Trend

ပလတ်စတစ်ဆာဂျရီကြောင့် ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးမိသွားတဲ့ နာမည်ကျော်များ

ပိုက်ဆံနဲ့ ဆေးပညာတိုးတက်မှုရဲ့အကူအညီနဲ့ မိမိလိုချင်တဲ့ ရုပ်ရည်သွင်ပြင်မျိုးကို အခုနောက်ပိုင်းမှာ အလွယ်တကူ ပြောင်းလဲ ပိုင်ဆိုင်နိုင်ပြီလို့ ပြောလို့ရပေမယ့် အခုဖော်ပြပေးမယ့် နာမည်ကျော်တွေကတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့် မိမိအလှကို မိမိဖျက်ဆီးမိသလို ဖြစ်သွားခဲ့ကြသူတွေပဲ ဖြစ်ပါတယ်။

(၁) Donatella Versace

 

 

နာမည်ကျော် Versace Group ရဲ့ အဓိကဒီဇိုင်နာတယောက်ဖြစ်တဲ့ Donatella Versace ဟာ သူ့ရဲ့မျက်နှာခွဲစိတ်မှုတွေ အတွက် ငွေကြေးပမာဏအမြောက်အများ သုံးစွဲခဲ့ပေမယ့် အံ့အားသင့်စရာ ကောင်းလောက်အောင် သူမရဲ့ မူရင်းအလှကို ဖျက်ဆီးသလို ဖြစ်သွားခဲ့ပါတယ်။

(၂) Michaela Romanini

 

 

အီတလီရဲ့ ချမ်းသာတဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ လူသိများထင်ရှားတဲ့ Michaela Romanini ဟာ နှုတ်ခမ်းခွဲစိတ်မှုကို ပြုလုပ်ခဲ့ပြီး ဝမ်းနည်းစရာကောင်းစွာပဲ ဒီခွဲစိတ်မှုဟာ မအောင်မြင်ခဲ့ပါဘူး။ ဒီလိုခွဲစိတ်မှုကြောင့် ပိုမိုကြည့်ကောင်းလာ ရမယ့်အစား ယောကျ်ားတယောက်ရဲ့ မျက်နှာကျ မျိုးကိုသာ ပိုင်ဆိုင်သွားခဲ့ရပါတယ်။

(၃) Jocelyn Wildenstein

 

 

နယူးယော့ခ်မြို့ရဲ့ ချမ်းသာတဲ့ လူမှုအသိုင်းအဝိုင်းကြားမှာ ရေပန်းစားသူတဦးဖြစ်ခဲ့တဲ့ သူမဟာ ဆိုရင်တော့ မျက်ခုံး၊ မေးစေ့၊ ပါးရိုးနဲ့ပါးမို့ စတဲ့ မျက်နှာတခုလုံး နီးပါးကို ခွဲစိတ်ပြုပြင်ခဲ့ပေမယ့် ရလာဒ်ကတော့ ကြောင်တကောင်နဲ့တူတဲ့ ကြောက်စရာ အသွင်အပြင်မျိုးကိုသာ ရရှိခဲ့ပါတယ်။

(၄) Tori Spelling

အမေရိကန်သရုပ်ဆောင်နဲ့ စာရေးဆရာမတဦးဖြစ်တဲ့ Tori Spelling ဟာ မေးရိုးခွဲစိတ်မှု ပြုလုပ်ခဲ့ပေမယ့် သူမရဲ့ပင်ကို အလှကို ဖျက်ဆီးမိသလို ဖြစ်သွားခဲ့တဲ့ နာမည်ကျော်တွေထဲက တယောက်ပဲ ဖြစ်ပါတယ်။

(၅) Pete Burns

 

 

Dead or Alive ဂီတအဖွဲ့ရဲ့ အဆိုတော်တဦးဖြစ်တဲ့ Pete Burns ဟာ နှာခေါင်းနဲ့နှုတ်ခမ်း ခွဲစိတ်မှုပြုလုပ်ခဲ့ပြီး သူကိုယ်တိုင် အနေနဲ့တော့ ယခုလို ခွဲစိတ်ပြုပြင်ခြင်းတွေကို တမ်းတမ်းစွဲ ဖြစ်နေသူတဦးမဟုတ်ကြောင်းကို ဝန်ခံခဲ့ပါတယ်။ ဒါဟာလည်း သူရဲ့အံအားသင့်စရာ ကောင်းလောက်အောင် ရုပ်ရည်သွင်ပြင်ပြောင်းလဲသွားမှုကြောင့်ပဲ ဖြစ်ပါတယ်။

Ref. readysethealth.com

Loading