ချိုင်းကြားအသားအရေ ညိုမည်းနေရခြင်းဟာ ဆဲလ်သေတွေစုပုံနေခြင်းက အဓိကအကြောင်းရင်းတချက် ဖြစ်တာကြောင့် ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သဘာဝအတိုင်းဖြူဝင်းလာစေမယ့် နည်းလမ်းကောင်းတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်။
(၁) သဘာဝဆန်မှုန့်ဟာ အသားအရေကို ဖြူဝင်းစေနိုင်တာကြောင့် ဆန်မှုန့် လက်ဖက်ရည်ဇွန်းတဇွန်းနဲ့ နွားနို့ လက်ဖက်ရည်ဇွန်းတဇွန်းတို့ကို ရောစပ်ပြီး ချိုင်းကြားအသားအရေပေါ်ကို ညင်ညင်သာသာ ပွတ်လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ခြောက်သွေ့အောင်ထားပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးကြောသန့်စင်ပေးရုံပဲ ဖြစ်ပါတယ်။
(၂) နာနတ်သီးမှည့်အရည် အနည်းငယ်နဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတဇွန်းခန့်တို့ကို ရောစပ်ပြီး ချိုင်းကြားအသားအရေ နေရာပေါ်မှာ လိမ်းကျံပေးကာ ၁၅ မိနစ်ခန့်ကြာရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးရုံပဲ ဖြစ်ပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ဟာ အသားအရေကို ပြန်လည်ဖြူဝင်းစေဖို့နဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးဖို့ အကူအညီ ပေးနိုင်ပါတယ်။
(၃) ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်၊ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောစပ်ထားကာ ညိုမည်းနေတဲ့ ချိုင်းကြားအသားအရေပေါ်ကို ခပ်ထူထူလေး လိမ်းကျံပေးပါ။ မိနစ် ၂၀ ခန့်ကြာရင်တော့ ရေနဲ့ပြန်လည် ဆေးကြောပေးပြီး ဒီနည်းလမ်းကို မကြာခဏ ပြုလုပ်ပေးမယ်ဆိုရင်တော့ သိသာထူးခြားတဲ့ ရလဒ်ကို ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
(၄) သဘောၤသီးမှည့်ဟာ အသားအရေကို ကြည်လင်တောက်ပြောင်စေနိုင်တာကြောင့် ကြိတ်ချေထားတဲ့ သဘောၤသီးမှည့် အနည်းငယ်ကို ပျားရည်နဲ့ရောစပ်ပြီး လိမ်းကျံပေးခြင်းအားဖြင့်လည်း ချိုင်းကြား အသားအရေကို ပြန်လည်ဖြူဝင်း တောက်ပလာစေမှာ ဖြစ်ပါတယ်။
(၅) မုန့်ဖုတ်ဆိုဒါဟာ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး အသားအရေကို ဖြူဝင်းစေနိုင်တာကြောင့် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တဇွန်းခန့်နဲ့ နွားနို့အနည်းငယ်ကို ရောစပ်ကာ ချိုင်းကြား အသားအရေပေါ်မှာ လိမ်းကျံပေးမယ်ဆိုရင် ချိုင်းကြားအသားအရေကို ဖြူဝင်းစေရုံသာမက ချွေးနံ့နံခြင်းကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
Ref.