ဘယ်နေရာကိုပဲ ရောက်ရောက် အလိုက် မသိတတ်တဲ့ လူတွေ ရှိနေတတ်ပါတယ်။ လိုင်းကားစီးရင် လူကြီးသူမတွေ၊ ကိုယ်ဝန်ဆောင်သည်တွေကို ဦးစားပေးပြီး နေရာဖယ်ပေးတာမျိုး စတဲ့ အခြေခံ လူကျင့်ဝတ်တွေကို မလိုက်နာမိတဲ့သူ မဖြစ်ရလေအောင် သတိထား ပြင်ဆင်လိုက်နာရမယ့် အခြေခံ လူ့ကျင့်ဝတ်တွေကို ဖော်ပြပေးချင်ပါတယ်။
“ဒူးရင်းသီး၊ တညင်းသီး” စတဲ့ အနံ့ပြင်းတဲ့ စားစရာတွေကို ဘတ်စ်ကား၊ တက်စီ စတဲ့ Public Area မှာ သယ်ရတော့မယ်ဆိုရင် လုံခြုံအောင် ထုတ်ပြီး သယ်သင့်ပါတယ်။ မဖြစ်မနေ သယ်ရတော့မယ် ဆိုမှ သယ်တာ ပိုaကာင်းပါလိမ့်မယ်။ သင့်ကြောင့် တခြားလူတွေ ဒုက္ခမရောက်ပါစေနဲ့။
(၂) လမ်းလယ်ခေါင်က လမ်းမလျှောက်ပါနဲ့
လမ်းကို နှေးနှေးလျှောက်တတ်တဲ့ အကျင့်ရှိရင် လမ်းလယ်ခေါင်က မလျှောက်ပါနဲ့။ သင်က အရှေ့မှာ ဖုန်းကိုင်ပြီး လမ်းနှေးနှေးလေး လျှောက်နေပေမယ့် အခြားလူတွေက ကိုယ့်အပူနဲ့ ကိုယ်ပါ။ ဒါကြောင့် လမ်းနှေးနှေး လျှောက်တတ်တဲ့ အကျင့်ကို ပြင်လို့ မရရင် လမ်းလယ်ခေါင်မှာ ပိတ်ပြီး မလျှောက်ပါနဲ့။
(၃) အမှိုက်ထုတ်တွေကို စနစ်တကျ စွန့်ပစ်ပါ
လမ်းထိပ်တွေမှာ အမှိုက်ပုံးတွေ ထားပေးတဲ့အတွက် အိမ်ပေါ်ကနေ အမှိုက်ပစ်ချခြင်း စတာတွေကို ရှောင်ကြဉ်ဖို့ လိုပါတယ်။ ကုန်စုံဆိုင်တွေမှာ လွယ်လင့်တကူ ဝယ်ယူနိုင်တဲ့ အမှိုက် စွန့်ပစ်အိတ်တွေကို ဝယ်ယူပြီး သင့်အိမ်က ထွက်တဲ့ အမှိုက်တွေကို စွန့်ပစ်ပါ။ အမှိုက်ထုတ်တွေထဲ တတ်နိုင်သလောက် အရည်ပါတာတွေ မပစ်ဘဲနေတာက သင့်ကျန်းမာရေးကိုလည်း အထောက်အကူ ဖြစ်ပါလိမ့်မယ်။
(၄) ဘတ်စ်ကား စီးတဲ့အခါ အခြားသူတွေကို ဦးစားပေးပါ
ဘတ်စ်ကား စီးတဲ့အခါမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်သည်တွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိနေရင် ဦးစားပေးအနေနဲ့ ထိုင်စရာနေရာ ပေးသင့်ပါတယ်။ ဒါ့အပြင် လိုင်းကားပေါ်မှာ အော်ဟစ် စကားပြောတာ၊ ဆဲဆိုတာနဲ့ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက်ပြုလုပ်သူတွေကို တွေ့ရင် ကိုယ်နဲ့ မဆိုင်သလို မနေဘဲ တာဝန်ရှိသူတွေကို ဆက်သွယ်ပေးပါ။ လိုင်းကားပေါ်ကို အတက်၊ အဆင်း ပြုလုပ်ချိန်များမှာလည်း သင့်အရှေ့က လူကို ဦးစားပေးဖို့ လိုအပ်ပါတယ်။
(၅) စည်းကမ်းတွေကို လိုက်နာပါ
စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာပါ။ “အမှိုက်မပစ်ရ” လို့ ရေးထားတဲ့ နေရာတွေမှာ အမှိုက် မပစ်တာက နိုင်ငံကြီးသား ပီသတာပါ။ အနားမှာ ကိုယ်ဝန်ဆောင်သည်တို့၊ ကလေးတို့ ရှိနေရင် သင့်ဆေးလိပ်ကို မီးသတ်ပါ။ ဒါမှမဟုတ် ခပ်ဝေးဝေးမှာ သွားသောက်ပါလို့ အကြံပေးချင်ပါတယ်။
Ref; manrepeller.com