“တောင်းမှာအကွပ် လူမှာအဝတ်” ဆိုသလို အင်္ကျီကောင်းတထည်က သင့်ကိုကိုယ်ရောင်ကိုယ်ဝါ တောက်ပအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ပေးရတဲ့ ဈေးနဲ့တန်တဲ့ ကွာလတီမျိုးကို နာမည်ကြီး တံဆိပ်တွေက ပေးနိုင်တာကြောင့် ဝတ်လိုက်တိုင်း စိတ်သက်သောင့်သက်သာ ဖြစ်ရပါတယ်။
ဒါဆိုရင် ကမ္ဘာမှာ ဈေးအကြီးဆုံးဆိုတဲ့ အဝတ်အထည်တွေကို လေ့လာကြည့်ရင်း ဘာကြောင့် ဈေးကြီးရသလဲ ဆိုတာပါ ကြည့်ကြရအောင်။
(၁) Chanel
“Brand” ဆိုတဲ့ အသိုင်းအဝိုင်းကြားမှာ လုံးဝသိသင့်တာကတော့ “Coco Chanel” ပါ။ Chanel ဟာ ကမ္ဘာက ဘာလိုအပ်နေသလဲဆိုတာ ကြည့်နိုင်တဲ့မျက်စိရှိပြီး သင့်တော်တဲ့ အဝတ်အစားတွေ ထုတ်လုပ်နိုင်တာပဲ ဖြစ်ပါတယ်။ Chanel No.5 ရေမွှေးဟာလည်း သူ့ပစ္စည်းတွေထဲကမှ နာမည်ကြီး တခုပါ။ Chanel ရဲ့ အနက်ရောင်ဂါဝန်ဟာ မိန်းကလေးတွေတိုင်း ရဲ့ဗီရိုထဲမှာ မရှိမဖြစ် ရှိနေပါတယ်။
(၂) Burberry
ကမ္ဘာပေါ်က နာမည်ကြီး တံဆိပ်တွေထဲက သက်တမ်းအရှည်ဆုံး တံဆိပ်တခုပါ။ Burberry ရဲ့ Plaid jacket ဟာဆိုရင် လူကြိုက်များခဲ့ပြီး ဒီဇိုင်းကစတင်ဆွဲစဉ်က စစ်သားတွေ ဝတ်ဆင်ဖို့အတွက်သာ ဖြစ်ပြီး ထွက်လာစဉ်မှာတော့ လူအများ ကြိုက်နှစ်သက်ခဲ့ကြပြီး Burberry ရယ်လို့ သတိထားမိစေခဲ့တာ ဖြစ်ပါတယ်။
(၃) Hermes
၁၈ ရာစုကတည်းက စတင်ခဲ့ပြီးအခုဆို နှစ်ပေါင်း ၂၀၀ တိုင်အောင် ရပ်တည်နေနိုင်ပြီ ဖြစ်ပါတယ်။ အရင်တုန်းကတော့ သားရေထည်တွေနဲ့ စတင်တာဖြစ်ပြီး အခုဆိုရင်တော့ အိတ်တွေ၊ ရှူးဖိနပ်တွေ၊ ရေမွှေးတွေအထိ ထုတ်လုပ်နေတာပဲ ဖြစ်ပါတယ်။
(၄) Gucci
Gucci ကတော့ နာမည်အကြီးဆုံး အီတလီ Brand တခုပေ့ါ။ Gucci ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ Guccio က ပဲရစ်မှာ ရွှေ့ပြောင်းဟိုတယ် အလုပ်သမားဘဝကနေ စတင်ခဲ့တာပဲဖြစ်ပါတယ်။ Forbes မဂ္ဂဇင်းက ဖော်ပြချက်အရ Gucci ရဲ့ ဘရန်းတန်ဖိုးဟာ ဒေါ်လာ ၁၂ ဒဿမ ၄ ဘီလီယံ ရှိပါတယ်။
(၅) Dior
တန်ဖိုးကြီးပစ္စည်းနဲ့ အမျိုးသမီးတွေအတွက် High class အသုံးအဆောင်မျိုးတွေကို ၁၉၄၆ ခုနှစ် ကနေ စတင် ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာကလေးတွေအတွက် Baby Dior နဲ့ အမျိုးသားတွေ အတွက် Homme Dior ဆိုတာမျိုးနဲ့ ဈေးကွက်ဖြန့်ကျက်ခဲ့ပါတယ်။
အခုဖော်ပြပေးခဲ့တဲ့ တံဆိပ်တွေက ဈေးလည်းကြီးသလို သူတို့ရဲ့ ဂုဏ်သတင်းဟာလည်း မသေးလှပါဘူး။ နောက်ထပ် အကောင်းစားတံဆိပ်တွေလည်း ရှိသေးတာကြောင့် အလျဉ်း သင့်သလို ဖော်ပြပေးသွားပါမယ်။
Ref ; www.stylecraze.com