Trend

ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ

Want create site? Find Free WordPress Themes and plugins.

မီးဖိုချောင်သုံး သဘာဝပစ္စည်းအများစုဟာ ကျန်းမာရေးပြဿနာတွေထဲမှာ အများဆုံးဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲမှုတွေကို လျော့ကျစေနိုင်တယ်လို့ လေ့လာ စမ်းသပ်ချက်တွေအရ သိရှိရတာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

(၁) ဂျင်း

ဟင်းလျာတွေ ချက်ပြုတ်တဲ့အခါ အသုံးများတဲ့ ဂျင်းဟာဆိုရင်တော့ အဆစ်ရောင်ရောဂါ၊ အစာအိမ်နာတာ၊ရင်ဘတ်အောင့်တာနဲ့ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၂) နနွင်း

ရောင်ရမ်းနာကျင်မှုတွေကို ပျောက်ကင်းစေနိုင်တဲ့ နနွင်းဟာဆိုရင်တော့ အိန္ဒိယ တိုင်းရင်းဆေးတွေမှာ မပါမဖြစ် မီးဖိုချောင်သုံးပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။ ကြွက်သားနာကျင်တာ၊ အဆစ်အမြစ်ကိုက်ခဲတာတွေနဲ့ ဖောရောင်ခြင်းတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၃) ပက်ပါမင့်

ပက်ပါမင့်ရွက်ဟာ ကြွက်သားနာကျင်တာနဲ့ ခေါင်းကိုက်တာ၊ အာရုံကြောပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲတာ၊ အစာအိမ်ဆိုင်ရာ ကျန်းမာရေးပြဿနာတွေအတွက် အကောင်းမွန်ဆုံး သဘာဝ မီးဖိုချောင်သုံးပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။

(၄) ဆား

ရေချိုးတဲ့အခါ ချိုးမယ့်ရေထဲကို သကြားလက်တဆုပ်ခန့်လောက် ရောစပ်ပြီး ရေချိုးပေးခြင်းဟာ ပင်ပန်းနွမ်းနယ်မှုတွေကို လျော့ကျစေနိုင်သလို ညောင်းညာ ကိုက်ခဲမှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။

(၅) ပဲပိစပ်

ပဲပိစပ်မှာပါဝင်တဲ့ isoflavones ဓာတ်ဟာ အရိုးအဆစ်ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာပျောက်ကင်းစေပြီး အဆစ်ရောင်ရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်တယ်လို့ အမျိုးသားဇီဝနည်းပညာဌာန (NCBI) ကပြုလုပ်တဲ့ လေ့လာချက်တွေအရ သိရပါတယ်။

(၆) ငရုတ်သီး

ငရုတ်သီးမှာပါဝင်တဲ့ capsaicin ဓာတ်ဟာ နာကျင်ကိုက်ခဲမှုအများစုကို လျော့ပါးသက်သာစေနိုင်တာကြောင့် အကိုက်အခဲပျောက်လိမ်းဆေးခရင်မ်အများစုမှာ ပါဝင်လေ့ရှိပါတယ်။ အာရုံကြောပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုတွေနဲ ရောင်ရမ်းမှုတွေကိုလည်း လျော့ပါးသက်သာစေနိုင်တဲ့ အစွမ်းရှိပါတယ်။

Ref : timesofindia.indiatimes.com

Did you find apk for android? You can find new Free Android Games and apps.
Loading