Trend

အသားအရေကို ကြည်လင်ချောမွတ်စေမယ့် အလွယ်တကူပြုလုပ်နိုင်တဲ့ Scrub (၅) မျိုး

သဘာဝ scrub တွေ အသုံးပြုခြင်းဟာ ခန္ဓာကိုယ်အသားအရေကို ချေးညှော်ကင်းစင်စေပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကြည်လင်ချောမွတ်စေပါတယ်။ ဒီနေရာမှာ scrub ကို ဘယ်လိုအသုံးပြုမလဲဆိုရင်တော့ ခန္ဓာကိုယ်ကို ရေစွတ်ပြီး scrub နဲ့ပွတ်တိုက်ပေးကာ မိနစ် ၂၀ ခန့်အကြာလောက်မှ ရေနဲ့ပြန်လည်ဆေးကြောပေးဖို့ပဲ ဖြစ်ပါတယ်။

အခုဖော်ပြပေးမှာကတော့ အိမ်မှာအလွယ်တကူ ပြုလုပ်နိုင်တဲ့ သဘာဝ scrub ပြုလုပ်နည်းတွေနဲ့ အကျိုးကျေးဇူးတွေကို အလှအပချစ်သူတွေအတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

(၁) ငှက်ပျောသီးမှည့်နှစ်လုံးကို ခြေပြီး သကြားလက်ဖက်ရည်ဇွန်းတဇွန်းနဲ့ ပျားရည် လက်ဖက်ရည်ဇွန်းတဇွန်းတို့ကို ရောစပ်ပြီး အသားအရေပေါ်မှာ လိမ်းပေးပြီး မိနစ် ၂၀ ခန့်အကြာမှ ရေအေးအေးလေးနဲ့ ဆေးချပေးပါ။ ငှက်ပျောသီး scrub ဟာ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး အစိုဓာတ်ကိုလည်း ကြာရှည်ခံစေတာကြောင့် အသားအရေ ခြောက်သွေ့သူတွေအနေနဲ့ တပတ်မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။

(၂) သံပုရာသီးတလုံးကို နှစ်ခြမ်းခြမ်းထားတဲ့ သံပုရာခြမ်းတွေပေါ်မှာ ပျားရည်အနည်းငယ်နဲ့ သကြားတဇွန်းတို့ကို ရောစပ်ပြီး ဒူးဆစ်၊ တံတောင်ဆစ်နဲ့ ခြေမျက်စိနေရာတွေပေါ်မှာ ပွတ်လိမ်းပေးမယ်ဆိုရင်တော့ ညိုမည်းနေတဲ့ အသားအရေနေရာတွေကို သိသိသာသာ ဖြူဝင်းလာစေမှာပဲဖြစ်ပါတယ်။

(၃) အုတ်ဂျုံမှုန့် ပန်းကန်ပြားအသေးတပန်းကန်နဲ့ သကြားလက်ဖက်ရည်ဇွန်းတဇွန်း၊ ခရမ်းချဉ်သီးတလုံးတို့ကို ကြိတ်ချေရောစပ်ထားတဲ့ အရောကို လည်ပင်းတဝိုက်နဲ့ အရေးအကြောင်းတွေ ဖြစ်ပေါ်တဲ့ နေရာတွေမှာ လိမ်းပေးမယ်ဆိုရင်တော့ အသားအရေကို စိုပြည်ကြည်လင်စေပြီး အရေးအကြောင်းတွေကို ကင်းစင်စေမှာ ဖြစ်ပါတယ်။

(၄) ကြိတ်ချေထားတဲ့ သဘောၤသီးမှည့်တစိတ်နဲ့ ဒိန်ချဉ်နှစ်ဇွန်း၊သံပုရာရည်အနည်းငယ်၊ ပျားရည်တဇွန်းတို့ကို ရောစပ်ထားတဲ့ သဘောၤသီး scrub ဟာဆိုရင်တော့ အသားအရေ ကြမ်းတမ်းပြီး အဆီဖုနဲ့ ဝက်ခြံသမားတွေအတွက် အထူးသင့်တော်တဲ့ scrub တမျိုးပဲ ဖြစ်ပါတယ်။ သဘောၤသီး scrub ကို တပတ်မှာ နှစ်ကြိမ်ခန့် အသုံးပြုပေးခြင်းအားဖြင့် ဝက်ခြံတွေနဲ့ အဆီဖုတွေကို သိသိသာသာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

(၅) လိမ္မော်ခွံကို အခြောက်ခံထားပြီး ကြိတ်ချေထားတဲ့ လိမ္မော်ခွံမှုန့်နဲ့ အုတ်ဂျုံမှုန့်တို့ကို ဆတူရောစပ်ပြီး ရေအနည်းငယ် ပျားရည်တဇွန်းခန့်နဲ့ ထပ်မံရောစပ်ပေးပါ။ ရောစပ်ပြီးသား လိမ္မော်ခွံ scrub ကို ခန္ဓာကိုယ်အနှံလိမ်းကျံပေးပြီး မိနစ် ၂၀ ခန့်အကြာမှ ရေနဲ့ပြန်လည် ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အသားအရေကို ချောမွတ်ကြည်လင်စေတာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်ကော်ဖီမှုန့် သုံးပြီး Body Scrub လုပ်ကြည့်ကြမယ်

အမျိုးသမီးများ အသားအရေ လှပစေဖို့ သကြားနဲ့ Scrub လုပ်ကြမယ်

အသားအရေဖြူ ဝင်းစေမယ့် မန်ကျည်းသီး Scrub အိမ်မှာ အလွယ်တကူ လုပ်ကြမယ်

Ref : timesofindia.indiatimes.com

Loading