Trend

နောင်လာမယ့် ခုနှစ်တွေမှာ ပျောက်ကွယ်သွားနိုင်ခြေရှိတဲ့ အလုပ်အကိုင် ၅ မျိုး

Want create site? Find Free WordPress Themes and plugins.

နည်းပညာ တိုးတက်မှုတွေနဲ့အတူ အသစ်အသစ်သော အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာသလို နောင်တချိန်မှာ ပျောက်ကွယ်သွားနိုင်ခြေရှိတဲ့ အလုပ်အကိုင်တွေလည်း ရှိနေပြီလို့ အလုပ်အကိုင် ကျွမ်းကျင် ပညာရှင်တွေက သုံးသပ် ပြောဆိုထားကြပါတယ်။

အခုဖော်ပြပေးမယ့် အလုပ်အကိုင်တွေကတော့ ကျွမ်းကျင်သူတွေ သုံးသပ် ပြောဆိုထားကြတဲ့ နောင်လာမယ့် ခုနှစ်တွေမှာ ပျောက်ကွယ်သွားနိုင်ခြေ ရှိတဲ့ အလုပ်အကိုင်တွေပဲဖြစ်ပါတယ်။

(၁) ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်း

နည်းပညာတွေ ခေတ်မီ တိုးတက်လာတာနဲ့အမျှ စာအုပ်ထုတ်ဝေရေးနဲ့ ပုံနှိပ်လုပ်ငန်းတွေဟာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတော့မယ့် လုပ်ငန်းတွေထဲမှာ တခု အပါအဝင်ပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်လို ဒစ်ဂျစ်တယ် ခေတ်ကြီးထဲမှာ e-book နဲ့ အွန်လိုင်းမီဒီယာတွေဟာ အများအပြား ထွက်ပေါ်နေတာကြောင့်လည်း ပုံနှိပ် ထုတ်ဝေခြင်းလုပ်ငန်းတွေဟာ တွေ့မြင်ရဖို့ ခက်ခဲလာမှာ ဖြစ်ပါတယ်။

(၂) စာပို့သမား

မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေ ပေါများလာတဲ့ ယနေ့မျက်မှောက် ခေတ်မှာတော့ တနေရာနဲ့ တနေရာ အဆက်အသွယ် လုပ်ဖို့ကို စာပို့သမားတွေရဲ့ အကူအညီဟာ မလိုအပ်သလောက်ကို ဖြစ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ စာပို့သမား အလုပ်ဟာလည်း နောင်လာမယ့် ခုနှစ်တွေ့မှာ တွေ့မြင်ရဖို့ နည်းသွားပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုထားပါတယ်။

(၃) ခရီးသွားအေဂျင်စီ

ခရီးသွားအေဂျင်စီတွေနဲ့ ခရီးသွားတာထက် ကိုယ်ပိုင်ခရီးစဉ်ကို ကိုယ်တိုင် ဖန်တီးပြီး သွားလာတာကို နှစ်ခု ယှဉ်တွဲပြီး စစ်တမ်း ကောက်ယူကြည့်တဲ့အခါ ကိုယ်ပိုင်ခရီးစဉ်နဲ့ ခရီးသွားလာမှုက ပိုမိုများပြားတယ်လို့ သိရပါတယ်။
ယနေ့ခေတ်မှာ ကိုယ်သွားချင်တဲ့နေရာကို အင်တာနက်မှာ အလွယ်တကူ ရှာဖွေကြည့်နိုင်သလို ကုန်ကျ စရိတ်ကိုပါ ခန့်မှန်းတွက်ချက် ကြည့်နိုင်တာကြောင့်လည်း နောက်လာမယ့် ခုနှစ်တွေမှာ ခရီးသွားအေဂျင်စီ လုပ်ငန်းတွေဟာလည်း ပျောက်ကွယ်သွားနိုင်ခြေရှိတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

(၄) Cashier

ဈေးဝယ်တဲ့အခါ Cashier မှာ တန်းစီပြီး စောင့်ဆိုင်နေရတာမျိုးဟာ နောင်လာမယ့် ခုနှစ်တွေမှာတော့ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ နည်းပညာရဲ့ ပြောင်းလဲတိုးတက်မှုကြောင့် ငွေပေးချေမှုစနစ်တွေဟာ အခုနောက်ပိုင်းမှာ ပိုမိုတိုးတက်လာတာကြောင့်လည်း Cashier အလုပ်အကိုင်တွေဟာ ပျောက်ကွယ်သွားနိုင်ခြေ ရှိပါတယ်။

(၅) စာကြည့်တိုက်မှူး

ကမ္ဘာတဝှမ်း စာကြည့်တိုက်အများစု ရင်ဆိုင်နေရတဲ့ ပြဿနာတခုကတော့ စာကြည့်တိုက်မှူးအဖြစ် လုပ်ကိုင်ဖို့ အလုပ်သမား ရှားပါးတဲ့ ပြဿနာဖြစ်ပြီး ယနေ့ခေတ်မှာတော့ အဲဒီ ပြဿနာကို နည်းပညာရဲ့ အကူအညီနဲ့ အထိုက်အလျောက် ဖြေရှင်းနိုင်နေပြီ ဖြစ်ပါတယ်။ ကူညီချင်စိတ်ပြည့်ဝပြီး ဗဟုသုတ နှံ့စပ်တဲ့ စာကြည့်တိုက်မှူးတွေဟာ နောက်ပိုင်းကာလတွေမှာ တွေ့ရဖို့ ခဲယဉ်းလာတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်တခုပဲ ဖြစ်ပါတယ်။

Ref: www.cheatsheet.com

Did you find apk for android? You can find new Free Android Games and apps.
Loading