Trend

သရုပ်ဆောင် ဒေါ်စံပယ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ

Want create site? Find Free WordPress Themes and plugins.

ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဒေါ်စံပယ် ဟာ မြောက်ဥက္ကလာမြို့နယ်မှာရှိတဲ့ ဆေးတက္ကသိုလ် (၂) အတွင်းရှိ တော်ဝင်ဆောင်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

နှလုံးရောဂါ ခံစားနေရတဲ့ ဒေါ်စံပယ်ဟာ လက်ရှိမှာ ကျောက်ကပ်ပါ ဖြစ်နေတဲ့အတွက် ခြေတွေ၊ လက်တွေ ဖောရောင်နေသလို ခန္ဓာကိုယ်မှာ သွေးလုံးဝမရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ ဒေါ်စံပယ်ရဲ့ သားဖြစ်သူ ကိုနန္ဒက ဧရာဝတီကို ဆိုပါတယ်။

“အခုလက်ရှိ ခြေထောက်တွေ၊ လက်တွေ ဖောရောင်နေတယ်။ နှလုံးကလည်း မကောင်းဘူး ကျောက်ကပ် ကလည်း မကောင်းဘူး။ ဆီးပိုက်ကလည်း ထည့်ထားရတယ်။ အစာလည်း မစားဘူး။ စကားလည်း သိပ်မပြောနိုင်ဘူး။ အမေ့မှာ က သားတယောက်ပဲရှိတော့ ဆေးရုံစောင့်ဖို့တွေလည်း အခက်အခဲရှိတယ်။ ရုံးဆင်းလိုက် အမေ့ဆီ ပြေးလာလိုက် လုပ်နေရတယ်”

“အခုလက်ရှိ ကျနော်တို့ကို ကူညီထားတာက စာနာစိတ်ပရဟိတ အသင်းအဖွဲ့ပါ။ အဲ့အဖွဲ့ကို ရုပ်ရှင် အစည်းအရုံးက လွှတ်တယ်ပြောတာပဲ။ ရုပ်ရှင်အစည်းအရုံးကတော့ ဘယ်သူမှမလာဘူး။ အမေညီမဝမ်းကွဲက ထောက်ပံ့ကြေးသွား လျှောက်တော့လည်း တနှစ်ထဲ နှစ်ကြိမ်တော့ လျှောက်လို့မရဘူးပြောလိုက်တယ်။ အခုတော့ စာနာစိတ်ပရဟိတ အဖွဲ့က နေ့ဘက်စောင့်၊ ကျနော်က ညဘက်စောင့်နေပါတယ်” လို့ ကိုနန္ဒကပြောပါတယ်။

“အမေကို ကြာသပတေးနေ့က ဆေးရုံစတင်တာပါ။ အမေကလည်း တက်ချင်တယ်။ အိမ်မှာ ဆေးပဲ သောက်နေတော့ သက်သာတာလောက်ပဲ ရှိတာ။ အနုပညာရှင်တွေကလည်း လာရောက်တော့ အလှူငွေတွေပေးပါတယ်။ ဆရာဝန်ကြီး ကတော့ ဘာမှမပြောဘူး။ သူတို့ လိုအပ်တာတွေတော့ လုပ်ပေးနေပါတယ်။ ဆင်းဖို့တော့ ဘာမှမပြောသေးဘူး” လို့ပြောပါတယ်။

အနုပညာရှင်များဖြစ်တဲ့ စိုးမြတ်သူဇာ၊ ကျော်သူ၊ ဝါဝါအောင်၊ မေပန်းချီ၊ ဘေဘီမောင်၊ တိုင်ရွန်၊ စည်ဖြိုး၊ ပိစိကွေး၊ ဂွမ်းပုံကြီးတို့ကလည်း ထောက်ပံ့ငွေ လာရောက်ပြီးကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။ အနုပညာအလုပ်များ လုပ်ကိုင်တာကြာပြီဖြစ်တဲ့ ဒေါ်စံပယ်က အခုဆိုရင် အသက် ၆၀ ရှိပြီဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading