အသက် ၃၀ ကျော်လာတဲ့ အမျိုးသမီးတွေအတွက် အရေးအကြောင်းတွေကို ပြုပြင်တဲ့ အပိုင်းတင် မဟုတ်ဘဲ အရေးအကြောင်းတွေ ထပ်မံ မဖြစ်ပေါ်လာအောင် ထိန်းသိမ်းနိုင်မယ့် အသားအရေ ထိန်းသိမ်းတွေ ရှိပါတယ်။ ဒါကြောင့်မို့လို့ အသက် ၃၀ ကျော် အမျိုးသမီးများ မဖြစ်မနေ ပြုလုပ်သင့်တဲ့ အသားအရေ ထိန်းသိမ်းနည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Sunscreen လိမ်းပါ
သင့်အနေနဲ့ အရင်က sunscreen တွေကို ဘယ်လိုပဲ မလိမ်းခဲ့ပေမယ့် အသက် ၃၀ ကျော်လာပြီ ဆိုရင် မဖြစ်မနေ လိမ်းပေးသင့်ပါတယ်။ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ အသားအရေကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေနိုင်ပြီး အရေးအကြောင်းတွေ ပိုမိုဖြစ်ပေါ်လာစေတာကြောင့် sunscreen ကို ပုံမှန်လိမ်းပေးသင့်ပါတယ်။
(၂) Skincare သေချာလုပ်ပါ
မိတ်ကပ်လိမ်းပြီး အပြင်က ပြန်လာတာနဲ့ သေသေချာချာဖျက်ပြီး toner, serum, emulsion စတဲ့ skincare အဆင့်ဆင့်ကို သုံးစွဲပေးသင့်တဲ့အပြင် သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်တာ ၊ ကြေး (ဂျီး) ချွတ်တာမျိုးတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
(၃) Eye cream မဖြစ်မနေ သုံးပါ
မျက်လုံးတဝိုက်က အရေးအကြောင်းတွေအတွက် eye cream ကို မဖြစ်မနေ အသုံးပြုသင့်ပြီး နှုတ်ခမ်းသားမှာ အရေးအကြောင်းတွေ မဖြစ်ပေါ်စေဖို့အတွက် သံလွင်ဆီကို ညအိပ်ရာဝင်တိုင်း လိမ်းပြီး အိပ်သင့်ပါတယ်။
(၄) ရေဓာတ် ပြည့်ဝအောင်နေပါ
အသားအရေ စိုပြည် တင်းရင်းပြီး အရေးအကြောင်းတွေ ထပ်မံမဖြစ်ပေါ်စေဖို့အတွက် ခန္ဓာကိုယ်တွင်း ရေဓာတ် ပြည့်ဝနေဖို့ကလည်း အရေးကြီးပါတယ်။ တနေ့မှာ ရေ ၃ လီတာခန့် သောက်သုံးပေးသင့်ပြီး collagen နဲ့ vitamin E ပါဝင်တဲ့ ဖြည့်စွက်စာတွေကိုလည်း မှီဝဲသင့်ပါတယ်။
(၅) အိပ်ရေးဝဝ အိပ်ပါ
အိပ်ရေးဝဝ အိပ်စက်ခြင်းဟာလည်း အသားအရေထိန်းသိမ်းမှုအပိုင်းမှာ အရေးကြီးတဲ့ အချက်တခုဖြစ်တာကြောင့် အိပ်ရေးဝဝ အိပ်စက်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတခုခု ပြုလုပ်ပေးခြင်းဟာလည်း အသားအရေအတွက်သာမက ကျန်းမာရေးအတွက်ပါ အမှန်တကယ် အထောက်အကူပြုပေးတာကြောင့် အသက် ၃၀ ကျော်လာပြီဆိုရင် မဖြစ်မနေ ပြုလုပ်ပေးသင့်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ခြောက်သွေ့တဲ့ အသားအရေ ပိုင်ရှင်များအတွက် အသားအရေ ထိန်းသိမ်းနည်းများ
နာမည်ကျော် ဘောလိဝုဒ် မင်းသမီးတွေရဲ့ အသားအရေ ထိန်းသိမ်းနည်းများ
Ref: m.timesofindia.com