတယ်။

(၁) ကလေးငယ်တွေဟာ Social Media တွေနဲကင်းဝေးတဲ့ အသက်အရွယ်အပိုင်းအခြားတခုဖြစ်ပြီး သူတို့တွေဟာ မိတ်ဆွေသူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံဖို့ အမြဲပျော်ရွှင်နေတတ်ကြသူတွေလည်း ဖြစ်ပါတယ်။ သူတို့မှာ အတ္တစွဲကင်းသလို ဘယ်သူ့ဘယ်သူကိုမှလည်း အသုံးချဖို့အတွက် မိတ်ဆွေဖွဲ့ပေါင်းသင်းခြင်းမျိုးမဟုတ်တာကလည်း သင်ယူစရာအချက်တခုဖြစ်ပါတယ်။

(၂) ကလေးငယ်တွေဟာ သူတို့အသက်အရွယ်အလိုက် ဝါသနာပါရာကိုပြုလုပ်ကြတဲ့အခါ စိတ်ရောကိုယ်ပါ နှစ်ပြီး အာရုံစူးစိုက်စွာ လုပ်ကိုင်လေ့ရှိတယ်ဆိုတာကို သတိထားမိကြမှာပါ။ ဒီအချက်ဟာ ကိုယ်ဘာလုပ်ချင်လဲဆိုတဲ့အဖြေကို သိရှိစေမှာဖြစ်ပြီး စိတ်ဆန္ဒရှိရာကို လုပ်ကိုင်တဲ့အခါမှာ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ကိုင်ဖို့ ညွှန်ကြားပြသပေးတဲ့ ရိုးစင်းတဲ့ သင်ယူစရာတခုလည်း ဖြစ်ပါတယ်။

(၃) ငယ်ရွယ်စဉ်ကလေးဘဝမှာ မိမိလုပ်ချင်တာကို စိတ်ရှိသလို လုပ်ကိုင်လေ့ရှိပြီး စည်းမျဉ်းစည်းကမ်းတွေကိုလည်း သိပ်ဂရုမထားမိတတ်ကြပါဘူး။ ဒါပေမယ့် ဒီလိုလုပ်ကိုင်တာဟာ မည်သူတဦးတယောက်ကိုမှ ထိခိုက်ခြင်းမရှိသလို မိမိကိုယ်ကိုအတွက် စိတ်ကျေနပ်မှုတခုရရှိနိုင်ခြင်းကလည်း ပြန်လည်သင်ယူစရာအချက်တခုဖြစ်ပါတယ်။

(၄) ကလေးငယ်အများစုဟာ ဘယ်လောက်ပဲနည်းပညာတွေ တိုးတက်နေပါစေ သူတို့လေးတွေဟာ သဘာဝတရားရဲ့ အရိပ်အာဝါသအောက်မှာ ပြေးလွှားဆော့ကစားရတာကို နှစ်သက်လေ့ရှိကြပါတယ်။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လူသားတွေဟာ နည်းပညာရဲ့ တိုးတက်မှုတွေအောက်မှာ ပိတ်မိနေကြပြီး သဘာဝတရားကို မေ့လျော့လာကြပါတယ်။

သင့်အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝတခုကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ ကလေးငယ်တွေအတိုင်း သဘာဝတရားနဲ့ နီးနီးစပ်စပ် ပြန်လည်နေထိုင်ဖို့ အလေ့အကျင့်ပြုလုပ်သင့်ပါတယ်။

(၅) ကလေးငယ်တွေဟာ သူတို့ပိုင်ဆိုင်တဲ့ အနည်းငယ်မျှသော မုန့်ဖိုးလေးတွေနဲ့ သူတို့လိုချင်တဲ့ အရာတခုကို ဝယ်ယူပြီး ကိုယ်ပိုင်ပျော်ရွှင်မှုကို ဖန်တီးလေ့ရှိကြပါတယ်။ ဒါဟာကောင်းမွန်တဲ့ အလေ့အကျင့်တခုဖြစ်ပြီး အသက်အရွယ်ကြီးရင့် လာတာနဲ့အမျှ ပျောက်ဆုံးမေ့လျော့လာကြတဲ့ အလေ့အကျင့်တခုလည်းဖြစ်ပါတယ်။

ဒီအချက်ကနေ သင်ယူနိုင်တာကတော့ ငွေကြေးစုဆောင်းတဲ့အလေ့အကျင့်ကောင်းပဲဖြစ်ပြီး သင်တို့အလိုရှိတဲ့ ဘယ်လိုအရာမျိုးကိုမဆို ပျော်ရွှင်စွာပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Ref: lifetippr.com

Did you find apk for android? You can find new Free Android Games and apps.
Loading