မြို့ပြတွေမှာ တနေ့တနေ့ အသစ်အဆန်းတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေတတ်တာ အမှန်ပါပဲ။ ဒါပေမယ့် သင်ဟာ ဒီစိတ်လှုပ်ရှားစရာတွေကို စိတ်ဝင်စားမှုလျော့နည်းလာပြီး အေးအေးချမ်းချမ်း နေချင်စိတ်သာ ရှိမယ်ဆိုရင် နယ်မြို့တွေကို ပြောင်းနေဖို့ အကြံပေးချင်ပါတယ်။ အခုပြောပြမယ့် အချက်တွေနဲ့ တိုက်ဆိုင်နေတယ်ဆိုရင်တော့ သင်နယ်မြို့ ကျေးလက်ဒေသတွေမှာ နေသင့်တာ သေချာနေပါပြီ။
(၁) တောရနံ့တွေက သင့်အတွက်အရမ်းမွှေးပျံ့တယ်လို့ တွေးနေမိရင်
သင်ဟာ တကယ် နယ်မြို့မှာ နေထိုင်ဖို့ ဆန္ဒရှိတယ်ဆိုရင် သင့်အတွက် ကမ္ဘာပေါ်မှာ အမွှေးပျံ့ဆုံး ရနံ့က မြက်ပင်တွေရဲ့ အနံ့ဖြစ်နေပါလိမ့်မယ်။ စိမ်းလန်းတဲ့ သစ်ပင်တောတောင်တွေကို ဖြတ်သန်းသွားလာရင်းနဲ့ ရရှိလာမယ့် ရနံ့တွေက သင့်စိတ်ကို သိမ်းပိုက်ထားနိုင်တယ်ဆိုရင် သင်နယ်မြို့မှာ နေသင့်တာ သေချာပါပြီ။
(၂) တိတ်ဆိတ်နေမှ အိပ်ပျော်တယ်ဆိုရင်
မြို့ပြမှာ အိပ်စက်ရတာ လုံးဝအဆင်မပြေဘူးဆိုရင်လည်း သင် နယ်ဖက်မှာ သွားရောက်နေထိုင်သင့်ပါတယ်။ တကယ်တော့ အသံလုံခန်းတွေပြုလုပ်ပြီး အိပ်လို့ရပေမယ့် သင်လိုချင်တာ သဘာဝအတိုင်း တိတ်ဆိတ်တဲ့ အိပ်စက်ခြင်းမျိုးဖြစ်မယ်ဆိုရင်တော့ နယ်မှာ သွားရောက်အခြေချတာက သင့်အိပ်စက်ခြင်းအတွက် ကောင်းမွန်ပါလိမ့်မယ်။
(၃) ထူးထူးဆန်းဆန်း တိရစ္ဆာန်တွေ မွေးချင်တယ်ဆိုရင်
ခွေးတွေ၊ယုန်တွေ၊ကြောင်တွေ မွေးတယ်ဆိုတာ သာမန်အိမ်မွေးတိရစ္ဆာန်တွေကို မွေးတာပါပဲ။ ဒါပေမယ့် သင်က ဒီထက်ပိုထူးဆန်းတဲ့ တိရစ္ဆာန်တွေကို မွေးချင်တယ်ဆိုရင် နယ်မှာ သွားနေသင့်ပါတယ်။ လယ်ကွင်းထဲမှာ ခြံတခြံနဲ့ နွားတွေ၊ ဝက်တွေကို ကျယ်ကျယ်ဝန်းဝန်းပျော်ပျော်ရွှင်ရွှင် မွေးဖို့ဆိုတာ နယ်မှာ နေမှ ရမယ့် အခွင့်အရေးဖြစ်ပါတယ်။
(၄) သင်အကြိုက်ဆုံးအဝတ်အစားမှာ မိုးစိုခံလည်သာဖိနပ်အရှည်ပါရင်
အဝတ်အစားပုံစံအသစ်တွေ ဘယ်လောက်ပဲ ထွက်ထွက် သင်ငယ်ငယ်က စီးခဲ့တဲ့ မိုးစိုခံလည်သာဖိနပ်အရှည်ကို နှစ်ခြိုက်နေတုန်းပဲ ဆိုရင်တော့ နယ်မှာ နေဖို့ သင့်တော်ပါတယ်။ မိုးရာသီမှာ ဗွက်တွေထဲ မိုးစိုခံလည်သာဖိနပ်အရှည်နဲ့ လမ်းလျောက်ရင်း လွတ်လပ်မှုရဲ့ အရသာကို နယ်မှာသာ ခံစားလို့ ရမှာ သေချာပါတယ်။
(၅) ရေကူးကန်တွေကို မကြိုက်ဘူးဆိုရင်
ရေကူးကန်တွေမှာ ရေကူးရတာထက် သဘာဝရေကန်တွေ စီးဆင်းနေတဲ့ ချောင်းတွေမှာ နေရတာကို ပိုပြီး ကြိုက်နှစ်သက်တယ်ဆိုရင် သင်ဟာ မြို့ပြမှာ အမြဲနေဖို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါ့အပြင် သဘာဝရေကန်ထဲမှာ ရေစိမ်ရတာကို ကြိုက်နှစ်သက်ပြီး မြေကွက်လပ်တွေမှာ အကင်ကင်စားရတဲ့ အရသာကို ကြိုက်နှစ်သက်တယ်ဆိုရင် နယ်မြို့မှာ ပြောင်းရွှေ့နေထိုင်ဖို့ အကြံပေးချင်ပါတယ်။
Ref;bestonline.com