Trend

တိရစ္ဆာန်ချစ်သူတွေ သွားလည်နိုင်တဲ့ အစ္စရေးက နေရာ ၅ ခု

Want create site? Find Free WordPress Themes and plugins.

အစ္စရေးကို သွားလည်မယ်ဆိုရင် အောက်မှာ ဖော်ပြထားတဲ့ နေရာတွေကို တိရစ္ဆာန်ချစ်သူတွေ သွားရောက် လည်ပတ်နိုင်ပါတယ်။ စိတ်ပင်ပန်းမှုတွေ ပျောက်ပြီး သင်ချစ်တဲ့ သတ္တဝါလေးတွေကို အဝကြည့်နိုင်ဖို့ အစ္စရေးမှာ ဒီလိုနေရာတွေရှိပါတယ်။

(၁) Freedom Farm, Olesh

အစ္စရေးက မွေးမြူရေးခြံကြီး တခုဖြစ်ပြီး သင်ကြားရေးအတွက်ပါ အထောက်အကူရအောင် ဖန်တီးပေးထားပါတယ်။ မွေးမြူရေး တိရစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ ဝက်၊ ဆိတ် အစရှိတဲ့ သတ္တဝါပေါင်းစုံကို လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်မှာပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့ တိရစ္ဆာန်တွေကို နီးနီးကပ်ကပ် ပွေ့ဖက်နိုင်မှာ ဖြစ်သလို ပြတိုက်အသေးစားနဲ့ Workshop လုပ်ဖို့နေရာတွေ ပါရှိပါတယ်။

(၂) Yodfat Monkey Forest

 

 

မျောက်တွေကို အဓိက တွေ့ရမှာဖြစ်ပြီး ပန်းခြံထဲမှာ ယုန်၊ ကြက်တူရွေးတွေကိုပါ လွတ်လွတ်လပ်လပ် ကြည့်ရှုနိုင်ပါတယ်။ တိရစ္ဆာန် ကာကွယ်ရေးနဲ့ ပညာပေးရေး နေရာအဖြစ် ၁၉၇၀ ခုနှစ်ကတည်းက ရှိနေခဲ့တာပါ။ ဧည့်သည်တွေအနေနဲ့ မပျင်းရဘဲ ပန်းခြံထဲမှာ တနေကုန် လည်ပတ် နေနိုင်ပါတယ်။

(၃) Biblical Museum of Natural History

 

 

သဘာဝ သမိုင်းပြတိုက် တခုဖြစ်ပြီး ရှားပါးတိရစ္ဆာန်တွေကိုပါ လေ့လာလို့ရမယ့် နေရာတခုပါ။ သက်ရှိတွေနဲ့ ကြာရှည်ခံအောင် ဆေးစိမ်ထားတဲ့ ရှားပါးတိရစ္ဆာန်တွေ အကြောင်းကို အတွင်းကျကျ လေ့လာနိုင်ပါတယ်။

(၄) Alpaca farm

 

 

ကုလားအုတ်၊ မြည်း၊ မြင်း၊ သိုး အစရှိတဲ့ တိရစ္ဆာန်တွေကို ကွင်းပြင်ကြီးထဲမှာ လွတ်လပ်စွာ ကြည့်ရှုနိုင်မှာ ဖြစ်ပြီး သူတို့ကို အစာကျွေးရင်း သဘာဝကို လေ့လာနိုင်ပါတယ်။ ခရီးသွားတွေ အတွက် နားခိုစရာ အဆောင်တွေလည်း ရှိတာကြောင့် ကန္တာရထဲမှာ ခရီးသွားရသလို ခံစားရစေမှာပါ။

(၅) Parrot Farm

 

 

ကြက်တူရွေး အပါအဝင် ငှက်မျိုးစိတ် အစုံကို ခြံကြီးတခုထဲမှာ စိတ်ကြိုက်ကြည့်ရမှာ ဖြစ်ပါတယ်။ အစာကျွေးရင်း စကားတွေလည်း အတူပြောလို့ရသလို တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး အနုပညာ (ဥပမာ- ပုံတူပန်းချီ) တွေကိုလည်း ဖန်တီးနိုင်ပါတယ်။

Ref ; www.israel21c.org

Did you find apk for android? You can find new Free Android Games and apps.
Loading