Trend

အသီးအနှံနဲ့ အသီးအရွက်တွေ တာရှည်ခံစေမယ့် နည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

နေ့စဉ် ချက်ပြုတ်စီမံနေရတဲ့ အိမ်ရှင်မတွေဟာ အလုပ်တဖက်ကြောင့်၊ တခြားသော အိမ်မှု ကိစ္စတွေကြောင့် နေ့တိုင်း ဈေးမသွားနိုင်ကြတော့ပါဘူး။ အားတဲ့အချိန်မှာ ၃ ရက်စာ၊ ၅ ရက်စာ၊ တပတ်စာ စသဖြင့် ဝယ်ယူ သိမ်းဆည်းရပါတယ်။ ဒီလို ရက်အတော်ကြာ သိမ်းဆည်းထားတဲ့အခါ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ လတ်လတ်ဆတ်ဆတ် မရှိတော့ပါဘူး။

ဝယ်လာတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေ မချက်ရသေးခင် ရော်သွားတာမျိုး၊ နွမ်းသွားပြီး မလတ်ဆတ်တော့တဲ့အခါ အိမ်ရှင်မတွေ စိတ်ညစ်ရပါတယ်။ ဒါကြောင့် အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ အချိန်တို အတွင်း နွမ်းမသွားဘဲ လတ်ဆတ်နေစေမယ့် နည်းလမ်းတွေ ရှိပါတယ်။

တရုတ်နံနံတို့လို အရွက်မျိုးကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်သိမ်းလိုက်ရင် အချိန်တိုအတွင်း ပျက်စီးသွားနိုင်လို့ ခဲစက္ကူလေးနဲ့ပတ်ပြီး သိမ်းတာက အချိန်အတော်ကြာ မပုပ်သိုးပဲ လတ်ဆတ်စေပါတယ်။

ဆလပ်ရွက်လို အသုပ်နဲ့ ဒီအတိုင်းစားကြတဲ့ အရွက်မျိုးကိုတော့ ရေခဲသေတ္တာထဲသိမ်းတဲ့အခါ သတင်းစာစက္ကူ၊ စက္ကူအိတ်တွေနဲ့ ထည့်သိမ်းရပါမယ်။ ဒါမှလည်း အရွက်သုပ်ထဲထည့်ရင် လတ်လတ်ဆတ်ဆတ်နဲ့ ကြွပ်ကြွပ်ရွရွ လေး စားကောင်းနေမှာပါ။

ခရမ်းချဉ်သီးကို သိမ်းတဲ့အခါ ရေခဲသေတ္တာထဲ မထည့်သင့်ပါဘူး။ နေရောင်ခြည်နဲ့ တိုက်ရိုက် မထိတွေ့တဲ့ စင်ပေါ်မှာ ဖြန့်ခင်းထားလိုက်ပါ။

ငှက်ပျောသီးတွေဆိုရင် ဝယ်လာပြီး တရက်ကုန်သွားတာနဲ့ စပြီးရော်လာတော့တာပါ။ အကြာကြီး အထားမခံဘဲ လတ်ဆတ်လွန်းအားကြီးလို့ ချက်ချင်း မရော်ရင်တောင် အခွံမည်းလာတတ်ပါတယ်။ ဒီလို မဖြစ်အောင် ငှက်ပျောသီး အညှာအရင်းကို ပလပ်စတစ်လေးနဲ့ ပတ်ထားပေးလိုက်ရင် အခွံ မမည်းဘဲ ဝယ်လာတဲ့အတိုင်း လတ်ဆတ် နေစေပါတယ်။

ပင်စိမ်းတို့လို ဟင်းခတ်အမွှေးအကြိုင်အရွက်တွေကို ၂ ပတ်လောက် တာရှည်ခံချင်ရင် ရေသန့်ထည့်ထားတဲ့ အဝကျယ် ဖန်ပုလင်းကြီးထဲကို အရိုးတွေ စိမ်ထားပါ။ ပလပ်စတစ်အိတ်ကို အပေါ်ကနေအုပ်ပြီး အောက်ခြေ ဖွင့်လို့ နေရောင်တိုက်ရိုက် မကျတဲ့နေရာမှာ ရေစိမ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးတို့ကို ခြောက်သွေ့ပြီး အေးတဲ့နေရာမှာ ထားပါ။ နေရောင် တိုက်ရိုက် မကျတဲ့ ခပ်မှောင်မှောင် အခန်းထဲမှာ သိမ်းသင့်ပါတယ်။

စတော်ဘယ်ရီ၊ ဘယ်လူးဘယ်ရီ စတဲ့ ဘယ်ရီသီး အမျိုးအစားတွေကို သိမ်းတဲ့အခါ ရေခဲသေတ္တာထဲ မထည့်ခင် အသီးတွေကို ရှာလကာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ထားတဲ့ ရေနဲ့ဆေး၊ ရေပြန်စစ်ပြီးမှ သိမ်းမယ်ဆိုရင် တာရှည်ခံပါတယ်။

ထောပတ်သီးကိုတော့ ရေခဲသေတ္တာထဲထည့်သိမ်းထားရင် အချိန်အတော်ကြာ လတ်ဆတ်စေပါတယ်။

မှိုတွေကို သိမ်းတဲ့အခါ စက္ကူအိတ်ထဲထည့်ပြီး ရေခဲသေတ္တာအံဆွဲထဲမှာ သိမ်းဆည်းရပါမယ်။
မုန်လာဥနီတွေ တာရှည်ခံချင်ရင်တော့ အရင်းက အရွက်တွေကို ဖြတ်တောက်သိမ်းပါ။

Ref: Yummy

Did you find apk for android? You can find new Free Android Games and apps.
Loading