ဘောလိဝုဒ်က မင်းသမီးတွေလည်း နာမည်ကြီးလာတာနဲ့အမျှ သူတို့မျက်နှာက အစိတ်အပိုင်း အချို့ကို ပြုပြင် ပြောင်းလဲကြပါတယ်။ တချို့က အဲဒီလို ပြုပြင် ပြောင်းလဲတာကို ဝန်ခံတာမျိုး ရှိသလို တချို့ကတော့ မသိမသာပဲ နေကြပါတယ်။ ယခု ဖော်ပြပေးမယ့် အိန္ဒိယ မင်းသမီးတွေကတော့ နာမည်ကြီးလာတာနဲ့ အမျှ သူတို့ရဲ့ မျက်နှာ အစိတ်အပိုင်းအချို့ကို ပြောင်းလဲသွားတာ ဖြစ်ပါတယ်။
(၁) Anushka Sharma
Aushka က “Shahrukh Khan” နဲ့ “Rab Ne Bana Di Jodi” ဆိုတဲ့ဇာတ်ကားမှာ ပွဲဦးထွက် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရိုးရှင်းတဲ့အလှနဲ့ သရုပ်ဆောင်ကောင်းတာကြောင့် လက်ခံသူတွေ များခဲ့ပြီးနောက်ပိုင်းမှာ သူမရဲ့နှုတ်ခမ်းဟာ သိသိသာသာကြီးကို ပြောင်းလဲလာပါတယ်။ နှုတ်ခမ်းကြီး ပိုထူလာတာကြောင့် အမြင်ကတ်တဲ့ ပရိသတ်တွေလည်း များလာပါတယ်။
(၂) Priyanka Chopra
တချိန်က Miss World ဖြစ်ခဲ့တဲ့ Priyanka က သဘာဝအလှ ပိုင်ဆိုင်ထားသူပါ။ သူမရဲ့ နှုတ်ခမ်းကြောင့် ရုပ်ရှင်အချို့မှာ သရုပ်ဆောင်ဖို့ ငြင်းပယ်ခံရပြီးနောက် သူမရဲ့ မျက်နှာ အစိတ်အပိုင်း အချို့က ပြောင်းလဲသွားတယ်လို့ ဆိုကြပါတယ်။ အခုတော့ တကမ္ဘာလုံးက လက်ခံတဲ့ သရုပ်ဆောင် တယောက်အဖြစ် သူမ ရပ်တည်နေနိုင်ပါပြီ။
(၃) Jacqueline Fernandez
သီရိလင်္ကာအလှပဂေးလေး Jacqueline က ဘောလိဝုဒ်မှာ ခြေလှမ်းစပြင်ကတည်းက ကြိုးစားမှုကြောင့် အသိအမှတ်ပြုခံရသူလေးပါ။ သူမရဲ့ နှုတ်ခမ်းကလည်း သိသိသာသာပြောင်းလဲသွားလေရဲ့။ အခုတော့ သူမကပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင်တယောက်ဖြစ်နေပါပြီနော်။
(၄) Kareena Kapoor
ဘောလိဝုဒ် ရုပ်ရှင်သမိုင်းမှာ သက်တမ်းတခုထိ ရပ်တည်လာနေတဲ့ Kareena ဟာလည်း ပြောင်းလဲမှုတွေ ရှိပါတယ်။ သူမရဲ့ နှုတ်ခမ်းနဲ့ ပါးရိုးတွေကို ပိုလှပနေဖို့ ပြုပြင်ထားတယ်လု့ိ ဝေဖန်သူတွေက ဆိုကြပါတယ်။
(၅) Mouni Roy
Akshay Kumar နဲ့အတူ ဘောလိဝုဒ် အသိုင်းအဝိုင်းထဲကို စတင် ဝင်ရောက်လာခဲ့ပြီး နေရာတခု ရရှိထားပြီ ဖြစ်ပါတယ်။ သူမရဲ့နှုတ်ခမ်းတွေက ပေါ်ခါစနဲ့ မတူဘဲ ပိုပြီး ဆွဲဆောင်မှု ရှိနေပါတယ်။
သူတို့ ၅ ယောက်ရဲ့ ပြောင်းလဲမှုတွေကို ကြည့်မယ်ဆိုရင် ဘောလိဝုဒ်က မင်းသမီးတွေက နှုတ်ခမ်းတွေ ထူထူထဲထဲ ဖြစ်တာကို သဘောကျတယ်လို့ ယူဆရပါတယ်။
Ref ; viral.laughingcolours.com