ကမ္ဘာ့တန်ဖိုးအကြီးဆုံးငွေကြေးလို့ ပြောလိုက်တာနဲ့ အားလုံးရဲ့ အတွေးထဲဝင်လာတာက အင်္ဂလန်ရဲ့ ငွေကြေးဖြစ်တဲ့ Pound ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်က အဲ့လို မဟုတ်ပါဘူး။ ဒါကြောင့် ဒီတခါမှာ ကမ္ဘာပေါ်မှာ တန်ဖိုးအမြင့်ဆုံး ငွေကြေးတွေကို ဖော်ပြချင်ပါတယ်။
(၁) Kuwait Dinar
KWD ( Kuwait Dinar) ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ဖြစ်ပါတယ်။ 1KWD ဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃၃ ဒေါ်လာ နဲ့ ညီမျှပါတယ်။ ကူဝိတ်ဟာ နိုင်ငံသေးပေမယ့် တကမ္ဘာလုံးမှာ ရှိတဲ့ ရေနံဈေးကွက်တွေထဲ ရေနံတင်ပို့မှုမြင့်မားတာကြောင့် ငွေကြေးက တန်ဖိုးရှိနေတာ ဖြစ်ပါတယ်။
(၂) Bahrian Dinar
BHD လို့ခေါ်တဲ့ ဒီပိုက်ဆံဟာ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ Bahrain နိုင်ငံရဲ့ ငွေကြေး ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ လူဦးရေ ၁ မီလီယံသာရှိပြီး တိုင်းပြည်ဝင်ငွေ အားလုံးနီးပါးကို ရေနံတင်ပို့မှုက ရရှိပါတယ်။ 1BHD ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၅ ဒေါ်လာနဲ့ ညီမျှပါတယ်။
(၃) Oman Rial
OMR လို့ အတိုကောက်ခေါ်တဲ့ ဒီပိုက်ဆံကတော့ 1OMR ဟာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၆၀ နဲ့ ညီမျှပါတယ်။ Oman ဟာ အာရေဗီယန် ကျွန်းဆွယ်မှာ တည်ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ဖွံ့ဖြိုးတဲ့ စီးပွားရေးနဲ့ မြင့်မားတဲ့ လူနေမှု အဆင့်အတန်းရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
(၄) Jordan Dinar
JOD လို့ အတိုကောက်ခေါ်တဲ့ ဒီပိုက်ဆံကတော့ အမေရိကန်ဒေါ်လာထက် ဘာလို့ ပိုတန်ဖိုးကြီးနေမှန်း ဘယ်သူမှ မသိကြပါဘူး။ ဒီနိုင်ငံဟာ စီးပွားရေးအရ တိုးတက်ခြင်းလည်း သိပ်မရှိသလို သယံဇာတတွေလည်း ကုန်သလောက်ရှိ နေပြီ ဖြစ်ပေမယ့် 1 JOD ဟာ ၁ ဒဿမ ၄၁ ဒေါ်လာ တန်ဖိုးရှိပါတယ်။
(၅) British Pound
လူတော်တော်များများက အင်္ဂလန်ပေါင်ဟာ တန်ဖိုးအမြင့်ဆုံး ငွေကြေးလို့ ထင်ကြပေမယ့် တကယ်တမ်းမှာတော့ နံပတ် ၅ နေရာမှာသာ ရှိပါတယ်။ ကိုလိုနီခေတ်ရဲ့ ကျန်ရှိခဲ့တဲ့ စနစ်တွေအရ Pound ကို အသုံးပြုတဲ့ နိုင်ငံအများကြီး ရှိပါတယ်။ ဒါပေမယ့် အင်္ဂလန် နိုင်ငံသားတွေကတော့ တခြားနိုင်ငံတွေကငွေကြေးဖြစ်တဲ့ တခြား Pound ငွေ ကို ငွေပေးချေမှုမှာ လက်ခံခြင်း မရှိပါဘူး။ 1GBP ဟာ ၁ ဒဿမ ၂၉ ဒေါ်လာနဲ့ ညီမျှပါတယ်။
ဒီနေရာမှာ စံသတ်မှတ်ချက်အနေနဲ့ အသုံးပြုထားတဲ့ USD ဟာ အမေရိကန်ဒေါ်လာကို ရည်ညွှန်းတာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ ဒေါ်လာဟာ မြန်မာကျပ်ငွေ ၁၅၀၀ ကျပ် ပတ်ဝန်းကျင် ပေါက်ဈေး ရှိနေပါတယ်။
Ref; fxssi.com