Trend

ဖိလစ်ပိုင်မင်းသမီး Elise Joson ပြောပြတဲ့ Selfie ပုံလှလှ ရိုက်နိုင်ဖို့ အလွယ်ကူဆုံး နည်းလမ်း

ဓာတ်ပုံရိုက်ရတာ ဝါသနာပါပေမယ့် “ဘယ်လိုပုံစံမျိုး လုပ်ရမလဲ၊ ကိုယ့်ရဲ့ ပရိုဖိုင်ပုံကို လှလှလေး ထားချင်ပါတယ်” ဆိုသူတွေအတွက် Elise Joson ရဲ့ selfie ရိုက်နည်းတွေကို ဝေမျှပေးပါမယ်။ လွယ်ကူရိုးရှင်းပြီး အမိုက်စား ပုံစံတွေကြောင့် ကိုယ့်ကို ကြိတ်ကြွေသူတွေ ပေါသွားစေမှာ အမှန်ပါပဲ။

(၁) သင့်ရဲ့မျက်နှာအလှကို အသားပေးဖို့အတွက် ပုံထဲက အတိုင်း ခေါင်းပေါ်မှာ ကင်မရာထောင့် အနည်းငယ်ယူပြီး ပိုစ့််ပေးနိုင်ပါတယ်။

(၂) နေရောင်ရှိနေတဲ့အခါ သင့်မျက်နှာပေါ် ကျရောက်နေတဲ့ အနေအထားမျိုးနဲ့ ဓာတ်ဖမ်းနိုင်ပါတယ်။ ဒါဆိုရင် သင့်အသားအရေကိုပါ လင်းစေပြီးတောက်ပနေစေမှာပါ။

(၃) ရိုးရှင်းတဲ့အဝတ်အစားနဲ့ ပွယောင်းယောင်း ဆံပင်တွေကြား ဒီလိုပုံစံမျိုးနဲ့ ဓာတ်ပုံရိုက်ပါ။

(၄) ပိုစ့်ပေးရမှာ ရှက်နေတဲ့သူတွေအတွက်က မျက်နှာကို လက်ကလေးနဲ့ မသိမသာကွယ်ပြီး ကင်မရာကို ကြည့်ပါ။ ဒီလိုမျိုးပုံစံက မသိရင် ခပ်လန်းလန်း ကောင်မလေးတွေ လုပ်တဲ့ စတိုင်မျိုးပါ။

(၅) အိပ်ရာပေါ်မှာ ရိုက်ပါ။ စောင်လေးနဲ့ မျက်နှာကွယ်ထားတာမျိုး၊ မျက်နှာထားသွယ်တဲ့သူဆိုရင် အပေါ်စီးကနေ ဓာတ်ပုံရိုက်တာမျိုး လုပ်ကြည့်ပါ။

(၆) Filter တွေမခံချင်ဘူးဆိုရင်တော့ ပြတင်းပေါက်နားမှာ ပုံလှလှလေးပေးကြည့်ပေါ့။

(၇) ကြည့်မှန်နဲ့ ဓာတ်ပုံရိုက်တာကလည်း ခေတ်စားနေတဲ့ ပိုစ့်တစ်မျိုးပါပဲ။ mirror selfie မျိုးတွေလည်း စမ်းကြည့်ပါ။

(၈) ဘာအိုင်ဒီယာမှ ထုတ်လို့ မရဘူးဆိုရင် ကားထဲမှာသာ ပိုစ့်ပေးကြည့်ပေတော့။ ဒါ့အပြင် ကားမှန်ကိုချပြီး အပြင်ရှုခင်း တဝက်၊ အတွင်းတဝက် ချပြီး လှလှလေး ပိုစ့်ပေးနိုင်ပါတယ်။

(၉) ခေါင်းလေးကိုစောင်းပြီး ဓာတ်ပုံရိုက်ပြီးပြီလား။ သင့်ဆံပင်လေးတွေက ကပ်မနေဘဲ ပွယောင်းယောင်းလေး ဖြစ်နေရင်တော့ ပိုကောင်းပါတယ်နော်။

ကဲ ဒီလိုနည်းလမ်းတွေသုံးပြီး Selfie ပုံလှလှတွေအခုပဲ ရိုက်ကြည့်ကြရအောင်။

ဆက်စပ် သတင်းလင့်ခ် – ပြီးပြည့်စုံတဲ့ Selfie အလှပုံတပုံ ရရှိစေဖို့ လိုက်နာရမယ့် အချက် ၇ ချက် 

Ref ; www.cosmo.ph

Loading