သင်ပိုက်ဆံ ချမ်းသာလို့ ကားအကောင်းစားတွေ ဝယ်စီးတာ ပစ္စည်းအကောင်းစားတွေ ဝယ်သုံးတာကို ဘယ်သူကမှ လှောင်ပြောင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့ချမ်းသာတဲ့ လူတွေဟာ ကြွားချင်ရုံ သက်သက်နဲ့ အထူးအဆန်း ပစ္စည်းတွေကို ဝယ်ယူသုံးစွဲကြပါတယ်။ ဒီတခါမှာတော့ ကမ္ဘာပေါ်မှာရှိတဲ့ ဈေးအကြီးဆုံး ထူးထူးဆန်းဆန်း ပစ္စည်းတွေကို ဖော်ပြပေးချင်ပါတယ်။
(၁) Crystal Piano
စန္ဒရား တခုလုံးကို သလင်းကျောက်နဲ့ ပြုလုပ်ထားတဲ့ Crystal Piano ကတော့ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၄ မီလီယံ တန်ကြေးရှိပြီး ကမ္ဘာ့ဈေးအကြီးဆုံး တူရိယာတွေထဲက တခုဖြစ်ပါတယ်။
(၂) Villa Leopolda
Villa Leopolda ကတော့ ပြင်သစ်နိုင်ငံမှာ ရှိတဲ့ အပန်းဖြေစံအိမ်တလုံး ဖြစ်ပါတယ်။ ဒီစံအိမ်ဟာ အမေရိကန်ဒေါ်လာ ၅၀၀ မီလီယံ တန်ဖိုးရှိပြီး ကမ္ဘာ့ပေါ်က ဒုတိယ ဈေးအကြီးဆုံးအိမ် ဖြစ်ပါတယ်။ ဒီအိမ်ကို ဒုတိယကမ္ဘာစစ် ဖြစ်နေစဉ်က ဆေးရုံအဖြစ် အသုံးပြုခဲ့ဖူးပါတယ်။
(၃) Gold Plated Bugatti Veyron
ဖလော်ရီဒါနဲ့ အရှေ့အလယ်ပိုင်းက လူချမ်းသာတွေ စီးတဲ့ကား ဖြစ်ပါတယ်။ ဒီကားကို တကားလုံး ရွှေအုပ်ထားပြီး ကားရဲ့ အမြန်နှုန်းကတော့ ၂ ဒဿမ ၈ စက္ကန့််မှာ 0 TO 100 ဖြစ်လို့ တစ္ဆေကား လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ ဒီကားရဲ့ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ဖြစ်ပါတယ်။
(၄) Huia ငှက်မွှေး
နယူးဇီလန်နိုင်ငံက ငှက်မျိုးစိတ်တခုဖြစ်ပြီး ဒီငှက်တွေဟာ ၁၉၀၇ ခုနှစ်လောက်က မျိုးတုံး သွားခဲ့ပါပြီ။ အခုကျန်ရှိတဲ့ ငှက်မွှေးဟာ တရားဝင်ကျန်ရှိနေတဲ့ တခုတည်းသော ငှက်မွှေး ဖြစ်ပါတယ်။ ဒီငှက်မွှေးက တချောင်းတည်းကို အမေရိကန်ဒေါ်လာ ၁ သောင်း ရှိပါတယ်။
(၅) Card Players ပန်းချီကား
ကာတာနိုင်ငံရဲ့ တော်ဝင်မိသားစုက ပိုင်ဆိုင်ထားတဲ့ Card Players ဆိုတဲ့ ပန်းချီကားကို ပြင်သစ် ပန်းချီဆရာ Paul Cezzane က ၁၈၉၀ ပြည့်နှစ် အစောပိုင်းမှာ ရေးဆွဲခဲ့တာပါ။ ဒီပန်းချီကားရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ ၂၇၀ မီလီယံ ရှိတယ်လို့ သိရပါတယ်။
Ref; scoopwhoop.com