ကိုရီးယား K-Pop အိုင်ဒေါတွေ ရင်းနှီးမြှုပ်နှံလိုက်တဲ့ အိမ်ရာအဆောက်အအုံတွေကတဆင့် ပြန်ရတဲ့ငွေကြေး အကျိုးမြတ်တွေက အရမ်းများပါတယ်။ သူတို့တွေရဲ့ နှစ်စဉ်ဝင်ငွေတွေကို တိုင်းတာရင် အိမ်ခြံမြေကပြန်ရတဲ့ ဝင်ငွေက ရာခိုင်နှုန်းတော်တော်များများ ယူထားတာ တွေ့ရပါတယ်။ ဒါဆို အိမ်ခြံမြေတွေကြောင့် ဝင်ငွေရနေတဲ့ K-Pop အိုင်ဒေါတွေကို စစ်တမ်း ကောက်ယူထားပါတယ်။
ဆူဇီ (Suzy)
၂၀၁၆ ဧပြီမှာ ဂန်နမ်းရပ်ကွက်မှာရှိတဲ့ ငါးထပ်တိုက် အဆောက်အဦကို ခန့်မှန်းခြေ ကန်ဒေါ်လာ ၃ ဒဿမ ၃ သန်းနဲ့ ဝယ်ခဲ့တဲ့ ဆူဇီဟာ ခုချိန်မှာတော့ အဲဒီ့အဆောက်အအုံ လစဉ်ငှားခ ကန်ဒေါ်လာ တသောင်း သုံးထောင်ကျော် ပြန်ဝင်နေပါပြီ။
ဒယ်ဆောင်း (Daesung)
နာမည်ကျော် Bigbang အဖွဲ့ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒယ်ဆောင်းက ၂၀၁၇ မှာ အပ်ဂူချောင် ဘူတာနားမှာ ကန်ဒေါ်လာ ၂၇ ဒဿမ ၇ သန်းကျော်ရှိတဲ့ ၈ ထပ်အဆောက်အအုံကို ဝယ်ယူခဲ့ပြီး လစဉ်ငှားရမ်းခ ကန်ဒေါ်လာ ရှစ်သောင်းလေးထောင်ကျော် ပြန်ဝင်နေပါပြီ။
ထယ်ယန်း (Taeyang)
နောက်ထပ် Bigbang အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ထယ်ယန်းကလည်း ၂၀၁၆ မှာ ၇ ထပ် အဆောက်အဦကို ဟန်နမ်းရပ်ကွက်မှာ ကန်ဒေါ်လာ ၆ ဒဿမ ၉ သန်းကျော်နဲ့ ဝယ်ယူခဲ့ပြီး ခုချိန်မှာ တလငှားရမ်းခ ကန်ဒေါ်လာ နှစ်သောင်းခြောက်ထောင်ကျော် ရရှိနေပါပြီ။ ဒါ့ပြင် ထယ်ယန်းဟာ ၂၀၁၄ တုန်းကလည်း စတုရန်းပေ ၂,၄၉၀ ရှိတဲ့ ဗီလာတလုံးကို ဟန်နမ်းမှာရှိတဲ့ UN Village မှာ ဝယ်ယူခဲ့ပါသေးတယ်။
ကျူဟွန်း (Kyuhyun)
စူပါဂျူနီယာအဖွဲ့ဝင် ကျူဟွန်းကတော့ ၂၀၁၄ မှာ ၆ ထပ်အဆောက်အအုံကို အချက်အချာကျတဲ့ မြောင်ဒေါင်ရပ် ကွက်မှာ ဝယ်ယူခဲ့ပြီး ကန်ဒေါ်လာ ၆ ဒဿမ ၅ သန်း ကုန်ကျခဲ့ပါတယ်။ ခုချိန်မှာတော့ အဲဒီ့အဆောက်အဦကို ကျူ ဟွန်းမိသားစုပိုင် ဧည့်ရိပ်သာအဖြစ် ဖွင့်လှစ်ထားပါတယ်။
G-Dragon
ဝင်ငွေအများဆုံး ကိုရီးယား အိုင်ဒေါတယောက်ဖြစ်တဲ့ G-Dragon ရဲ့ ပိုင်ဆိုင်မှု အဆောက်အဦတွေက မနည်းပါဘူး။ ဒီထဲကမှ ၂၀၁၇ မှာ ချုံဒန်းရပ်ကွက်မှာ ဝယ်ယူခဲ့တဲ့ အဆောက်အဦကတော့ ကန်ဒေါ်လာ ၇ ဒဿမ ၈၆ သန်း ကျော် ရှိခဲ့ပါတယ်။ ၂၀၁၃ မှာလည်း ဆောင်းဆုရပ်ကွက်မှာရှိတဲ့ အဆောက်အအုံကို ကန်ဒေါ်လာ ၂ ဒဿမ ၇ သန်း အကုန်ကျခံ ဝယ်ယူခဲ့ပါသေးတယ်။
ဂျောင်ယုံဝါ (Jung Yong Hwa)
နာမည်ကျော် တီးဝိုင်းအဖွဲ့တခုဖြစ်တဲ့ CNBLUE အဖွဲ့ခေါင်းဆောင် ဂျောင်ယုံဝါကလည်း ချုံဒန်း ရပ်ကွက်မှာရှိတဲ့ ၄ ထပ်တိုက်အဆောက်အအုံကို ကန်ဒေါ်လာ ၉ ဒဿမ ၅သန်းကျော်နဲ့ဝယ်ယူခဲ့ပြီး ခုချိန်မှာ တလငှားခ ကန်ဒေါ်လာ၂ သောင်း ၆ ထောင်ကျော် ရနေပါပြီ။
ဂူဟာရာ (Goo Hara)
လတ်တလောမှာ ချစ်သူဟောင်းနဲ့ ပြဿနာတက်ပြီး တရားရင်ဆိုင်နေရတဲ့ ဂူဟာရာကလည်း တခြားအိုင်ဒေါ တွေလို အဆောက်အဦတွေ ပိုင်ဆိုင်သူတဦးပါ။ ချုံဒန်းမှာရှိတဲ့ အဆောက်အအုံကို ၂၀၁၂ ခုနှစ်က ကန်ဒေါ် လာ ၉ သိန်း ၈ သောင်းကျော်နဲ့ ဝယ်ယူခဲ့ပြီး သုံးနှစ်အကြာ ၂၀၁၅ မှာ ကန်ဒေါ်လာ ၁ ဒဿမ ၈ သန်းနဲ့ ပြန်လည် ရောင်းချခဲ့ပါတယ်။ ၂၀၁၅ မှာပဲ ဂူဟာရာဟာ နုံဟွန်းမှာ ကန်ဒေါ်လာ ၂ ဒဿမ ၉ သန်းနဲ့ နောက်ထပ် အဆောက်အအုံတလုံး ဝယ်ယူခဲ့ ပြန်ပါတယ်။
Ref: Soompi