တောင်တက်၊ တောင်ဆင်းလမ်းတွေမှာ ကားမောင်းရင် ကြောက်တတ်ပါသလား။ တခါတလေမှာ အိပ်နေရင်းက အိပ်မက်ထဲမှာ မတ်စောက်တဲ့ လမ်းတွေမှာ လမ်းလျှောက်ရင်းနဲ့ ချော်ကျတာမျိုးတွေ အိပ်မက်မက်လေ့ ရှိကြပါတယ်။ ဒါပေမယ့် အခုပြောပြမယ့် နေရာတွေကတော့ သင့်အိပ်မက်ထဲကလို့ ထင်ရလောက်အောင် မတ်စောက်တဲ့ လမ်းတွေ ဖြစ်ပါတယ်။
(၁) Baldwin Street (New Zealand)
နယူးဇီလန် နိုင်ငံတောင်ပိုင်းမှာ ရှိတဲ့ Dunedin ဆိုတဲ့ မြို့မှာ ရှိတဲ့ Baldwin ဆိုတဲ့ လမ်းဟာ ကမ္ဘာ့အမတ်စောက်ဆုံး လမ်းတွေထဲက တလမ်းဖြစ်ပါတယ်။ ဒီမြို့မှာရှိတဲ့ လမ်းတွေ တော်တော် များများက တောင်တန်းတွေပေါ်မှာ ဆောက်ထားတဲ့ အတွက် အရမ်းကို မတ်စောက်နေတာ ဖြစ်ပါတယ်။ ကမ္ဘာလှည့် ခရီးသည်တွေကတော့ ဒီမြို့ကို ဓာတ်ပုံရိုက်လို့ အရမ်းကောင်းတဲ့ မြို့လို့ သတ်မှတ်ထားပြီး အင်စတာဂရမ်မှာ ဓာတ်ပုံတင်ဖို့ ဓာတ်ပုံတွေ လာရောက်ရိုက်ကူးကြတယ်လို့ သိရပါတယ်။
(၂) Canton Avenue (Pittsburgh)
တကယ်လို့ သင်ဟာ Pittsburgh မှာ ရှိတဲ့ Canton Avenue ကို သွားရောက် လည်ပတ်မယ် ဆိုရင်တော့ အဲ့ဒီက Canton Avenue ကို မသွားမဖြစ် သွားရောက် လည်ပတ်သင့်ပါတယ်။ ဒီလမ်းဟာ နယူးဇီလန်မှာရှိတဲ့ Baldwin လမ်းထက် ပိုပြီး တိုတောင်းပါတယ်။ ဒီလမ်းကို စက်ဘီး စီးနင်းသူတွေက အရမ်းနှစ်သက်ကြပြီး နှစ်တိုင်း စက်ဘီးစီး ပြိုင်ပွဲတွေလည်း ဒီလမ်းမှာ ကျင်းပလေ့ ရှိတယ်လို့ သိရပါတယ်။
(၃)Filbert Street (San Francisco)
ဒီလမ်းကတော့ ဆန်ဖရန်စ္စကိုမှာ အမတ်စောက်ဆုံးလမ်း ဖြစ်ပါတယ်။ ဒါကြောင့် လာရောက် လည်ပတ်သူတွေဟာ တကူးတက သွားရောက်လည်ပတ်လေ့ ရှိကြပါတယ်။
(၄) Baxter Street (Los Angeles)
ဒီလမ်းကတော့ အခုခေတ်မှာ ထင်သလောက် မတ်စောက်ခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် လော့အိန်ဂျလိစ် သတင်းစာတွေကတော့ ဒီလမ်းမှာ ကားမောင်းရတာ ရိုလာကိုစတာ စီးရသလိုပဲ လို့ တင်စားပြောလေ့ ရှိပါတယ်။
(၅) Waipio Valley (Hawaii)
ဟာဝိုင်အီမှာရှိတဲ့ ဒီလမ်းကတော့ အကွေ့အကောက်များပြီး မတ်စောက်တဲ့ အတွက် နာမည်ကျော်ကြားပါတယ်။ဒီလမ်းတလျှောက် အနားယူစရာ ဆိုင်တွေ အိမ်တွေ ဘာမှ မရှိတဲ့ အတွက် ချောက်ချားဖို့လည်း အရမ်းကောင်းတယ်လို့ သိရပါတယ်။ ကားမောင်းသူတွေရဲ့ ပြောစကားတွေအရ ဒီလမ်းမှာ ကားမောင်းမယ်ဆိုရင် Auto Gear နဲ့ဆို အဆင်မပြေတဲ့ အတွက် Manual တွေသာ မောင်းပြီးသွားဖို့ အကြံပေးထားကြပါတယ်။
Ref;mmn.com