“အရိုးဆုံးက အဆန်းဆုံးပါပဲ” ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ တခါတလေမှာ သင်ပြင်ဆင် လွန်းတာကြောင့် သင့်ရဲ့ နဂိုရှိရင်းစွဲ ဆွဲဆောင်မှုကို လျော့ကျ သွားတတ်ပါတယ်။ ဒါကြောင့် ဒီတခါမှာ ဂရုမစိုက်မိရာက သင့်ရဲ့ ဆွဲဆောင်မှုကို လျော့ကျသွားစေနိုင်လို့ သတိထားရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) အရောင်မွဲနေတဲ့ အဝတ်အစားတွေကို ရှောင်ပါ
အထူးသဖြင့် အမဲရောင် အဝတ်အစားတွေဟာ အရောင်လွင့်သွားတဲ့အခါ အရမ်းကြည့်ရဆိုးပါတယ်။ အမည်းရောင်ကို ဝတ်လေ့ရှိတဲ့ သူတွေဟာ ထပ်ခါထပ်ခါ လျှော်လိုက် ဝတ်လိုက် လုပ်ရင်းနဲ့ အဝတ်တွေက အရောင်မွဲသွားတာကို သတိမထားမိဘဲ ဖြစ်တတ်ပါတယ်။
သင်အရမ်းကြိုက်တဲ့ သင့်ရဲ့ အမည်းရောင်အဝတ်တွေကို အရောင် မလွှင့်စေချင်ဘူး ဆိုရင်တော့ လျှော်ဖွတ်တဲ့ အခါ ရေအေးအေးနဲ့ လျှော်သင့်ပြီး နေရောင်ထဲမှာ အကြာကြီး မလှန်းဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ညစ်ပတ်နေတဲ့ အဝတ်တွေကို မဝတ်ပါနဲ့
အထူးသဖြင့် အင်္ကျီမှာ ဘောက်တွေ ကပ်နေတတ်တယ်ဆိုရင် အမြဲ သတိထားပြီး ကိုယ့်အဝတ်ကို ကြည့်ဖို့ လိုပါတယ်။ သင့်ခေါင်းက ဘောက်တွေကို ဘယ်သူကမှ နှစ်သက်မှာ မဟုတ်လို့ ဒါကလည်း သင့်ရဲ့ ဆွဲဆောင်မှုကို လျော့ကျစေမှာ သေချာပါတယ်။
ဘောက်တွေ အရမ်းများနေတယ်ဆိုတာ သင့်ရဲ့ ဦးရေပြားအရမ်း ခြောက်သွေ့ပြီး လိုအပ်တဲ့ ဗီတာမင်တွေကို မရလို့ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပြီး ဘောက်တွေ မပျောက်သေးသရွေ့ အမည်းရောင် အနွေးထည် ဝတ်တာကို ရှောင်ကြဉ်ဖို့ တိုက်တွန်းချင်ပါတယ်။
(၃) Accessories တွေ အများကြီး ဝတ်တာကို ရှောင်ပါ
မိတ်ကပ်ခပ်ထူထူလိမ်းထားမိတဲ့ နေ့တွေမှာ နားကပ်အကြီးကြီးတွေ ဆွဲကြိုးပြူးပြူးကြီးတွေ ဝတ်တာမျိုးကို ရှောင်ဖို့ အကြံပေးချင်ပါတယ်။ Accessories တွေအများကြီး ဝတ်ဆင်တာက သင့်ကို အရမ်းကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် သင်ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်ရုံလောက်ပဲ ဝတ်တာက သင့်ကို ပိုမိုလှပစေမှာပါ။
(၄) မုတ်ဆိတ်မွှေး ကျိုးတိုးကျဲတဲတွေကို ရိတ်ပစ်ပါ
အမျိုးသားတွေဟာ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးစတာတွေရှိရင် ဆွဲဆောင်မှု အရမ်းရှိတာ မှန်ပါတယ်။ ဒါပေမယ့် ကျိုးတိုးကျဲတဲဆိုရင်တော့ အရမ်းကြည့်ရဆိုးလွန်းပါတယ်။ ဒါကြောင့် သင်ဟာ မုတ်ဆိတ်မွှေးမှ အရှည်ထားချင်တယ်ဆိုရင် ဂရုတစိုက် ပုံစံသွင်းဖို့ အကြံပေးချင်ပါတယ်။
(၅)အသေးအမွှားတွေကို ဂရုစိုက်ပါ
နှုတ်ခမ်းနီသွားမှာ ကပ်နေတာ၊ ထမင်းစားရင်း ငရုတ်သီးဖတ်သွားမှာ ကပ်နေတာ စတဲ့ အသေးအမွှားလေးတွေကလည်း သင့်ကို အလှပျက်စေပါတယ်။ ဒါကြောင့် အဲ့ဒီလို အသေးအမွှားလေးတွေကို ဂရုစိုက်သင့်ပါတယ်။
အပြင်ထွက်မယ့် အချိန်မှာ လောပြီး အသစ်ဝယ်ထားတဲ့ အဝတ်အစားကို တံဆိပ်မဖြုတ်ဘဲ ဝတ်မိတာမျိုးတွေကလည်း သင့်ကို လူတွေ ရယ်စရာဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆွဲဆောင်မှုရှိတဲ့ အမျိုးသား၊အမျိုးသမီးတွေ ဖြစ်ဖို့ အသေးအမွှား ကိစ္စလေးတွေကအစ ဂရုစိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
Ref;btightside.com