Trend

လိင်တူလိင်ကွဲ နှစ်သက်ကြောင်း ဝန်ခံထားတဲ့ ကမ္ဘာကျော် အနုပညာရှင်များ

Want create site? Find Free WordPress Themes and plugins.

အနုပညာရှင် တော်တော်များများဟာ သူတို့ရဲ့ ပြင်ပဘဝနေထိုင်မှုမှာ သိုသိုသိပ်သိပ် နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော အနုပညာရှင်တွေကတော့ သူတို့ရဲ့ ယုံကြည်မှုတွေနဲ့ သူတို့ရဲ့ နေထိုင်မှုတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလေ့ ရှိကြတာပဲ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ လိင်တူလိင်ကွဲ နှစ်သက်ကြသူတွေပဲ ဖြစ်ပါတယ်။

(၁) Angelina Jolie

လူသိများပြီး နာမည်ကျော် မင်းသမီးတဦးဖြစ်တဲ့ Angelina Jolie ဟာဆိုရင် လိင်တူလိင်ကွဲ နှစ်သက်သူတဦး ဖြစ်ပြီး သူမကိုယ်တိုင် လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ်တွေမှာ Jolie ဟာ မိန်းကလေးချစ်သူ တယောက်ဖြစ်တဲ့ Jenny Shimizuနဲ့ တွဲခဲ့ဖူးတာပဲ ဖြစ်ပါတယ်။

(၂) Fergie

“The Black Eyed Peas” အဖွဲ့ရဲ့ Fergie ဟာ ၂၀၁၂ ခုနှစ်မှာ သူမဟာ လိင်တူလိင်ကွဲ နှစ်သက်သူ တဦးလို့ အတည်ပြုခဲ့ဖူးတာဖြစ်ပြီး သူမရဲ့ ကောလိပ်ကျောင်းသူဘဝမှာ စတင် သတိထားမိခဲ့တာလို့ သိရှိရပါတယ်။

(၃) Alan Cumming

စကော့တလန် အမျိုးသားသရုပ်ဆောင်တဦးဖြစ်တဲ့ Alan Cumming ဟာ ၁၉၉၃ခုနှစ်မှာ Hilary Lyon ကို လက်ထပ်ခဲ့တာဖြစ်ပြီး အိမ်ထောင်သက် ၁၈ နှစ် ကြာမြင့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကွာရှင်းပြတ်စဲမှု အပြီးမှာတော့ Cumming ဟာ လိင်တူလိင်ကွဲ နှစ်သက်သူတဦး ဖြစ်တယ်လို့ အတိအလင်းပြောဆိုခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ Grant Shaffer နဲ့ လက်ထပ်ခဲ့ကြတာပဲဖြစ်ပါတယ်။

(၄) Megan Fox

၂၀၁၁ခုနှစ် ၊ Esquireနဲ့ အင်တာဗျူးတခုမှာ Megan Fox ဟာ လိင်တူလိင်ကွဲနှစ်သက်သူဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။ “လူတွေဟာ မွေးကတည်းက လိင်တူလိင်ကွဲနှစ်သက်သူတွေဖြစ်ကြပါတယ်။ ဒီအတွက် ကျမကိုယ်ကျမ ပြန်မေးစရာ မေးခွန်းလည်း မရှိပါဘူး”လို့ ထပ်မံဖြေကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။

Ref: readyshealth.com

Did you find apk for android? You can find new Free Android Games and apps.
Loading