ဘောလိဝုဒ် မင်းသမီး အများစုဟာ ဆွဲဆောင်မှုရှိတဲ့ မျက်လုံး၊ မျက်ခုံးတွေနဲ့ လှပတဲ့ အသားအရေကြောင့် မိန်းကလေးတိုင်း အားကျရပါတယ်။ ဒါကြောင့်မို့လို့ နာမည်ကျော် ဘောလိဝုဒ် မင်းသမီးတွေရဲ့ အသားအရေ ထိန်းသိမ်းနည်းတွေကို ပျိုမေတွေ လိုက်လံ ပြုလုပ်ကြည့်နိုင်ဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) Anushka Sharma
“PK မင်းသမီး” လို့ မြန်မာပရိသတ်အများစုသိကြတဲ့ မင်းသမီး Anushka Sharma ကတော့ တမာရွက်အမှုန့်၊ ဒိန်ချဉ်နဲ့ Rose water တို့ကို အသုံးပြုပြီး မျက်နှာပေါင်းတင်လေ့ရှိတယ်လို့ ဆိုပါတယ်။ တမာရွက်ဟာ ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး မျက်နှာ အသားအရေကို တောက်ပ ကြည်လင်စေပါတယ်။
(၂) Priyanka Chopra
နာမည်ကြီး မင်းသမီးတဦးဖြစ်တဲ့ Priyanka Chopra ကတော့ မျက်တောင်တွေ ရှည်လျားသန်စွမ်းစေဖို့ ယူကလစ်ဆီကို အသုံးပြုတယ်လို့ အင်တာဗျူးတခုမှာ ဖြေဆိုခဲ့ဖူးပါတယ်။ ယူကလစ်ဆီကို အသုံးပြုပြီး မျက်ခုံးနှင့် မျက်တောင်တွေ သန်စွမ်းစေဖို့ ပြုလုပ်ပေးခြင်းဟာ သူမအကြိုက်ဆုံး နည်းလမ်းတခု ဖြစ်တယ်လို့ ဆိုပါတယ်။
(၃) Katrina Kaif
International ဆန်တဲ့ မျက်နှာအသွင်အပြင်နဲ့ ယောကျ်ားလေးပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီးတဦး ဖြစ်တဲ့ Katrina Kaif ကတော့ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေ ပြေပျောက်စေဖို့ Green Tea နဲ့ ဂျုံမြက်ပင် (Wheat grass) ဖျော်ရည်တွေကို နေ့စဉ် သောက်သုံးပေးတယ်လို့ ဆိုပါတယ်။ မျက်နှာ အသားအရေ ကျန်းမာ လှပစေဖို့အတွက် ဘယ်ရီသီး အလှဆီကိုလည်း အသုံးပြုလေ့ ရှိပါတယ်။
(၄) Kareena Kapoor Khan
မင်းသမီး Kareena Kapoor Khan ကတော့ ကျန်းမာသန်စွမ်းတဲ့ သူမရဲ့ ဆံကေသာအတွက် သံလွင်ဆီကို အသုံးပြုပြီး ပေါင်းတင်လေ့ရှိတယ်လို့ ဆိုပါတယ်။ မျက်နှာ အသားအရေအတွက်တော့ မိတ်ကပ်တွေကို Baby oil အသုံးပြုပြီး သေချာသန့်စင်လေ့ရှိတယ်လို့ ဆိုပါတယ်။
(၅) Deepika Padukone
ဆွဲဆောင်မှုရှိလှတဲ့ နာမည်ကျော်မင်းသမီး Deepika ရဲ့ အသားအရေ ထိန်းသိမ်းနည်းကတော့ ရေများများ သောက်တာဖြစ်ပြီး သူမဟာ အသင့်စား အစားအစာတွေကို ရှောင်ကြဉ်လေ့ ရှိပါတယ်။ အုန်းဆီကို အသုံးပြုပြီး အသားအရေကို နှိပ်နယ် လိမ်းကျံပေးရတာကို ကလေးဘဝတည်းက နှစ်သက်ခဲ့တာလို့လည်း ဆိုပါတယ်။
Ref: www.marieclaire.com