Trend

ဂျာမနီနိုင်ငံမှာသာ မြင်တွေ့ရမယ့် အရာများ

Want create site? Find Free WordPress Themes and plugins.

ဂျာမနီနိုင်ငံဟာ လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်တာတွေ တော်တော်များများရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် ထောင်ဖောက်ပြေးတာကို ဂျာမနီနိုင်ငံမှာ ပြစ်ဒဏ်ြ= ပြန်လည် ချမှတ်ခြင်း မရှိဘူးလို့ သိရပါတယ်။

လွတ်လပ်မှုကို ရှာဖွေတတ်တဲ့ လူ့သဘာဝကြောင့် ဒီလို ထောင်ဖောက်ပြေးတာကို ပြစ်မှုလို့ မသတ်မှတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂျာမနီနိုင်ငံဟာ သင့်ကို အံ့သြမှုတွေ အများကြီးပေးမှာ ဖြစ်လို့ ဖတ်ရှုကြည့်ဖို့ တင်ပြပေးချင်ပါတယ်။

(၁) Oktoberfast ပွဲတော်အတွက် ပြင်ဆင်ခြင်း

 

 

ဂျာမနီနိုင်ငံမှာ ရှိတဲ့ Oktoberfast ဆိုတဲ့ ဘီယာသောက်ပွဲတော်ဟာ တကယ်တော့ စက်တင်ဘာလမှာ ကျင်းပတာ ဖြစ်ပါတယ်။ ဒီဘီယာသောက်ပွဲ အမျိုးသားတွေသာမက အမျိုးသမီးတွေကလည်း ဘီယာစည်တွေ မ ခြင်း၊ စားပွဲထိုးခြင်းစတာတွေကို အပင်ပန်းခံကာ ဝင်ရောက် ကူညီလေ့ရှိကြပါတယ်။

(၂) လက်ချောင်းဖြင့် အားဆွဲပြိုင်ခြင်း

 

 

ဂျာမနီနိုင်ငံ အရှေ့တောင်ဖက်က လူတွေဟာ လက်ချောင်းနဲ့ အားဆွဲပြိုင်တဲ့ ပညာမှာ တဖက်ကမ်းခတ်ကြပါတယ်။ သူတို့ဟာ ကလေးကတည်းက လက်ချောင်းကို သန်မာအောင် လေ့ကျင့်ခြင်း၊ လက်ချောင်းနဲ့ အားဆွဲခြင်းတွေကို လေ့ကျင့်ထားကြပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာ အထူးဆန်းဆုံးဖြစ်တဲ့ လက်ချောင်းနဲ့ အားဆွဲပြိုင်ပွဲကို ဂုဏ်ယူစွာ ကျင်းပ ကြပါတယ်။

(၃) ဝက်အူချောင်း ထုတ်စက်

 

 

ကမ္ဘာပေါ်က နေရာတော်တော်များများမှာ ဖျော်ရည်ထုတ်စက်၊ သကြားလုံး ထုတ်ပေးတဲ့စက်တွေပဲ ရှိပေမယ့် ဂျာမနီမှာ ရှိတာက ဝက်အူချောင်း ထုတ်ပေးတဲ့ စက်ဖြစ်ပါတယ်။ ဂျာမန်လူမျိုးတွေဟာ ဝက်အူချောင်း အလွန် စားသုံးသူတွေဖြစ်ပြီး ကြက်အူချောင်း၊ အမဲအူချောင်း စတာတွေကိုလည်း အဆိုပါစက်မှာ အကြွေစေ့ ထည့်ပြီး ဝယ်ယူနိုင်ပါတယ်။

(၄) No Speed Limits

 

 

ဂျာမန်ီနိုင်ငံမှာ ကားမောင်းရင် Limit သတ်မှတ်ထားတာ မရှိပါဘူး။ သင်ကြိုက်သလောက် အရှိန်တင်ပြီး မောင်းခွင့် ရှိပါတယ်။ ဒီလို သတ်မှတ်ပေးလိုက်တဲ့အခါမှာ လူတွေဟာ ကိုယ့်သတ်မှတ်နှုန်းနဲ့ ကိုယ်မောင်းကြတယ်လို့ သိရပါတယ်။

(၅) ကမ္ဘာ့အကျဉ်းမြောင်းဆုံးလမ်း

 

 

ဂျာမနီနိုင်ငံက Reutlingen မြို့မှာ ရှိတဲ့ Spreuerhofstrasse ဆိုတဲ့ လမ်းဟာ ကမ္ဘာပေါ်မှာ အကျဉ်းမြောင်းဆုံးလမ်း ဖြစ်ပါတယ်။ ဒီလမ်းဟာ ၃၂ စင်တီမီတာသာ ကျယ်ဝန်းပြီး ကမ္ဘာ့အကျဉ်းဆုံး လမ်းအဖြစ် ဂင်းနစ်စံချိန်ဝင်ထားတဲ့ လမ်းဖြစ်ပါတယ်။

Ref;Brightside.com

Did you find apk for android? You can find new Free Android Games and apps.
Loading