အသားအရေကြည်လင်ဖြူဝင်းနေစေဖို့ အလှအပပစ္စည်းတွေလည်းလိုအပ်သလို မိမိကိုယ်တိုင် အိမ်မှာ အလွယ်တကူ ပြုလုပ်နိုင်တဲ့ အခြေခံအသားအရေထိန်းသိမ်းနည်းတွေကိုလည်း သိထားသင့်တာကြောင့် အလှအပချစ်သူ ပျိုမေတွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(၁) အသားအရေကြည်လင်ဖြူဝင်းစေဖို့အတွက် တခါတရံမှ Skincare ပြုလုပ်တတ်တဲ့ အကျင့်ကိုတော့ အရင်ဆုံး ပယ်ဖျောက်သင့်ပါတယ်။ အလှအပပစ္စည်းတွေ သုံးစွဲတာအပြင် ရေများများသောက်တာ ၊ အသီးအနှံများများစားတာနဲ့ အပြင်ထွက်တဲ့အခါ Sunscreen လိမ်းတာမျိုးတွေကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။
(၂) သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်ချေးချွတ်တာမျိုးဟာလည်း အသားအရေကြည်လင်ဖြူဝင်းနေစေဖို့အတွက် အဓိက ကျလှပါတယ်။ သံပုရာသီး၊ ခရမ်းချဉ်သီးစတဲ့ သဘာဝအသီးအနှံတွေဟာ အသားအရေကို ဖြူဝင်းစေတာကြောင့် သံပုရာရည် ဒါမှမဟုတ် ခရမ်းချဉ်သီးအရည်တို့ကို အသားအရေပေါ် တပတ်မှာ နှစ်ကြိမ်ခန့်လိမ်းကျံကာ ပေါင်းတင် ပေးသင့်ပါတယ်။
(၃) နောက်ထပ်အရေးကြီးတာတခုကတော့ အသားအရေကို ပေါင်းတင်ပြီးတဲ့အခါ အစိုဓာတ်ထိန်းခရင်မ် (moisturizer) တမျိုးမျိုးကို မဖြစ်မနေ အသုံးပြုပေးဖို့ပဲ ဖြစ်ပါတယ်။ မျက်နှာအသားအရေဟာ ပေါင်းတင်ပြီးတဲ့အခါ အရေပြား ခြောက်သွေ့ တာမျိုးဖြစ်တတ်တာကြောင့် moisturizer တမျိုးမျိုးကို သေချာနှံ့စပ်အောင် လိမ်းပေးသင့်ပါတယ်။
(၄) အသားအရေဖြူဝင်းလိုသူတွေ သိထားသင့်တာတခုကတော့ ရေချိုးတဲ့အခါ အသုံးပြုတဲ့ ဆပ်ပြာအမျိုးအစားပဲ ဖြစ်ပါ တယ်။ မိမိနဲ့သင့်တော်ပြီး အသားဖြူချင်သူတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ Whitening ဆိုတဲ့ စာသားပါတဲ့ ဆပ်ပြာအမျိုးအစားမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
(၅) နောက်ထပ်မဖြစ်မနေ ပြုလုပ်ပေးဖို့လိုတာကတော့ lotion ကို ရေချိုးပြီးတဲ့အခါတိုင်း လိမ်းပေးသင့်ပါတယ်။ lotion လိမ်းပေးခြင်းဟာ အသားအရေ မွဲခြောက်ကြမ်းတမ်းခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အသားအရေဖြူဝင်းချင်သူတွေ အနေနဲ့ အစိုဓာတ်များပြီး whitening အစွမ်းသတ္တိပါဝင်တဲ့ lotion အမျိုးအစားမျိုးကို ရွေးချယ်အသုံးပြုသင့်ပါတယ်။
ဆက်စပ်ဖတ်ရှုရန် – အသားအရေ အလှအပအတွက် သစ်ကြံပိုးခေါက်မှုန့်ရဲ့ အသုံးဝင်ပုံများ
နာမည်ကျော် ဘောလိဝုဒ် မင်းသမီးတွေရဲ့ အသားအရေ ထိန်းသိမ်းနည်းများ
အသားအရေကို ကြည်လင်ချောမွတ်စေမယ့် အလွယ်တကူပြုလုပ်နိုင်တဲ့ Scrub (၅) မျိုး
Ref. www.rewardme.in