ကမ္ဘာကြီးနဲ့ပတ်သက်တဲ့ အံ့သြစရာတွေကတော့ မြေပေါ်မှာရော ရေထဲမှာပါ မကုန်နိုင်မခမ်းနိုင်အောင်ရှိနေတာပဲ ဖြစ်ပါတယ်။ သဘာဝရှုခင်းနဲ့ တောင်တန်းတွေ ၊ ပင်လယ်ပြင်ကြီးနဲ့ ပင်လယ်ပြင်ကြီးအောက်က ကျောက်ဆောင် ကျောက်တန်းတွေ ၊ ဒါ့အပြင် သက်ရှိသတ္တဝါတွေထဲမှာလည်း အံ့သြစရာတွေပြည့်နှက်လို့နေတာပဲဖြစ်ပါတယ်။ ယခုဖော်ပြပေးမှာကတော့ ကမ္ဘာ့ထူးခြားအံ့သြဖွယ်ရာအကောင်းဆုံး လူသားတွေအကြောင်းပဲဖြစ်ပါတယ်။
(၁) လူသားဘာဘီရုပ်အဖြစ်တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Valeria Lukyanova ဟာ နှစ်အချို့ကို သေသေချာချာ ဂရုတစိုက်အသုံးချရင်း သူမရဲ့ တကိုယ်လုံးကို ဘာဘီအရုပ်မလေးနဲ့ တူအောင် ခွဲစိတ်ပြုပြင်ခဲ့တာပဲဖြစ်ပါတယ်။ အခုလို ဘာဘီအရုပ်နဲ့ ချွတ်စွပ်တူဖို့ အစားအစာကို ချင့်ချိန်စားသောက်ရတာတွေနဲ့ gym နေ့စဉ်ဆော့ခဲ့ရတာတွေစတဲ့ ကြိုးပမ်းမှုတွေကို ပြုလုပ်ခဲ့ရတာပဲဖြစ်ပါတယ်။ သူမဟာ ယခုအချိန်မှာ ရုရှားနိုင်ငံ မော်စကိုမြို့မှာ နေထိုင်လျက်ရှိတာပဲ ဖြစ်ပါတယ်။
(၂) သရုပ်ဖော်အနုပညာရှင်တဦးဖြစ်တဲ့ Eskil Ronningsbakken ဟာ ကမ္ဘာ့အနှံ့ခရီးသွားလာခဲ့ပြီး အသက်အန္တရာယ် ကြုံတွေနိုင်ခြေများတဲ့ ခန္ဓာကိုယ်ထိန်းညှိခြင်းပြကွက်တွေကို ကြောက်စရာကောင်းတဲ့ နေရာတွေမှာ ပြသခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ပြကွက်တခုဟာဆိုရင် ပေ ၃၅၀၀ မြင့်မားတဲ့ ချောက်ကမ်းပါးအစွန်းမှာ လက်နှစ်ဖက်ထောက်ပြီး ခြေထောက်တွေကို တန်းတန်းမတ်မတ် ပြသနိုင်ခဲ့ဖူးတာပဲဖြစ်ပါတယ်။
(၃) Francisco Domingo Joaquinn ဟာ အန်ဂိုလာနိုင်ငံသားတဦးဖြစ်ပြီး သူ့မှာတော့ ကမ္ဘာ့အကြီးဆုံး ပါးစပ်ကို ပိုင်ဆိုင်ထားပါတယ်။ သူ့ပါးစပ်အကျယ်ဟာ ၆ဒသမ၅လက်မကျော်ကျော်ရှိတာပဲဖြစ်ပါတယ်။
(၄) Tran Van Hay ဟာ ပထမဆုံးအချိန် ဆံပင်စညှပ်ကတည်းက အပြင်းအထန်ဖျားနာမှုနဲ့ ရင်ဆိုင်ခဲ့ရသူတဦးပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ယခုအချိန်အထိ ဆံပင်မညှပ်တော့ဘဲ အရှည်ထားလာခဲ့တဲ့အခါမှာတော့ သူ့ဆံပင်ဟာ ၂၂ပေတိတိရှည်လျားလာတော့တာပဲဖြစ်ပါတယ်။ အသက်၅၀ပြည့်တဲ့နှစ်မှသာ ခေါင်းလျှော်ခြင်းကို ပြုလုပ်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။
(၅) တရုတ်အမျိုးသမီးတယောက်ဖြစ်တဲ့ Zhang Ruifang ဟာ တကမ္ဘာလုံးကို ၂၀၁၀ ခုနှစ်မှာ တုန်လှုပ်စေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ ဘယ်ဘက်နဖူးဘက်ခြမ်းမှာ ဦးချိုတခုထွက်ရှိလာခဲ့တာကြောင့်ဖြစ်ပြီး သူမကိုယ်တိုင်လည်း ၂၀၀၉ခုနှစ်မှ ဦးချိုရဲ့ ကြီးထွားမှုကို သတိထားမိခဲ့တာဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ သူမရဲ့ နဖူးညာဘက်ခြမ်းကနေ နောက်ထပ် ဦးချိုထပ်ထွက်လာတော့မှာဖြစ်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
Ref: readysethealth.com