Trend

ပိုက်ဆံစုမိစေမယ့် အထိရောက်ဆုံး နည်းလမ်း ၅ ခု

Want create site? Find Free WordPress Themes and plugins.

သင်ဟာ လုပ်ငန်းခွင်ထဲ ရောက်နေပြီး အသက်ကလည်း မငယ်ရွယ်တော့ဘူးဆိုရင် ပိုက်ဆံစစုဖို့ စဉ်းစားသင့်နေပါပြီ။ အသက်အရွယ် ရလာတဲ့အခါ ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ဖြစ်ဖြစ်၊ အိုစာမင်းစာ အတွက်ပဲဖြစ်ဖြစ် ငွေကို စုဆောင်းထားသင့်ပါတယ်။

သင်လုပ်နေရတဲ့ အလုပ်ဟာ ပင်စင်လစာရမှာ မဟုတ်ဘူးဆိုရင် ပိုလို့တောင် ငွေကိုချွေတာ စုဆောင်းသင့်ပါတယ်။ စုချင်သော်လည်း မစုဖြစ်သေးတဲ့ အခြေအနေ ရောက်နေတယ်ဆိုရင် အောက်က နည်းလမ်းတွေက သင့်စုဖြစ်လာအောင် ကူညီပါလိ့မ်မယ်။

(၁) အသုံးစရိတ် ချတွက်ပါ

ငွေကြေးကို သေချာသုံးစွဲတဲ့သူတွေမှာ လတလစာရဲ့အသုံးစရိတ်ကို ကြိုတင်စဉ်းစားထားလေ့ ရှိပါတယ်။ ရေဖိုး၊ မီးဖိုး၊ ကားခ၊ အဝတ်အစားစရိတ်၊ မုန့်ဖိုးစသည်ဖြင့် သေချာတွက်ချက်ပြီးပြီဆိုရင် ဘယ်လောက်ကျန်မလဲ သေချာစဉ်းစားပါ။

(၂) ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းလောက် စုမိအောင်လုပ်ပါ

ဒီတလတော့ သုံးစရာများနေတယ်ဆိုပြီး တပြားမှမချန်သုံးလိုက်တာမျိုးကိုရှောင်ကြဉ်ပါ။ လစဉ်သင့်ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကိုပုံမှန်စုပြီး အဲဒီ့ပမာဏကိုလည်း အခြားအသုံးစရိတ်တွေလိုပဲ သတ်မှတ်ပြီး လစာထဲက ဖယ်ထားတာမျိုးလုပ်ပါ။

(၃) အကြွေး မရှိပါစေနဲ့

ပိုက်ဆံ စုချင်သော်လည်းပဲ တလတလ အကြွေးတွေနဲ့လုံးပမ်းနေရတာကြောင့် မစုမိတာမျိုးကို ရှောင်ကြဉ်ပါ။ အတိုးနဲ့ ငွေချေးမိထားတယ်ဆိုရင် မြန်မြန်ကျေအောင် ဆပ်လိုက်ပါ။

(၄) ပိုက်ဆံသုံးတိုင်းသတိပေးနေမယ့် အက်ပလီကေးရှင်းသုံးပါ

ပိုက်ဆံတွေသုံးတာကို ပြန်စစ်ဆေးပေးမယ့် အက်ပလီကေးရှင်းမျိုးကို အင်တာနက်ကနေ ဒေါင်းလုတ်ဆွဲပါ။ တချို့ကတော့ စာအိတ်တွေမှာ ခေါင်းစဉ်လေးတွေ (ရေဖိုး၊ မီးဖိုး၊ ကားခ) စသည်ဖြင့်ရေးပြီး ပိုက်ဆံတွေထည့်သိမ်းထားတတ်ကြပါတယ်။ သင့်အနေနဲ့ သုံးရလွယ်ကူတဲ့ နည်းလမ်းမျိုးကို လိုက်လုပ်ဆောင်နိုင်ပါတယ်။

(၅) No-spend month

တလလုံးကို ဘာမှ အပိုဝင်ငွေ မကုန်ခံတဲ့ Challenge မျိုးတွေကိုသူငယ်ချင်းတွေနဲ့ စိန်ခေါ်ပြီး ပိုက်ဆံစုကြည့်လို့လည်း ရပါတယ်။ ဒီလိုမျိုးလုပ်နိုင်သွားပြီဆိုရင်တော့ သင့်ကိုယ်သင် ဆုပြန်ချဖို့ ငွေကြေး အနည်းငယ် ပြန်သုံးစွဲတာမျိုး လုပ်နိုင်ပါတယ်။

Ref ; www.thecut.com

Did you find apk for android? You can find new Free Android Games and apps.
Loading