ဆိုရှယ်မီဒီယာ ခေတ်စားလာတဲ့အခါမျိုးမှာ လူတွေဟာ အလုပ်အကိုင်၊ ချစ်သူရည်းစားတွေကို အွန်လိုင်းပေါ်ကလည်း ရှာလေ့ရှိလာပါတယ်။ အပြင်ကပဲတွေ့တွေ့၊ လူမှုကွန်ရက်ကပဲ တွေ့တွေ့ ဘယ်သူမဆို သင့်အကောင့်ကို သင်မသိအောင် ဝင်စစ်မှာပါပဲ။
Three Day Rule ဝက်ဘ်ဆိုဒ်ရဲ့ Regional Manager, Erika Kaplan ကတော့ “ကျမတို့ကတော့ စိတ်လွတ်လပ်မှုကို လိုချင်တဲ့သူတွေဖြစ်တဲ့အတွက် ကိုယ်စိတ်ပျော်ရာကို လုပ်မှာပါပဲ” လု့ိ ဆိုပါတယ်။
ဆိုလိုတာက သင်ဟာ ဘော်ဒါတွေနဲ့ ကဲပြီးဆိုးရွားတဲ့ပုံတွေကို လူမှုကွန်ရက်မှာ တင်ထား မိတာမျိုးပေ့ါ။ ဒါ့အပြင် သူမဆီ လာပြီး အကြံဉာဏ်တောင်းတဲ့သူတွေကို Date မလုပ်ခင်မှာ ကိုယ့်ပါတနာရဲ့အကောင့်တွေကို ဝင်မကြည့်ဖို့ အကြံပေး ထားပါတယ်။
မတွေ့ခင် သူ့အကောင့်ကို အရင်ဝင်ကြည့်တာက သူတို့အပေါ် ကိုယ့်ရဲ့ အမြင်တမျိုးခံစားနေရပြီး တကယ့်အပြင်မှာတွေ့တဲ့အခါ စိတ်ကူးထဲကနဲ့ မတူရင် စိတ်ပျက်တတ်တယ်လို့ ဆိုပါတယ်။ သို့သော်လည်း လူတိုင်းက ဝင်ကြည့်တတ်တယ်ဆိုတာကို သိတာကြောင့် သင့်အနေနဲ့ Date ဖို့ အကြံရှိတယ်ဆိုရင် ကိုယ့်ရဲ့ဆိုးဝါးတဲ့ပုံတွေကို အရင်ဖျက်ဖို့ အကြံပြုထားပါတယ်။
အင်တာနက်ကနေ အလုပ်လျှောက်တဲ့အခါ၊ ချစ်သူရှာတဲ့အခါ သင့်ရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကိုကြည့်ပြီး သူစိမ်းတွေ အထင်သေးသွားတာမျိုးမဖြစ်သင့်ပါဘူးလို့ Keplan က ဆိုပါတယ်။
ဆိုလိုတာက သင့်ရဲ့မူးရူးနေတဲ့ပုံ၊ မလုံ့တလုံဓာတ်ပုံ၊ ယောကျ်ားတယောက်နဲ့ နမ်းရှုပ်နေတဲ့ပုံမျိုး စသည်ဖြင့် သူစိမ်း တယောက်ကို မမြင်စေချင်တဲ့ပုံတွေကို ဖျက်ထားခိုင်းတာပါ။ ဒါပေမဲ့ သင့်ရဲ့ ဆိုးရွားတဲ့ပုံတွေ အကုန်လုံးကော ဖျက်ဖို့ လိုအပ်သလား။ သူစိမ်းတွေအထင်သေးမှာစိုးတာကြောင့် ဟန်ဆောင်တဲ့ ပုံတွေချည်းပဲ တင်ရမယ်တော့ မဆိုလိုပါဘူး။
သင့်အနေနဲ့ မကောင်းဘူး၊ ကိုယ်လည်း တကယ်သဘောမကျဘူးလို့ ခံစားရတဲ့ပုံမျိုးတွေကိုသာ ဖျက်ဖို့ Keplan က ပြောတာပါ။ သူများတွေဆေးထိုးထားတဲ့ သင့်ရဲ့ရုပ်ဆိုးဆိုးပုံမှာ ပျော်စရာ အမှတ်တရတွေ အများကြီးရှိနေတယ် ဆိုရင်တော့ သိမ်းထားနိုင်ပါတယ်။
Date ပြီးတဲ့နောက်မှာ သင့်ရဲ့လက်တွဲဖော်က တကယ်ချစ်တယ်ဆိုရင် သင်ဘယ်လိုလူမျိုးဖြစ်ဖြစ် လက်ခံရမှာဖြစ်ပါတယ်။ ဒါဆိုရင် သင်ဘယ်သူဆိုတာ ဖော်ပြနေတဲ့ပုံအစစ်အမှန်တွေကို ဖျက်ပစ်ဖို့ မလိုပါဘူး။ အရမ်းဆိုးရွားနေပြီး သင့်ကို အထင်အမြင် လွဲစေနိုင်တဲ့ပုံမျိုးတွေကိုသာ အကောင့်ကနေ ဖယ်ထားဖို့ လိုအပ်ပါတယ်။
Ref ; refinery29.com