ဘယ်လိုအသုံးအဆောင်ပစ္စည်းမျိုးမဆိုမှာ သက်တမ်းကုန်ဆုံးရက်ဆိုတာရှိပြီး လူအများစုဟာ အိမ်သုံးပစ္စည်း အများစုကိုတော့ သက်တမ်းလွန်တဲ့အထိ သုံးမိတတ်ကြပါတယ်။ အချို့သော အိမ်အသုံးအဆောင်ပစ္စည်းတွေဟာ အချိန်အတော်ကြာအောင် ရေရှည်သုံးမိရင်တော့ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တာကြောင့် ဧရာဝတီရဲ့ စာဖတ်ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) မျက်နှာသုတ်ပဝါ
မျက်နှာသုတ်ပဝါဟာ အချိန်တော်တော်ကြာတဲ့အထိ အသုံးပြုတတ်တဲ့ မျက်နှာသုတ်ပဝါတထည်ရဲ့ သက်တမ်းဟာ ၁နှစ်ကနေ ၂နှစ်အထိသာ အသုံးပြုသင့်ပါတယ်။ မျက်နှာသုတ်ပဝါဟာ စိုလိုက် ၊ ခြောက်လိုက်ဖြစ်နေတဲ့ အသုံးအဆောင် ပစ္စည်းဖြစ်ပြီး မှိုနဲ့ ဘတ်တီးရီးယားတွေဟာ အလွယ်တကူ ကပ်ငြိနေတတာကြောင့်လည်း ရေရှည်အသုံးမပြုသင့်တဲ့ ပစ္စည်းပဲဖြစ်ပါတယ်။
(၂) အိမ်တွင်းစီးဖိနပ်ပါး
အိမ်ထဲမှာစီးတဲ့ အိမ်တွင်းစီးဖိနပ်တွေဟာ ရောဂါပိုးကပ်ငြိလွယ်တဲ့ ပစ္စည်းတမျိုး ဖြစ်တာကြောင့် နေ့တိုင်းလိုလို သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ အိမ်တွင်းစီးဖိနပ်တစုံကို ၆လလောက်အထိသာ အသုံးပြုသင့်ပြီး အချင်းချင်း မျှဝေသုံးစွဲတာမျိုးဟာ ခြေထောက်မှိုစွဲတာနဲ့ ယားနာဖြစ်တာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၃) ခေါင်းအုံး
ခေါင်အုံးတွေဟာ အချိန်ကြာလာတာနဲ့အမျှ လျော့တိလျော့ရဲဖြစ်လာပြီး သက်သောင့်သက်သာရှိစေမှုကိုပါ လျော့ကျ လာစေတတ်ပါတယ်။ ခေါင်းအုံးတလုံးကို ၂နှစ်ကနေ ၃နှစ်ခန့်အထိသာ အသုံးပြုသင့်ပြီး ရေရှည်အသုံးပြုမယ်ဆိုရင်တော့ ဇက်ကြောတက်တာမျိုးနဲ့ ဦးခေါင်းပိုင်းဆိုင်ရာ နာကျင်ကိုက်ခဲမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၄) ဘီး
ခေါင်းဖြီးတဲ့အခါ အသုံးပြုတဲ့ ဘီးတွေကို တပတ်တခါပုံမှန် သန့်ရှင်းပေးသင့်ပြီး တနှစ်ကုန်တိုင်း အသစ်ပြောင်းလဲ သုံးစွဲသင့်ပါတယ်။ ခေါင်းဖြီးဘီးတွေကို ရေရှည်အသုံးပြုမယ်ဆိုရင် ဦးရေပြား နီမြန်းယားယံတာမျိုးနဲ့ ဆံပင်တွေကို ကျွတ်စေတဲ့အထိပါ ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref: m.timesofindia.com