မိန်းကလေးတွေဟာ အရွယ်လေးရလာပြီဆိုတာနဲ့ ဇရာနဲ့စတင်ရင်ဆိုင်ရတော့တာပါပဲ။ အသက် ၂၅ ကျော်လာတာနဲ့ မျက်လုံးတဝိုက်ကအရေးကြောင်းတွေ ပေါ်လာပါပြီ။ ဒီလိုမျိုးတွေဖြစ်လာပြီဆိုပြီး စိတ်ညစ်နေစရာမလိုပါဘူး။ သင့်ရဲ့ ငယ်ရွယ်နုပျိုမှုတွေကို အောက်ပါနည်းလမ်းတွေနဲ့ ဆက်လက်ထိန်းထားနိုင်ပါတယ်။
(၁) အရေပြားကိုဂရုစိုက်ပါ
ဒီလိုအသက်ရောက်လာပြီဆိုတာနဲ့ anti aging ဖြစ်တဲ့အလှကုန်ပစ္စည်းမျိုးတွေကို စတင်သုံးစွဲပါ။ ဒါပေမယ့်လည်း မပေါ်လာသေးတဲ့ အရေးကြောင်းတွေပျောက်ချင်ဇောနဲ့ anti aging တွေပဲမသုံးမိပါစေနဲ့။ သင့်အသားအရေကို လန်းဆန်းပြီးတင်းရင်းစေတဲ့ အလှကုန်ပစ္စည်းမျိုးတွေရှိရင် ဆက်လက်သုံးစွဲနိုင်ပါတယ်။
(၂) ရေဓာတ်လုံလောက်ပါစေ
အသားအရေလှပနေဖို့၊ ကျန်းမာရေးကောင်းနေဖို့အတွက် ရေဓာတ်ကမရှိမဖြစ်လိုအပ်တာကြောင့် ရေဝဝသောက်ပါ။
(၃) မျက်နှာကိုမထိနဲ့တော့။
မျက်နှာကို ပြင်ပဘယ်လိုပစ္စည်းမျိုးနဲ့မဆို ထိတွေ့တာမျိးတွေကို သတိထားရှောင်ပါ။ ဖုန်းကိုမျက်နှာနားကပ်ပြောတာမျိုး၊ မျက်နှာကို စားပွဲပေါ်မှာမှောက်အိပ်တာမျိုးတွေရှောင်ကြဉ်ပါ။ အိပ်တဲ့အခါမှာ ပိုးသားခေါင်းအုံးမျိုးကို ရွေးချယ်ပါ။
(၄) နေရောင်နဲ့ထိတွေ့မှုနည်းပါစေ
နေရောင်တွေက သင့်အသားအရေကိုပျက်စီးစေပြီး အိုမင်းရင့်ရော်စေတာကြောင့် အပြင်သွားတိုင်း sun cream လိမ်းပေးပါ။
(၅) အကျင့်ဆိုးတွေဖျောက်ပစ်ပါ
လမ်းဘေးအစာနဲ့ အသင့်စားအစာတွေစားသုံးတာမျိုး၊ လေ့ကျင့်ခန်းမလုပ်တာမျိုးတွေကို ရှောင်ကြဉ်ပါ။ အရက်၊ ဆေးလိပ်နဲ့ ကော်ဖီဖြတ်ပါ။ အိပ်ချိန်အလုံအလောက်ရအောင်လည်း သတိပြုပါ။
(၆) မျက်နှာကို ပုံမှန်သန့်စင်ပါ
လေထုထဲကအညစ်အကြေးတွေက သင့်အသားအရေကိုထိခိုက်စေပါတယ်။ ဒါကြောင့် ပုံမှန် skincare အဆင့်တွေဖြစ်တဲ့ scrubbing, toning, moisturizing ကို သေချာလုပ်ဆောင်ပါ။ အယ်လ်ကိုဟောမပါဝင်တဲ့အလှကုန်ပစ္စည်းမျိုးတွေကို ရွေးချယ်ပါ။
(၇) ကွာလတီကောင်းတဲ့ပစ္စည်းတွေကိုသာ သုံးပါ
အသက်အရွယ်ရလာပြီဆိုရင် ကောင်းနိုးရာရာနဲ့ဈေးပေါတဲ့ မိတ်ကပ်ပစ္စည်းတွေအစား ကွာလတီကောင်းတဲ့ skincare မျိုးကိုသာ သုံးစွဲပါ။ မိတ်ကပ်လိမ်းတဲ့ ဘရပ်ရှ်တွေကိုလည်း ပုံမှန်ဆေးကြောပေးပါ။
(၈) ပြုံးပါ
မျက်နှာကြီးစူပုတ်ထားတာမျိုးက သင့်ကိုအရေးကြောင်းတွေပိုဖြစ်စေမှာပါ။ ပြုံးခြင်းအားဖြင့် သင့်စိတ်ကိုပျေ်ာရွှင်စေပြီး နုပျိုလာမှာပါ။ အချိန်ရှိရင်တော့ တရားထိုင်တာမျိုးလုပ်နိုင်ပါတယ်။
(၉) ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်ပါ
အသက်ရလာပြီဆိုတာနဲ့ လည်ပင်းနဲ့လက်တွေတွန့်နေတတ်တာမို့ ပုံမှန် ခရင်မ်တခုခုလိမ်းပေးသင့်ပါတယ်။
(၁၀) ဆံပင်ကိုလည်း မမေ့ပါနဲ့
အသက်ကြီးတဲ့အခါ ထိပ်ပြောင်ခြင်း၊ ဆံပင်ကျွတ်ခြင်းစတာတွေဖြစ်လာတတ်တာမို့ ဆံသားတွေခြောက်သွေ့မသွားအောင်၊ နက်မှောင်နေအောင် ဂရုစိုက်သင့်ပါတယ်။
www.stylecraze.com