အခုနောက်ပိုင်းအမျိုးသမီးတွေကြားမှာ ခေတ်စားလာတာ ချောမွေ့တဲ့ အသားအရေထက် တောက်ပတဲ့ အသားအရေပါ။ Glow Skin လို့ပြောကြပြီး အလှကုန်ပစ္စည်းမျိုးစုံသုံးကာ ဒီလို အသားအရေမျိုးရဖို့ ဖန်တီးလာကြပါတယ်။ ဒါဆိုရင် အချိန်ရှိတုန်းလေး ပေါင်းတင်ပြီး တောက်ပတဲ့မျက်နှာလေး ဖန်တီးနိုင်မယ့် နည်းလမ်းတွေပြောပြပေးပါမယ်။
– သခွားသီးအသေး ၁ လုံးနဲ့ ဒိန်ချဉ် ၂ ဇွန်း၊ ၃ ဇွန်းလောက်ကို ရောချေပြီးမျက်နှာနဲ့ လည်ပင်းတဝိုက်လိမ်းပေးနိုင်ပါတယ်။ ခြောက်လာတဲ့အထိ ထားပြီးနောက် ရေအေးနဲ့ ဆေးချနိုင်ပါတယ်။ သခွားသီးက အသားအရေကိုအေးမြစေပြီး ခြောက်သွေ့နေတဲ့ အရေပြားကို အစိုဓာတ်ပြည့်ဝစေတာကြောင့် ၄ရက် ၁ ခါလောက် ပေါင်းတင်ကြည့်နိုင် ပါတယ်။
– ငါးကြီးဆီတောင့်ကိုဖောက်ပါ။ အဆီတွေကို မျက်နှာနဲ့ လည်ပင်းတဝိုက်လိမ်းပေးပါ။ နှိပ်နယ်ပြီး ၁၀ မိနစ်ခန့်ထားပါ။ ပြီးရင်တော့ရေဆေးချပါ။ ငါးကြီးဆီက ဖက်တီးအက်ဆစ်နဲ့ ဗီတာမင် A, D ကြွယ်ဝစွာပါဝင်ပြီး ပျက်စီးနေတဲ့မျက်နှာကဆဲလ်တွေကို ပြန်လည် ကောင်းမွန်စေပါတယ်။ တပတ်ကို ၁ ခါလောက်လုပ်ပေးပါ။
– ရှားစောင်းလက်ပတ် ၁ ဇွန်း၊ နနွင်းအနည်းငယ်၊ ပျားရည်နဲ့ နွားနို့ ၁ ဇွန်း ကို ရောနှောပြီး မျက်နှာကို လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ဆေးချပါ။ ရှားစောင်း လက်ပတ်က အသားကိုအေးစေပြီး မျက်နှာကို ဝင်းလက်စေပါတယ်။
– မုန့်ဖုတ်ဆိုဒါ ၁ ဇွန်း၊ သံလွင်ဆီ ၁ ဇွန်း၊ ပျားရည်ဇွန်းဝက်ကို ခွက်တခွက်ထဲ ထည့်ရောမွှေပါ။ မျက်နှာကိုညင်သာစွာနှိပ်နယ်ပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးနဲ့ဆေးချပါ။ မုန့်ဖုတ်ဆိုဒါက ဆဲလ်အသေတွေကို သေစေပါတယ်။
– သံပရိုသီး ၂ ဇွန်း၊ သကြားညို ၂ ဇွန်းရောမွှေပြီးမျက်နှာကို လိမ်းပေးပါ။ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးပြီး ၁၀ မိနစ်ခန့်ထားပါ။ ရေနွေးနဲ့ဆေးချပြီး အစိုဓာတ်လေးပြည့်နေဖို့ moisturizer ပြန်သုံးပေးပါ။ တပတ်ကို ၂ ကြိမ်လောက်စမ်းကြည့်နိုင်ပါတယ်။
– သင်္ဘောသီးမှည့်စိတ်အနည်းငယ်၊ စန္ဒကူးမှုန့် ၁ ဇွန်း၊ ပျားရည် ၁ ဇွန်းလိုအပ်ပါတယ်။ သဘောင်္သီးကို အတုံးသေးသေးလေးတွေတုံးပြီး စန္ဒကူးမှုန့်၊ ပျားရည်တို့နဲ့ ရောမွှေကာ အနှစ်ဖြစ်အောင် လုပ်ပြီးပြီဆိုရင် မျက်နှာတဝိုက်လိမ်းနိုင်ပါတယ်။ မိနစ်၂၀ လောက် ထားပြီးရေအေးနဲ့ဆေးချပေးပါ။
ညဘက်မအိပ်ခင် ဒီလိုပေါင်းတင်ပြီး အစိုဓာတ်ပြန်ဖြည့်ပေးပါ။ ဒါဆိုရင် တောက်ပ ဝင်းလက်တဲ့မျက်နှာလေး ပိုင်ဆိုင်မှာဖြစ်ပါတယ်။
Ref ; www.stylecraze.com