မအောင်မြင်တဲ့ သူတွေဆီမှာ အမြဲကြားရတာကတော့ သူများကို အပြစ်တင်တဲ့ စကားတွေပါပဲ။ ငါ့မှာ လုပ်ခွင့်မရှိလို့ သူများတွေကတော့ ငါ့ထက် သာနေပြီဆိုတဲ့ စကားတွေကို ညည်းညူမနေဘဲ လုပ်သင့်တာကို လုပ်မှသာ အောင်မြင်မှုကို ရရှိမှာ ဖြစ်ပါတယ်။
ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုတွေကို နှေးကွေးစေတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) စိတ်ကူးယဉ်အိပ်မက်ကမ္ဘာ
လူတိုင်းက အိပ်မက်တွေကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအိပ်မက်တွေကို အကောင်အထည်မဖော်ရင် ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေနေပြီး ကံကောင်းဖို့ကို ထိုင်စောင့်နေရင်တော့ တိုးတက်အောင်မြင်ဖို့က ဝေးပါတယ်။ မဖြစ်နိုင်သေးတဲ့ အဝေးကြီးက အရာတွေကို မျှော်လင့်နေမယ့်အစား သင့်အနီးအနားမှာ ရှိတဲ့ အခွင့်အရေးတွေကိုသာ ဆုပ်ကိုင်ထားသင့်ပါတယ်။
(၂) အဓိကနဲ့ သာမည မခွဲတတ်ခြင်း
မနက်အလုပ်ရောက်ပြီဆိုတာနဲ့ Facebook ခဏသုံးမယ်။ ပြီးတော့မှ အလုပ်လုပ်မယ် ဆိုတာမျိုးတွေပါ။ တကယ်အရေးကြီးတာက သင့်အလုပ်စားပွဲက အလုပ်တွေ ပြီးသွားဖို့ပါ။ အောင်မြင်တိုးတက်ချင်တယ်ဆိုရင် အဓိက အရေးကြီးတဲ့ အရာတွေကို အရင်လုပ်ပြီး အရေးသိပ်မပါတဲ့ အရာတွေကို လျှော့ချဖို့ပါတယ်။
(၃) တာဝန်မယူတတ်ခြင်း
ဘဝမှာ ဖြစ်ပျက်နေတာတွေအားလုံးက သင့်အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် သင့်ကြောင့် ဖြစ်လာတာ အားလုံးကိုတော့ သင်တာဝန်ယူရပါမယ်။ ကိုယ့်ကြောင့်ဖြစ်လာတာကို သူတပါးကို အပြစ်တင်နေလို့ ဒီပြဿနာက ပြေလည်သွားတာ မဟုတ်ပါဘူး။ ကိုယ်ပြုလုပ်ထားတဲ့ အရာမှန်သမျှကို ကိုယ်တာဝန်ယူရင်တော့ ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းတွေကို သင်စဉ်းစားပြီး ဖြေရှင်းနိုင်ပါလိမ့်မယ်။
(၄) မရေရာတဲ့ ရည်မှန်းချက်တွေ ထားခြင်း
သင့်ရဲ့ စိတ်ကူးအိပ်မက်တွေဟာ သင့်ဘဝရည်ရွယ်ချက်အဖြစ် တည်ရှိနေတာကောင်းပါတယ်။ ဒါပေမယ့် သင့် အရည်အချင်းနဲ့ ကိုက်ညီတဲ့ အလုပ်ဖြစ်ဖို့လိုပါတယ်။ ဥပမာ သင့်ဟာ ယာဉ်မောင်းလိုင်စင် ရဖို့တောင် ကားမမောင်း နိုင်တဲ့ အချိန်မှာ ဖော်မြူလာဝမ်း ကားပြိုင်ပွဲမှာ သွားပြိုင်ချင်တယ်ဆိုပြီး စိတ်ကူးယဉ်နေခြင်းဟာ အချိန်ဖြုန်းခြင်း သက်သက်ပါပဲ။
(၅) ကြိုတင် စိတ်ဓာတ်ကျတတ်ခြင်း
လူတိုင်းဟာ အလုပ်လုပ်ရင်း ရှုံးနိမ့်မှုတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် တကယ် မကြုံသေးခင်မှာ ကြိုတင်ပူပန်ပြီး ဘာမှမလုပ်ဘဲ နေရင် သင်အောင်မြင့်ကို ရရှိမှာ မဟုတ်ဘူး။ ဘယ်အရာကို မဆို စမ်းလုပ်ကြည့်မှာ သိနိုင်တာဖြစ်တဲ့အတွက် သင်အောင်မြင်မလား၊ ကျဆုံးမလားဆိုတာကို ထိုင်တွေးနေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဥပမာ အလုပ်ကိစ္စတခုအတွက် နောက်ဆုံးသတ်မှတ်ရက်ကို ရောက်ဖို့ ၃ရက်ပဲ လိုတော့တယ်ဆိုပါတော့။ ဒီသုံးရက်အတွင်း ငါပြီးပါ့မလားလို့ ကြိုတွေးတာဟာ အချိန်ဖြုန်းသလိုပါပဲ။ တတ်နိုင်သလောက်ပြီးအောင် ထလုပ်မှ အောင်မြင်မှုတွေ သင့်ဆီရောက်ရှိလာမှာ ဖြစ်ပါတယ်။
Ref;Brightside.com