Trend

ကမ္ဘာ့အစောဆုံး ပန်းချီရုပ်ကြွင်း တောင်အာဖရိကတွင် တွေ့ရှိ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့သမိုင်းမှာ သက်တမ်းအကြာရှည်ဆုံးနဲ့ အစောဆုံး ပန်းချီရုပ်ကြွင်းကို သုတေသနပညာရှင်တွေ တွေ့ရှိခဲ့ကြပြီပဲ ဖြစ်ပါတယ်။

အဲဒီရုပ်ကြွင်းဟာ နှစ်ပေါင်း ၇၃၀၀၀ သက်တမ်းရှိပြီး Hashtagနဲ့ ခပ်ဆင်ဆင်တူတယ်လို့ သိရှိရပြီး ကိန်းဂဏန်း သင်္ကေတတခုလိုလည်း တွေ့မြင်နိုင်တာဖြစ်ပါတယ်။ သဲနဲ့ သဘာဝအင်္ဂတေတွေပေါင်းစပ်ဖွဲ့စည်းထားတဲ့ မြေဆီမြေနှစ် ကို အသုံးပြုရေးဆွဲခဲ့တာလို့လည်း သုတေသနစစ်တမ်းတွေကဖော်ပြထားပါတယ်။

အာဖရိကမှာ အနုပညာနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေကိုတွေ့ရှိသလို ဥရောပနဲ့ အရှေ့တောင်အာရှနေရာအချို့မှာလည်း အလားတူတွေ့ရှိမှုတွေ ရှိခဲ့တာပဲဖြစ်ပါတယ်။ ယခုလိုရှာဖွေတွေ့ရှိမှုကြောင့် သုတေသနပညာရှင်တွေဟာ လူသားရဲ့ မူလအစကို လေ့လာနိုင်မှာဖြစ်တယ်လို့ ယုံကြည်ထားကြတာဖြစ်ပြီး ဒီရုပ်ကြွင်းကို တောင်အာဖရိကရဲ့ ဂူတခုဖြစ်တဲ့ Blombos မှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။

Blombos ဂူဟာ ရှေးဟောင်းသုတေသနပညာရှင်တွေအတွက်တော့ တိမ်မြုပ်နေတဲ့ ပြတိုက်ကြီးတခုအဖြစ်လည်း တည်ရှိနေတာဖြစ်ပါတယ်။ သက်တမ်း ၇၀၀၀၀ နဲ့ ၁၀၀၀၀၀ ကြားသက်တမ်းရှိတဲ့ အခြားသော ရုပ်ကြွင်းတွေဖြစ်တဲ့ အခွံမာ ပုတီးစေ့တွေ ၊ ကျောက်လက်နက်တွေကိုလည်း Blombos ဂူမှာ လွန်ခဲ့တဲ့နှစ်တွေကတည်းက တွေ့ရှိခဲ့ကြလို့ပဲ ဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်ကတည်းက စူးစမ်းရှာဖွေမှုတွေကို ပြုလုပ်ခဲ့တာဖြစ်ပြီး ယခုအချိန်ထိ သုတေသနပညာရှင်တွေကတော့ Blombos ဂူထဲမှာ လူ့သမိုင်းရဲ့ ရှေးဟောင်းသက်တမ်းရင့် ပစ္စည်းတွေ ဆက်လက်တည်ရှိနေဦးမယ်လို့ ယုံကြည်နေ ကြဆဲဖြစ်ပါတယ်။

ရုပ်ကြွင်းရဲ့ အသေးစိတ်ကို လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ထုတ် Nature ဂျာနယ်မှာဖော်ပြခဲ့တာဖြစ်ပြီး သုတေသနပညာရှင် တွေကတော့ ရုပ်ကြွင်းရဲ့ တည်ဆောက်ပုံကို အနုစိတ်လေ့လာမှုတွေ ၊ ဓာတုဆန်းစစ်ချက်တွေ ဆက်လက်ပြုလုပ် နေဆဲဖြစ်တယ်လို့လည်း Nature ဂျာနယ်မှာဖော်ပြထားပါတယ်။

ယခုရုပ်ကြွင်းဟာ ပန်းချီကားတခုလုံးရဲ့ အစိတ်အပိုင်းတခုလည်းဖြစ်နိုင်သလို ပန်းချီကားတခုလုံးကိုတွေ့ရှိခဲ့မယ်ဆိုရင် လည်း ပညာရှင်တွေခန့်မှန်းထားတာထက် ပိုမိုရှုပ်ထွေးနိုင်ကြောင်း သိရှိရပါတယ်။

၂၀၁၁ ခုနှစ်ကတည်းက စတင်တွေ့ရှိခဲ့တဲ့ ဒီရုပ်ကြွင်းဟာဆိုရင် ယခုအချိန်မှသာ အသေးစိတ် လူထုကို ဖော်ပြနိုင်ခဲ့တာ ဖြစ်ပြီး စတင်တွေ့ရှိခဲ့တဲ့အချိန်ကစလို့ သုတေသနပညာရှင်တွေဟာ ရုပ်ကြွင်းကို လေ့လာခဲ့ကြတာဖြစ်ပြီး ယခုအချိန်ထိ ရလဒ်တခုရရှိဖို့အတွက် ကြိုးစားနေကြရဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

Ref: edition.cnn.com

Did you find apk for android? You can find new Free Android Games and apps.
Loading